နေ့နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ ဒီခေတ်ကြီးထဲမှာ ထမင်းပြီးရင် လူတွေစားသုံးမှုနှုန်း အများဆုံးဖြစ်နေတာကတော့ ကျွန်တော်တို့ရဲ့အချစ်တော် ခေါက်ဆွဲခြောက်ထုတ်တွေပါပဲ။ ခေါက်ဆွဲခြောက်တွေက ဘာလို့ခေတ်စားလာကြလဲ။ ဘာလို့လူတွေကြိုက်ကြတာလဲလို့ ဆိုတဲ့အတွေးမျိုးတွေ ခေါင်းထဲဝင်လာတော့ ပရိသတ်ကြီးနဲ့ အတူတူ အဖြေရှာကြည့်ချင် လာတယ်။

Instant Noodle တွေကို ဘာလို့လူကြိုက်များတာလဲ

လွယ်တယ်မြန်တယ်အရသာရှိတယ်ပိုက်ဆံကုန်သက်သာတယ်ဗိုက်ပြည့်စေတယ်။ ဟုတ်တယ်မလား ? လွယ်လွယ်ကူကူဝယ်လို့ရတယ်။ ချက်ပြုတ်ရလည်းလွယ်ကူတယ်။ ချက်ပြုတ်ရတဲ့ အချိန်တွေ အများကြီးပေးနေ စရာမလိုဘူး။ ပစ္စည်းပစ္စယတွေ အများကြီးမလိုဘူး။ ရွေးချယ်စရာအရသာတွေ အမျိုးအစားတွေ စုံစုံလင်လင်ရှိတယ်။ Market တွေ ဈေးတွေ မှာဆို ၂၀၀ ကနေစပြီး သူ့အမျိုးအစားအလိုက် ဈေးတွေရှိကြပါတယ်။ ဒီလိုအကြောင်းကြောင်း တွေကြောင့်ပဲ Instant Noodle တွေဟာ အားလပ်ရက်မရှိတဲ့သူတွေချက်ပြုတ်ဖို့အတွက် အချိန်မပေးနိုင်တဲ့သူတွေ အတွက် အားထားနေရတဲ့ အစားအစာတစ်ခုဖြစ်လာခဲ့တယ်။ လူငယ်လူရွယ်တွေကြားထဲမှာလည်း အရမ်းကို ခေတ်စားနေတာ Instant Noodle တွေပါပဲ။ ဂိမ်းဆော့နေတဲ့ အချိန်မျိုး တွေ၊ Video ကြည့်တဲ့အချိန် တွေ၊ ညဉ့်နက်သန်းခေါင် ဘာစားရမလဲ မသိတဲ့အချိန် တွေဆို Instant Noodle တွေဟာ နတ်သုဒ္ဓါ ပဲ။

Instant Noodle တွေကို ဘယ်လိုအရသာမျိုးတွေထုတ်တာများလဲ

Instant Noodle တွေရဲ့ အရသာနဲ့ အမျိုးအစားတွေဟာ မူလဒေသထွက်အရသာမျိုးတွေကို အခြေခံကြတာများပါတယ်။ ဥပမာ ဂျပန်နိုင်ငံက Instant Noodle တွေက ဂျပန်ရိုးရာခေါက်ဆွဲပြုတ်တွေဖြစ်တဲ့ Ramen တို့ Soba တို့ကို အခြေခံပြီး ပြန်ထုတ်ထားတာပါ။ ကိုရီးယား ဆို Jajangmyeon လို့ခေါ်တဲ့ ပဲခေါက်ဆွဲ တွေ၊ အခုတလော ခေတ်စားနေတဲ့ Double Spicy လို စပ်ပြဲလန်ခေါက်ဆွဲ မျိုးတွေကို ထုတ်လုပ်ရောင်းချနေကြတယ်။ ထိုင်းဆို တုန်ယမ်း ပေါ့။ တရုတ်ဆိုရင် ဆီချက်ခေါက်ဆွဲ တွေ ထုတ်ကြတယ်။ မြန်မာနိုင်ငံမှာဆို မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဟင်းအရသာနဲ့ ခေါက်ဆွဲကို Fusion လုပ်ပြီး ထုတ်ကြတာပေါ့။ သူ့အရသာနဲ့ သူ့ချက်ပြုတ်ပုံနဲ့သူ ကွဲပြားခြားနားကြပါတယ်။

Instant Noodle နဲ့ ကျန်းမာရေးကရော

ဘယ်အရာမဆို “တန်ဆေး လွန်ဘေး” ဆိုတဲ့စကားပုံလည်း ရှိသေးတယ်မလား။ အမြဲတစေ စားနေတာမျိုးဆိုရင် ခေါက်ဆွဲခြောက်တွေမှာ ကာဗွန်ဟိုက်ဒရိတ်တွေ အရမ်းများလို့ အဝလွန်တာတွေ၊ ဆံပင်ကျွတ်တာမျိုးတွေအပြင် နောက်ဆုံး ကင်ဆာရောဂါအထိပါ ဖြစ်လာစေနိုင်ပါတယ်။ ကျန်းမာရေးထိခိုက်မှာလည်းကြောက်ရ၊ ခေါက်ဆွဲခြောက်တွေလည်း မစွန့်လွှတ်နိုင်ရင် ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမှာတုန်း။ ဖြေရှင်းဖို့နည်းလမ်းကတော့ လွယ်ပါတယ်။ ခေါက်ဆွဲခြောက်တွေ ပြုတ်စားမယ့်အချိန်တိုင်းမှာ အဆင့်မြှင့်ပြီး ကြိုက်နှစ်သက်တဲ့ အသီးအရွက် တွေ၊ အသားငါးပုစွန် တွေနဲ့ အရသာရှိရှိပြုတ်စားလို့ရပါတယ်နော်။ ဒါကြောင့် Instant Noodle ချည်းသပ်သပ် အမြဲတမ်းစားတာမျိုးမဟုတ်ဘဲ တစ်ရက်တစ်လေလောက်တော့ ကောင်းကောင်းလေး လုပ်စားတာမျိုးဆို ကျန်းမာရေး မထိခိုက်စေနိုင်ပါဘူးနော်။ ဒါဆိုရင်တော့ ကိုယ့်ကျန်းမာရေးအတွက်လည်း Safe ဖြစ်တာပေါ့။

Instant Noodle တွေကို ဘယ်လိုတွေ အရသာရှိရှိဖြစ်အောင်ဖန်တီးလို့ရလဲ

ငယ်ငယ်တုန်းကဆိုရင် ဂိမ်းဆိုင်တွေမှာ မှာစားတိုင်း အမြဲပါတာက ကြက်ဥပြုတ်လေးနဲ့ အသီးအရွက်လေးတွေ ပါတတ်တယ်လေ။ အဲ့ဒီလိုလေးတွေ တွဲစားကြတော့ စားလို့လည်းကောင်း အရမ်းကြီးလည်း အန္တရာယ်မဖြစ်စေဘူးပေါ့။ နောက်ထပ် အသား တွေ၊ အသားလုံး တွေနဲ့ တွဲစားရင် ပိုတောင်စားကောင်းလို့ စားပြီးရင်းစားချင်နေမှာပါ။ အခုဆို Cheese တွေ၊ Bacon တွေနဲ့ကို အဆင့်မြှင့်ပြီး စားနေလိုက်ကြတာများ Instant Noodle မှန်းတောင် မထင်ရလောက်အောင်ပါပဲနော်။ ကျွန်တော် စားနေကျပုံစံလေးတွေ ပြောပြရရင်တော့ တုန်ယမ်းခေါက်ဆွဲမျိုး ဆိုရင် ပုဇွန်တွေထည့်၊ ပင်လယ်စာလေးတွေထည့် ပြီး အရသာရှိရှိစားဖြစ်တယ်။ ဆီချက်ခေါက်ဆွဲ ဆိုရင် အပေါ်ကနေေ ကြာ်ထားတဲ့  ကြက်သွန်ဖြူဆီချက်လေးဖြူး အိမ်က ပြုတ်ထားတဲ့ အသားလေး နုတ်နုတ်စင်းပြီး ထည့်လိုက်ရော။ ဘယ်လောက်ရိုးရှင်းလဲ။ ခေါက်ဆွဲထုပ် အပြင်က ပုံတွေမှာပြထားသလို စားချင်ရင်တော့ နည်းနည်းတော့ အကုန်အကျထပ်ခံမှရမယ်နော်။ ကြက်ပေါင်တုံးကြီး တွေ ပုဇွန်ထုပ်ကြီး တွေနဲ့ စားကြည့် လိုက်ရင်တော့ ရှယ်ပဲ။

Instant Noodle တွေကနေ တိုးတက်ပြောင်းလဲလာတာမျိုးတွေ ရှိလား

ရှိတာပေါ့။ အခုဆို ခေတ်ကြီးက အရမ်းတွေတိုးတက်နေတော့ အပြင်ဆိုင်တွေမှာ ဈေးကြီးပေးဝယ်စားနေရတဲ့ Pasta မျိုးတွေကို ကိုယ့်အိမ်မှာ အလွယ်တကူ ချက်ပြုတ်နိုင်အောင် ထုတ်လုပ်ရောင်းချကြတာတွေလည်း ရှိတယ်နော်။ ကိုရီးယားအစားအစာလည်းဟုတ်၊ Signature Dish လည်းဟုတ်၊ မြန်မာနိုင်ငံမှာလည်း နာမည်ကြီးတဲ့ တော့ပုကီ တွေကိုတောင် Instant ပုံစံမျိုး Freeze လုပ်ပြီး ရောင်းချပေးနေတာ။ ခုတော့ Market တွေမှာ နေရာယူနေတာက Pasta မှာဆို SAN REMOTopokki မှာဆိုရင်တော့ YOPOKKI တံဆိပ်တွေပါပဲ။

Instant Noodle တွေကို ဘယ်မှာတွေရနိုင်လဲ

Instant Noodle တွေကို ကုန်စုံဆိုင် တွေ၊ ၂၄ နာရီဆိုင် တွေ၊ City Mart တို့လို Market တွေမှာ လွယ်လွယ်ကူကူ စုံစုံလင်လင် ဝယ်ယူနိုင်ပါတယ်။ သာမန်ကုန်စုံဆိုင်မျိုးတွေမှာကျတော့ အမျိုးအမည်နည်းလွန်းတော့ စားချင်တာလေးတွေ လေ့လာပြီးမှ ကြိုက်တာမျိုးတွေရွေးဝယ်မယ်ဆို Market တွေက အစုံဆုံးဖြစ်မှာပါ။

 

အော် ဒါနဲ့ ပြောဖို့မေ့နေတာရှိသေးတယ် ခုဆို City Mart တွေတိုင်းမှာ Noodle & Pasta Fair ရှိတယ်တဲ့။ ဒါကတော့ Noodle အရမ်းကြိုက်တဲ့ ကိုယ်တွေလိုလူတွေအတွက်တော့ ကွက်တိပဲ။ ဇူလိုင် ၁၈ ကနေ ဇူလိုင် ၃၁ ရက်နေ့အထိ လို့တော့ ကြားမိတယ်။ ဒီပွဲလေးက Instant Noodle တွေ၊ Pasta တွေကို ဈေးသက်သက်သာသာနဲ့ ရောင်းချပေးမှာတဲ့။ ဒါကြောင့် Instant Noodle ကြိုက်တဲ့ အစားတစ်လိုင်းလေးတွေ သွားဝယ်လို့ရပြီပေါ့။ ဒါနဲ့ အခုပြောပြပေးခဲ့တာတွေက ကိုယ်သိသလောက်လေးတွေဆိုတော့ ကျန်ခဲ့တာတွေရှိကောင်းရှိနိုင်တယ်လေ။ ဒါကြောင့် ပရိသတ်ကြီးတို့ရော ဘာတွေသိထားသေးလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

Lwin Moe Htyke ( Akhayar )

www.akhayar.com