မကြာခင် ပြတ်တုန်းလပ်တုန်း (၂၃) ဆိုတဲ့ ဝမ်းနည်းစရာနေ့ရက်တွေကို ရောက်လာတော့မယ်ဆိုတော့ သူငယ်ချင်းတွေနဲ့ Date ချင်လို့ ဘယ်သွားရမှန်းမသိရင် အခရာကနေ ဈေးသက်သာပြီး စားလို့လည်းကောင်းတဲ့ Restaurant လေးတစ်ခု ကို ပြောပြပေးမှာပေါ့။

ဆိုင်လေးက Shwe Eain Thit Restaurant & Bar တဲ့။ ဒီဆိုင်လေးက အပြင်အဆင်ပိုင်းတော့ ကိုယ့်အထင် နည်းနည်းလေး ရှေးကျတယ်။ ဒါပေမယ့် ဆိုင်လေးကတော့ ချစ်ဖို့ကောင်းတဲ့အထဲမှာပါပါတယ်။

ဒီဆိုင်မှာကိုယ်အကြိုက်ဆုံး Menu တွေဟာဆိုရင်တော့ဖြင့် Budget သမားတွေ စွန်းပျော်စေမယ့် Menu လေးတွေပါ။ တစ်ခုက Shwe Eain Thit ရဲ့ Signature Fried Rice ပါပဲ။ သူကတော့ အသား ငါးမျိုး နဲ့ ထမင်းကြော်။ ယွန်းကလပ်အကြီးကြီးနဲ့ကို ထည့်လာတာ။ အရသာကလည်း စားလို့ကောင်းတယ်။ ဝက်သားကင်တွေရော ငါးဖယ်ကြော်တွေကအစပါတာ။ ဒါတောင် ပွဲသေးတဲ့။ ပွဲသေးတောင် သုံးလေးယောက်လောက် စားလို့ရတော့ အဆင်ကိုပြေနေရော။ တစ်ပွဲမှ လေးထောင်တဲ့။ သူငယ်ချင်း သုံးယောက်လောက်စား တစ်ယောက်မှ ၁၀၀၀ ဝန်းကျင်လောက်ပဲကျမှာ။ သူတို့ပေးထားတဲ့ အချဉ်လေးနဲ့ တွဲစားလို့ကောင်းပါတယ်။

နောက်တစ်ခုကတော့ အာလူးကြက်ဥမွကြော် ယမကာလေးနဲ့ မြည်းလို့စွန်းကောင်းတဲ့ ဟင်းပွဲလေး။ အာလူးကို ကြာဇံလေးတွေလောက်မျှင်းထားပြီးတော့ ကြက်ဥလေးနဲ့ရောကြော်ထားတာ ကိုယ်တော့ တကယ်ကြိုက်တယ်။ ဒါလေးလည်း တစ်ပွဲမှ ၂၅၀၀ ထဲရယ်။ ၃ ယောက်လောက်ကစ်လို့ရတယ်။

ဒီဆိုင်မှာ အကင်လေးတွေလည်း ဈေးသက်သာတယ်။ တစ်ချောင်းကို ၃၀၀ ၄၀၀ တန်လောက်နဲ့ အရသာ ကောင်းကောင်းရတယ်။ Drink တွေလည်းရတော့ ပေါ့ပေါ့ပါးပါးသူငယ်ချင်းတွေ စုံရင်လည်း အဆင်ပြေမယ့် ဆိုင်လေးပါ။

ဆိုင်လေးကတော့ နည်းနည်းလေး အသံဆူတော့ အေးအေးဆေးဆေးတော့ Chill ဖို့ အဆင်ပြေလောက်မှာမဟုတ်ဘူး။ ကားပါကင်တော့ တော်တော်ကျယ်တယ်။ KTV နဲ့ပါတွဲဖွင့်ထားလို့ KTV သွားချင်လည်းရတယ်။ Mini Playground လေးလည်းထားပေးထားတယ်။

ဒီဆိုင်လေးကိုသွားချင်ရင် လိပ်စာလေးကတော့ အမှတ် (၆၇)၊ ပန်းလှိုင်လမ်း၊ ပန်းလှိုင်ဘူတာ အနီး၊ ကြည့်မြင်တိုင် မြို့နယ် မှာဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ 09 44321 1440 ပဲဖြစ်ပါတယ်ဗျ။

Lwin Moe Htyke ( Akhayar )