ပထမဆုံးအနေနဲ့ Microsoft ကို ဈေးကွက်တန်ဖိုးမှာ ကျော်တက်သွားတဲ့ Amazon







Ref : CNBC

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Amazon ကုမ္ပဏီဟာ အခုအချိန်မှာ နည်းပညာကုမ္ပဏီဘီလူးကြီးဖြစ်တဲ့ Microsoft ကို ကျော်တက်သွားခဲ့ပါပြီ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစတင်ပြီးတော့ Amazon ကုမ္ပဏီရဲ့ ဈေးကွက်ရှယ်ယာတွေက အမြင့်ဆုံးဖြစ်လာခဲ့ပြီး စုစုပေါင်းတန်ကြေးအနေနဲ့ ဒေါ်လာ ၇၀၂.၅ ဘီလီယံရှိလာပြီးတော့ ပထမဆုံးအနေနဲ့ Microsoft ရဲ့ တန်ဖိုးဖြစ်တဲ့ ဒေါ်လာ ၆၉၉.၂ ဘီလီယံကိုကျော်တက်သွားခဲ့ပါပြီ။

လက်ရှိအချိန်မှာ Apple ရဲ့ Google Alphabet ကုမ္ပဏီတွေ ၂ ခုပဲ Amazon ရဲ့ အရှေ့မှာရှိနေတော့ပြီး Microsoft က စတုတ္ထနေရာကို ကျဆင်းသွားတာပဲဖြစ်ပါတယ်။ Microsoft အနောက်မှာတော့ တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent နဲ့ Facebook တွေရှိနေတာပဲဖြစ်ပါတယ်။

အခုလိုမျိုး Amazon က Microsoft ကို ကျော်တက်သွားတာဟာ Microsoft က အောက်ကို ကျဆင်းသွားတာကြောင့်မဟုတ်ပဲနဲ့ Microsoft က ၁.၆ ရာခိုင်နှုန်းတိုးတက်လာတဲ့အချိန်မှာ Amazon က ၂.၆ ရာခိုင်နှုန်းအထိ တိုးတက်လာတာကြောင့်ပဲဖြစ်ပါတယ်။

Amazon ဟာ ယခုနှစ်ပိုင်းတွေမှာ ယခင်ထက်အောင်မြင်မှုတွေကို ရရှိလာတာဖြစ်ပြီး Amazon CEO ဖြစ်တဲ့ Jeff Bezos ဟာလည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပြီပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခင်က Microsoft Co-Founder Bill Gates ကို ကျော်နိုင်ခဲ့ပြီး အခုအချိန်မှာ ကုမ္ပဏီချင်းအနေနဲ့ပါ ကျော်တက်သွားတာပဲဖြစ်ပါတယ်။

Amazon ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Online Store တစ်ခုဆိုတာထက်အများကြီးပိုနေပြီဖြစ်ပြီးတော့ Amazon Smart Speaker တွေဖြစ်တဲ့ Amazon Echo ၊ AI နည်းပညာတစ်ခုဖြစ်တဲ့ Amazon Alexa စတဲ့အရာတွေမှာလည်း အောင်မြင်နေပြီးတော့ အချိန်ခဏအတွင်း Google ရဲ့ Alphabet ကုမ္ပဏီကိုတောင် ကျော်နိုင်လောက်တယ်လို့ ဟောကိန်းထုတ်နေကြပါတယ်။