[Zawgyi]

Premier League ပြဲစဥ္ (၂ဝ) ကုိ တုိက္ရုိ္က္ထုတ္လႊင့္ခြင့္ရရွိသြားတဲ့ Amazon

ကမၻာေက်ာ္နည္းပညာကုမၸဏီႀကီး Amazon Inc ဟာ Premier League ပြဲစဥ္ေတြကုိ တုိက္ရုိက္ထုတ္လႊင့္ခြင့္ရရွိသြားပါတယ္။ ဒီဇင္ဘာလလယ္နဲ႔ ဒီဇင္ဘာ (၂၆) ရက္ေန႔ ဝန္းက်င္မွာ ယွဥ္ၿပိဳင္မယ့္ ပြဲစဥ္ (၂ဝ) ကုိ ရုပ္သံမူပုိင္ခြင့္ ဝယ္ယူခဲ့တာျဖစ္ပါတယ္။ ေငြေၾကးအတိအက်ကုိေတာ့ ႏွစ္ဖက္စလုံးက တရားဝင္မေၾကညာခဲ့ေပမယ့္ ၂ဝ၁၉ – ၂ဝ၂ဝ ေဘာလုံးရာသီကေန ၂ဝ၂၁ – ၂ဝ၂၂ ေဘာလုံးရာသီအထိ (၃) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိခဲ့တယ္လုိ႔ သိရပါတယ္။

Manchester City

Manchester City

Amazon အေနနဲ႔ Premier League ပြဲစဥ္ေတြကုိ တုိက္ရုိက္ထုတ္လႊင့္ျပသခြင့္ရရွိေစဖုိ႔ အခုလုိမူပုိင္ခြင့္ဝယ္ယူလုိက္တာက (၁၂၈) ပြဲ ဝယ္ယူထားတဲ့ Sky Sports နဲ႔ (၅၂) ပြဲဝယ္ယူထားတဲ့ BT Sport တုိ႔လုိ အားကစားမီဒီယာႀကီးေတြကုိ ဖိအားသက္ေရာက္ေစတာ အမွန္ပါပဲ။ Amazon Prime အသုံးျပဳသူေတြအေနနဲ႔ Premier League ပြဲစဥ္ေတြကုိ တုိက္ရုိက္ၾကည့္ရႈခြင့္ရရွိရုံတင္မကဘဲ Highlight ပြဲစဥ္ေတြကုိ ခံစားရမွာျဖစ္ၿပီး ဒီအတြက္ အခေၾကးေငြထပ္ေပးစရာ မလုိပါဘူး။

Richard Scudamore

Richard Scudamore

တစ္ႏွစ္ ၇၉ ေပါင္ (တစ္လ ၇.၉၉ ေပါင္) နဲ႔ Amazon Prime Member ေၾကးသြင္းထားရုံနဲ႔ ပြဲစဥ္ေတြကုိ ၾကည့္ရႈခြင့္ရမွာျဖစ္ပါတယ္။ Amazon ဟာ ၂ဝ၁၇ခုႏွစ္ ႏုိဝင္ဘာလတုန္းကလည္း မန္းစီးတီးအသင္းရဲ႕ ကစားပြဲေတြေနာက္ကြယ္က အသင္းနဲ႔သက္ဆိုင္တဲ့ Documentary Series ရုိက္ကူးဖုိ႔ ေပါင္ (၁ဝ) သန္းနဲ႔ ေလလံေအာင္ဖူးပါတယ္။ Premier League ရဲ႕ Executive Chairman ျဖစ္တဲ့ Richard Scudamore ကေတာ့ “Premier League ပရိသတ္ေတြ အားပါးတရၾကည့္ရႈခြင့္ရေစဖုိ႔ Amazon အေနနဲ႔ ဝန္ေဆာင္မႈေတြ အေကာင္းဆုံးေပးႏုိင္မယ္လုိ႔ ယုံၾကည္ပါတယ္။ Sky Sports နဲ႔ BT Sport အျပင္ Amazon လုိ ပါတနာအသစ္နဲ႔ လက္တြဲလုပ္ခြင့္ရလုိ႔ ဂုဏ္ယူမိပါတယ္” လုိ႔ ဆုိသြားပါတယ္။

Photo Credit – Manchester City ၊ Premier League

အခရာ

www.akhayar.com 

[Unicode]

Premier League ပွဲစဉ် (၂ဝ) ကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ရရှိသွားတဲ့ Amazon

ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီး Amazon Inc ဟာ Premier League ပွဲစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ရရှိသွားပါတယ်။ ဒီဇင်ဘာလလယ်နဲ့ ဒီဇင်ဘာ (၂၆) ရက်နေ့ ဝန်းကျင်မှာ ယှဉ်ပြိုင်မယ့် ပွဲစဉ် (၂ဝ) ကို ရုပ်သံမူပိုင်ခွင့် ဝယ်ယူခဲ့တာဖြစ်ပါတယ်။ ငွေကြေးအတိအကျကိုတော့ နှစ်ဖက်စလုံးက တရားဝင်မကြေညာခဲ့ပေမယ့် ၂ဝ၁၉ – ၂ဝ၂ဝ ဘောလုံးရာသီကနေ ၂ဝ၂၁ – ၂ဝ၂၂ ဘောလုံးရာသီအထိ (၃) နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

Manchester City

Manchester City

Amazon အနေနဲ့ Premier League ပွဲစဉ်တွေကို တိုက်ရိုက်ထုတ်လွှင့်ပြသခွင့်ရရှိစေဖို့ အခုလိုမူပိုင်ခွင့်ဝယ်ယူလိုက်တာက (၁၂၈) ပွဲ ဝယ်ယူထားတဲ့ Sky Sports နဲ့ (၅၂) ပွဲဝယ်ယူထားတဲ့ BT Sport တို့လို အားကစားမီဒီယာကြီးတွေကို ဖိအားသက်ရောက်စေတာ အမှန်ပါပဲ။ Amazon Prime အသုံးပြုသူတွေအနေနဲ့ Premier League ပွဲစဉ်တွေကို တိုက်ရိုက်ကြည့်ရှုခွင့်ရရှိရုံတင်မကဘဲ Highlight ပွဲစဉ်တွေကို ခံစားရမှာဖြစ်ပြီး ဒီအတွက် အခကြေးငွေထပ်ပေးစရာ မလိုပါဘူး။

Richard Scudamore

Richard Scudamore

တစ်နှစ် ၇၉ ပေါင် (တစ်လ ၇.၉၉ ပေါင်) နဲ့ Amazon Prime Member ကြေးသွင်းထားရုံနဲ့ ပွဲစဉ်တွေကို ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။ Amazon ဟာ ၂ဝ၁၇ခုနှစ် နိုဝင်ဘာလတုန်းကလည်း မန်းစီးတီးအသင်းရဲ့ ကစားပွဲတွေနောက်ကွယ်က အသင်းနဲ့သက်ဆိုင်တဲ့ Documentary Series ရိုက်ကူးဖို့ ပေါင် (၁ဝ) သန်းနဲ့ လေလံအောင်ဖူးပါတယ်။ Premier League ရဲ့ Executive Chairman ဖြစ်တဲ့ Richard Scudamore ကတော့ “Premier League ပရိသတ်တွေ အားပါးတရကြည့်ရှုခွင့်ရစေဖို့ Amazon အနေနဲ့ ဝန်ဆောင်မှုတွေ အကောင်းဆုံးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ Sky Sports နဲ့ BT Sport အပြင် Amazon လို ပါတနာအသစ်နဲ့ လက်တွဲလုပ်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်” လို့ ဆိုသွားပါတယ်။

Photo Credit – Manchester City ၊ Premier League

အခရာ

www.akhayar.com