[Zawgyi]

ၿဗိတိန္နဲ႔ အေမရိကန္ႏုိင္ငံက ဝန္ထမ္းေတြအတြက္ အေျခခံလုပ္ခကုိ တုိးျမွင့္ေပးလုိက္တဲ့ Amazon

ကမၻာေက်ာ္ E-commerce လုပ္ငန္းစုျဖစ္တဲ့ Amazon ဟာ ကုမၸဏီမွာ အလုပ္လုပ္ေနၾကတဲ့ အေမရိကန္ႏုိင္ငံသားေတြကုိ တစ္နာရီလုပ္ခ ၁၅ေဒၚလာ (၁၁.၅၇ ေပါင္) အထိ တုိးျမွင့္ေပးလုိက္ပါတယ္။ အေျခခံလုပ္ခဟာ ႏုိဝင္ဘာလ (၁) ရက္ေန႔မွာ စတင္မွာျဖစ္ၿပီး အခ်ိန္ျပည့္ဝန္ထမ္း၊ အခ်ိန္ပုိင္းဝန္ထမ္းနဲ႔ ယာယီဝန္ထမ္းေတြအတြက္ ျဖစ္ပါတယ္။ Amazon ကုမၸဏီမွာ အလုပ္လုပ္ေနတဲ့ အေမရိကန္ႏုိင္ငံသား (၃၅ဝ,ဝဝဝ) ေက်ာ္အတြက္ လက္ဖ်ားေငြသီးၿပီလုိ႔ ဆုိႏုိင္ပါတယ္။ အေမရိကန္ႏုိင္ငံရဲ႕ တစ္နာရီလုပ္ခကုိ ၇.၂၅ ေဒၚလာသာ ဖက္ဒရယ္အစုိးရက သက္မွတ္ထားၿပီး Amazon ဝန္ထမ္းေတြကုိ အခုလုိလုပ္ခတုိးျမွင့္ေပးလုိက္တာက တစ္ႏုိင္ငံလုံးရဲ႕အေျခခံလုပ္ခကို အစုိးရအေနနဲ႔ တုိးျမွင့္ခ်ိန္ေရာက္ၿပီလုိ႔ ေခါင္းေလာင္းထုိးလုိက္သလုိပါပဲ။

ဒါ့အျပင္ ၿဗိတိန္ႏုိင္ငံမွာရွိတဲ့ Amazon ဝန္ထမ္း (၄ဝ,ဝဝဝ) ေက်ာ္ကုိလည္း အေျခခံလုပ္ခေတြကုိ တုိးျမွင့္ေပးခဲ့ပါတယ္။ လန္ဒန္ၿမိဳ႕ မွာရွိတဲ့ Amazon ဝန္ထမ္းေတြအတြက္ တစ္နာရီလုပ္ခ ၁ဝ.၅ ေပါင္ သက္မွတ္ထားၿပီး တျခားေဒသမွာရွိတဲ့ဝန္ထမ္းေတြအတြက္ ၉.၅ ေပါင္အျဖစ္ သက္မွတ္ေပးခဲ့ပါတယ္။ အခုလုိ တုိးျမွင့္ေပးလုိက္တာက Amazon မွာ အလုပ္လုပ္ေနၾကတဲ့ ၿဗိတိန္ႏုိင္ငံသား အခ်ိန္ျပည့္ဝန္ထန္း၊ အခ်ိန္ပုိင္းဝန္ထမ္းနဲ႔ ယာယီဝန္ထမ္းေတြအားလုံး အက်ံဳးဝင္ၿပီး ႏုိဝင္ဘာလ (၁) ရက္ေန႔မွာ သက္ေရာက္မွာျဖစ္ပါတယ္။ ၿဗိတိန္ႏုိင္ငံရဲ႕ တစ္နာရီလုပ္အားခဟာ ၇.၈၃ ေပါင္အျဖစ္ အာဏာပုိင္ေတြက သက္မွတ္ထားၿပီး Amazon ဝန္ထမ္းေတြဟာ အစုိးရသက္မွတ္ထားတဲ့ အေျခခံလုပ္ခရဲ႕  (၂၁) ရာခုိင္ႏႈန္းအထိ ပုိမ်ားတယ္လုိ႔ သတ္မွတ္ႏုိင္ပါတယ္။

“ကြ်န္ေတာ္တုိ႔ အခုလုိလုပ္အားခ တုိးေပးလုိက္တဲ့အတြက္ ဝန္ထမ္းေတြအေနနဲ႔ လူမႈဘဝမွာ ပုိအဆင္ေျပလာၿပီး ၿပိဳင္ဘက္ကုမၸဏီက ဝန္ထမ္းေတြေတာင္ Amazon ကုိ ေျပာင္းခ်င္လာေအာင္ ဖိအားေပးႏုိင္မယ္လုိ႔ ယုံၾကည္ပါတယ္” လုိ႔ Amazon ရဲ႕ CEO ျဖစ္တဲ့ ကမၻာ့အခ်မ္းသာဆုံးသူေဌးႀကီး Jeff Bezos ကုိ ဆုိပါတယ္။ Jeff Bezos ဟာ Amazon ကုမၸဏီရဲ႕  (၁၆.၉) ရာခုိင္ႏႈန္းအထိ ပုိင္ဆုိင္ၿပီး အသားတင္ၾကြယ္ဝမွႈ ေဒၚလာ ၁၆၁.၇ ဘီလီယံရွိတယ္လုိ႔ Forbes မဂၢဇင္းအရ သိရပါတယ္။

Amazon မွာ အလုပ္လုပ္ေနတဲ့ ၿဗိတိန္ႏုိင္ငံသားေတြဟာ အရင္တုန္းက တစ္နာရီလုပ္ခ ၈ေပါင္သာရရွိၿပီး အခုလုိတုိးျမွင့္လုိက္တာက လန္ဒန္ၿမိဳ႕မွာ အလုပ္လုပ္ေနတဲ့ Amazon ဝန္ထမ္းေတြအတြက္ (၂၈) ရာခုိင္ႏႈန္းတုိးလာၿပီး တျခားေဒသမွာရွိတဲ့ ဝန္ထမ္းေတြအတြက္ (၁၈) ရာခုိင္ႏႈန္း တုိးေပးလုိက္တာျဖစ္ပါတယ္။ Amazon မွာ အလုပ္လုပ္ေနတဲ့ အေမရိကန္ႏုိင္ငံသားေတြဟာ တစ္နာရီလုပ္ခ ၁၁ ေဒၚလာသာ ရရွိၿပီး ၁၅ ေဒၚလာအထိ တုိးေပးလုိက္တာက (၃၆) ရာခုိင္ႏႈန္းအထိ တက္လာတဲ့သေဘာပဲျဖစ္ပါတယ္။ Amazon ကုမၸဏီမွာ တစ္ေန႔အလုပ္ခ်ိန္ ၈နာရီ သက္မွတ္ထားမယ္ဆုိရင္ေတာင္ အေမရိကန္ႏုိင္ငံသားေတြဟာ တစ္ေန႔လုပ္ခ ၁၂ဝ ေဒၚလာ (၁၈၄,၂၇၈ က်ပ္) ရရွိမွာျဖစ္ပါတယ္။ Amazon မွာ အလုပ္လုပ္ေနတဲ့ အေမရိကန္အလုပ္သမားေတြရဲ႕ တစ္ေန႔လုပ္အားခဟာ ျမန္မာေငြ တစ္သိန္းရွစ္ေသာင္းေက်ာ္ရရွိေနၿပီး ျမန္မာႏုိင္ငံရဲ႕ အေျခခံလစာ တစ္သိန္းေလးေသာင္းေလးေထာင္ထက္ ပုိမ်ားေနတာ အမွန္ပါပဲ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဗြိတိန်နဲ့ အမေရိကန်နိုင်ငံက ဝန်ထမ်းတွေအတွက် အခြေခံလုပ်ခကို တိုးမြှင့်ပေးလိုက်တဲ့ Amazon

ကမ္ဘာကျော် E-commerce လုပ်ငန်းစုဖြစ်တဲ့ Amazon ဟာ ကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့ အမေရိကန်နိုင်ငံသားတွေကို တစ်နာရီလုပ်ခ ၁၅ဒေါ်လာ (၁၁.၅၇ ပေါင်) အထိ တိုးမြှင့်ပေးလိုက်ပါတယ်။ အခြေခံလုပ်ခဟာ နိုဝင်ဘာလ (၁) ရက်နေ့မှာ စတင်မှာဖြစ်ပြီး အချိန်ပြည့်ဝန်ထမ်း၊ အချိန်ပိုင်းဝန်ထမ်းနဲ့ ယာယီဝန်ထမ်းတွေအတွက် ဖြစ်ပါတယ်။ Amazon ကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသား (၃၅ဝ,ဝဝဝ) ကျော်အတွက် လက်ဖျားငွေသီးပြီလို့ ဆိုနိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ တစ်နာရီလုပ်ခကို ၇.၂၅ ဒေါ်လာသာ ဖက်ဒရယ်အစိုးရက သက်မှတ်ထားပြီး Amazon ဝန်ထမ်းတွေကို အခုလိုလုပ်ခတိုးမြှင့်ပေးလိုက်တာက တစ်နိုင်ငံလုံးရဲ့အခြေခံလုပ်ခကို အစိုးရအနေနဲ့ တိုးမြှင့်ချိန်ရောက်ပြီလို့ ခေါင်းလောင်းထိုးလိုက်သလိုပါပဲ။

ဒါ့အပြင် ဗြိတိန်နိုင်ငံမှာရှိတဲ့ Amazon ဝန်ထမ်း (၄ဝ,ဝဝဝ) ကျော်ကိုလည်း အခြေခံလုပ်ခတွေကို တိုးမြှင့်ပေးခဲ့ပါတယ်။ လန်ဒန်မြို့ မှာရှိတဲ့ Amazon ဝန်ထမ်းတွေအတွက် တစ်နာရီလုပ်ခ ၁ဝ.၅ ပေါင် သက်မှတ်ထားပြီး တခြားဒေသမှာရှိတဲ့ဝန်ထမ်းတွေအတွက် ၉.၅ ပေါင်အဖြစ် သက်မှတ်ပေးခဲ့ပါတယ်။ အခုလို တိုးမြှင့်ပေးလိုက်တာက Amazon မှာ အလုပ်လုပ်နေကြတဲ့ ဗြိတိန်နိုင်ငံသား အချိန်ပြည့်ဝန်ထန်း၊ အချိန်ပိုင်းဝန်ထမ်းနဲ့ ယာယီဝန်ထမ်းတွေအားလုံး အကျုံးဝင်ပြီး နိုဝင်ဘာလ (၁) ရက်နေ့မှာ သက်ရောက်မှာဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ တစ်နာရီလုပ်အားခဟာ ၇.၈၃ ပေါင်အဖြစ် အာဏာပိုင်တွေက သက်မှတ်ထားပြီး Amazon ဝန်ထမ်းတွေဟာ အစိုးရသက်မှတ်ထားတဲ့ အခြေခံလုပ်ခရဲ့  (၂၁) ရာခိုင်နှုန်းအထိ ပိုများတယ်လို့ သတ်မှတ်နိုင်ပါတယ်။

“ကျွန်တော်တို့ အခုလိုလုပ်အားခ တိုးပေးလိုက်တဲ့အတွက် ဝန်ထမ်းတွေအနေနဲ့ လူမှုဘဝမှာ ပိုအဆင်ပြေလာပြီး ပြိုင်ဘက်ကုမ္ပဏီက ဝန်ထမ်းတွေတောင် Amazon ကို ပြောင်းချင်လာအောင် ဖိအားပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ Amazon ရဲ့ CEO ဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး Jeff Bezos ကို ဆိုပါတယ်။ Jeff Bezos ဟာ Amazon ကုမ္ပဏီရဲ့  (၁၆.၉) ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ပြီး အသားတင်ကြွယ်ဝမှှု ဒေါ်လာ ၁၆၁.၇ ဘီလီယံရှိတယ်လို့ Forbes မဂ္ဂဇင်းအရ သိရပါတယ်။

Amazon မှာ အလုပ်လုပ်နေတဲ့ ဗြိတိန်နိုင်ငံသားတွေဟာ အရင်တုန်းက တစ်နာရီလုပ်ခ ၈ပေါင်သာရရှိပြီး အခုလိုတိုးမြှင့်လိုက်တာက လန်ဒန်မြို့မှာ အလုပ်လုပ်နေတဲ့ Amazon ဝန်ထမ်းတွေအတွက် (၂၈) ရာခိုင်နှုန်းတိုးလာပြီး တခြားဒေသမှာရှိတဲ့ ဝန်ထမ်းတွေအတွက် (၁၈) ရာခိုင်နှုန်း တိုးပေးလိုက်တာဖြစ်ပါတယ်။ Amazon မှာ အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံသားတွေဟာ တစ်နာရီလုပ်ခ ၁၁ ဒေါ်လာသာ ရရှိပြီး ၁၅ ဒေါ်လာအထိ တိုးပေးလိုက်တာက (၃၆) ရာခိုင်နှုန်းအထိ တက်လာတဲ့သဘောပဲဖြစ်ပါတယ်။ Amazon ကုမ္ပဏီမှာ တစ်နေ့အလုပ်ချိန် ၈နာရီ သက်မှတ်ထားမယ်ဆိုရင်တောင် အမေရိကန်နိုင်ငံသားတွေဟာ တစ်နေ့လုပ်ခ ၁၂ဝ ဒေါ်လာ (၁၈၄,၂၇၈ ကျပ်) ရရှိမှာဖြစ်ပါတယ်။ Amazon မှာ အလုပ်လုပ်နေတဲ့ အမေရိကန်အလုပ်သမားတွေရဲ့ တစ်နေ့လုပ်အားခဟာ မြန်မာငွေ တစ်သိန်းရှစ်သောင်းကျော်ရရှိနေပြီး မြန်မာနိုင်ငံရဲ့ အခြေခံလစာ တစ်သိန်းလေးသောင်းလေးထောင်ထက် ပိုများနေတာ အမှန်ပါပဲ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com