[Zawgyi]
(၂) ပန်းသီး
(၃) သရက်သီး
(၄) လိမ္မော်သီး
(၅) ရှောက်သီး
Stella (Akhayar)
www.Akhyar.com
[Unicode]
ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက်ပေးနိုင်တဲ့ အသီးအနှံများ
လူတွေရဲ့  နေ့စဉ်စားသုံးနေတဲ့  အစားအစာထဲမှာ အသီးအနှံတွေကလည်း  မပါမဖြစ်ပါဝင်နေပေမယ့် ဘယ်အသီးအနှံတွေက ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်လဲဆိုတာကိုတော့ လူသိနည်းကြပါတယ်။ လူသားတိုင်းကို ခြိမ်းခြောက်နေတဲ့ ရောဂါထဲမှာ ကင်ဆာရောဂါကလည်း တစ်ခုအပါအဝင်မို့  မဖြစ်ခင်ထဲက အသီးအနှံတွေစားရင်း ကြိုတင်ကာကွယ်လို့ရပါတယ်။ အခုဖော်ပြပေးမယ့် အသီးအနှံတွေစားရင်တော့ အသက်ရှည်ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ရပြီး ကင်ဆာကိုလည်း တစ်ချက်ခုတ် နှစ်ချက်ပြတ် ကာကွယ်နိုင်မှာပါ။
(၁) မက်မွန်သီး နဲ့ ဇီးသီး
လေ့လာမှုတွေအရ မက်မွန်သီးနဲ့ ဇီးသီး ဟာ ရင်သားကင်ဆာဆဲလ်တွေကိုပါ သေစေနိုင်တယ်လို့ သိရပါတယ်။ သစ်သီးတွေထဲမှာ Phenolic ဒြပ်ပေါင်းတွေ ပါဝင်နေတာမို့ အဆိပ်တောက်ဖြစ်စေတဲ့ ဆဲလ်တွေကိုသာ ကင်ဆာဆဲလ် တွေကိုပါ သေစေနိုင်တာပါ။
(၂) ပန်းသီး
ကျန်းမာရေးအတွက် အတော်လေးအစွမ်းထက်တဲ့ သစ်သီးထဲမှာ ပန်းသီးလည်း ပါဝင်နေတာမို့ ပန်းသီးကြိုက်တတ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ပန်းသီးဟာ နှလုံးရောဂါကို တိုက်ဖျက်ပေးတဲ့ အာဟာရဓာတ်တွေပါဝင်နေသလို ကင်ဆာဆဲလ်တွေကြီးထွားနှုန်းကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။ တစ်နေ့ တစ်လုံး ပုံမှန်စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မှာပါ။
(၃) သရက်သီး
လေ့လာမှုအသစ်တစ်ခုအရ သရက်သီး ဟာ အူမကြီးကင်ဆာ နဲ့ ရင်သားကင်ဆာ ကို ကာကွယ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ မြန်မာပြည်မှာလည်းသရက်သီးစားသုံးသူတွေ တော်တော်များတာမို့ သရက်သီးမကြိုက်တဲ့သူက ရှားမယ်လို့ ထင်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ သရက်သီးမကြိုက်တဲ့သူတောင် စားပေးသင့်ပါတယ်။
(၄) လိမ္မော်သီး
လူတိုင်းနီးပါးက လိမ္မော်သီး အစားများတဲ့အတွက် ကင်ဆာအတွက် ကာကွယ်ပေးပြီးသားဖြစ်နေပါပြီ။ လိမ္မော်သီး ဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ပြီး ကင်ဆာပျံ့ပွားမှုနှုန်းကို (၅၀) ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
(၅) ရှောက်သီး
ရှောက်သီးမှာ ပါတဲ့ အရည်တစ်မျိုးဟာ အစာအိမ် ကင်ဆာ ၊ ခံတွင်းကင်ဆာ နဲ့ လည်ချောင်းကင်ဆာ တို့ကို (၅၀)ရာခိုင်နှုန်းလျှော့ချအောင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့ပြင် ရှောက်ရည် ကို နေ့စဉ်သောက်သုံးပေးပြီး ဝိတ်ချလို့ရသေးတာမို့ အတော်များများကတေ့ာ ဒီနည်းနဲ့ပဲ ဝိတ်ချလေ့ရှိကြပါတယ်။
ကီဝီသီး ၊ ခရမ်းချင်သီး ၊ဘယ်ရီသီး နဲ့ ဖရဲသီး တွေကလည်း ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ အသီးအနှံတွေဖြစ်တဲ့အတွက် ပရိသတ်ကြီးမဖြစ်မနေ စားသုံးပေးသင့်ပါတယ်နော်။ ပရိသတ်တွေအားလုံး ရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
Stella (Akhayar)
www.Akhyar.com