


 

Unicode Version

Amazon ရဲ့ CEO ဖြစ်တဲ့ Jeff Bezos ဟာ Bloomberg ရဲ့ ဘီလျံနာညွှန်းကိန်းအရ သူဌေးကြီးတွေ ဖြစ်တဲ့ Amancio Ortega နဲ့ Warren Buffett တွေကို ဖြတ်ကျော်ပြီး အခုအခါမှာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးနေရာကို ရောက်ရှိလာပါပြီ။
Amazon ရဲ့ Stock ဈေးနှုန်းဟာ ပြီးခဲတဲ့ ၁၂ လအတွင်းမှာ ၅၀ ရာခိုင်နှုန်းလောက် ထောင်တက်သွားခဲ့ခြင်းဟာ ရှယ်ယာရှင်လည်း ဖြစ်၊ တည်ထောင်သူလည်း ဖြစ်တဲ့ Jeff Bezos ရဲ့ အသားတင်ပိုင်ဆိုင်မှုကို ကိန်းဂဏန်းတွေ အများကြီးပေါင်းထည့်သွားစေတာ ဖြစ်ပါတယ်။ လက်ရှိ သူ့ရဲ့ ပိုင်ဆိုင်မှုဟာ Bloomberg ရဲ့ ဖော်ပြမှုအရ $ 75.6 ဘီလီယံပိုင်ဆိုင်နေပြီး Berkshire Hathaway ရဲ့ CEO သူဌေးကြီး Warren Buffet ရဲ့ ပိုင်ဆိုင်မှု $ 75.5 ဘီလီယံနဲ့ Inditex Fashion Group၊ Chairman Amancio Ortega ရဲ့ $ 74.1 ဘီလီယံ တို့ကို ကျော်ဖြတ်သွားခဲ့တာ ဖြစ်ပါတယ်။
Bill Gates ကတော့ စုစုပေါင်းပိုင်ဆိုင်မှု $ 86 ဘီလီယံ ပိုင်ဆိုင်နေပြီး ကမ္ဘာ့အချမ်းသာဆုံး လူသားအဖြစ် ရှိနေဆဲပါပဲ။လေ့လာသုံးသပ်သူတစ်ယောက်ကတော့ Amazon Company ဟာ သိပ်မကြာတဲ့ အချိန်အတောအတွင်းမှာပဲ $ 1 Trillion လောက် တန်ကြေးရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

 

Yoe Lu (Akhayar)

www.akhayar.com

Ref : Business Insider

Photo : Business Insider