ဟိတ် ပရိသတ်ကြီး သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သာယာလမ်းထဲက ဆိုင်အသစ်လေး တစ်ခုကို သိပြီးပြီလား။ ဒီဆိုင်လေးကို ရောက်ကတည်းက ကိုယ် တခြားဆိုင်တွေကို ဒီဆိုင်လောက် အာရုံမရတော့တာအမှန်။ ကိုယ့်အတွက် စားလို့အရမ်း ကောင်းလို့ ဒီဆိုင်လေးကို နည်းနည်း ဥထားတော့မလို့ဘဲ ဒါပေမယ့် မနေနိုင်ပါဘူးဗျာ။ ပြောပြရတော့မှာပေါ့နော်။

ဆိုင်လေးရဲ့နာမည်က Da Hideout တဲ့။ တကယ်ကို မိုးအေးအေးလေးမှာ ခိုလှုံလို့ ကောင်းတဲ့ နေရာလေးလို့ ကိုယ်ထင် တယ်။ တစ်နေ့ တစ်နေ့ ရုံးတက်ရ၊ ကျောင်းတက်ရနဲ့ အားလပ်ရက်ကို မနည်းရှာယူနေရတဲ့ ကိုယ့်ပရိသတ်ကြီး အတွက် ရှားရှားပါးပါး အားလပ်ရက်လေးတွေမှာ အချိန်ဖြုန်းလို့ကောင်းတဲ့ ဆိုင်လေးလည်း ဟုတ်ပါတယ်။

ဆိုင်အပြင်အဆင်လေးက အရမ်းကြီးတော့ အမိုက်ကြီးမဟုတ်ပေမယ့် တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ စားရသောက်ရ တာလေးကို သဘောကျလို့ ညွှန်ပေးတာပါနော်။ Western Food တွေ တော်တော်များများကို အဓိက ရောင်းပေးတာတဲ့။ ဒီဆိုင်က Steak ကိုတော့ ကိုယ်အကြိုက်ဆုံးပဲ။ ကိုယ်စားခဲ့တာက သုံးမျိုးပါ။ Steak ရယ်၊ Pan Fried Sea Bass လေးရယ် နောက်တစ်ခုက Fish Cake ပါပဲ။

Local Beef Tenderloin

ဒီဆိုင်က Steak က စားခဲ့ဖူးသမျှ Steak တွေထဲ အကြိုက်ဆုံးပဲ။ ဘာလို့လဲလို့မေးရင် ကိုယ်ဖြေမိ မှာက အရမ်းနူးညံ့ နေလို့ ပါ။ Medium Grilled လုပ်ထားတာကိုမှ အတွင်းသားလေးက ပန်းရောင်လေးသန်းနေတာက ကိုယ့်အကြိုက်ဆုံး အနေ အထားလေး။ အားသုံးစရာမလိုဘဲ ဖြည်းဖြည်းလေးလှီးရုံနဲ့ တစ်ခါတည်း ပါလာတာဆိုတော့။ လှီးမရ ပြုမရဖြစ်တဲ့ ဒဏ်က ဝေးပြီ။ Sauce လေးကလည်း Homemade တဲ့။ သူများဆိုင်နဲ့မတူအောင် Sauce အရသာလေးကို ဆန်းဆန်းလေး လုပ်ပေး ထားတယ်။

Side Dish အနေနဲ့က Mash Potato နဲ့ French Fries ပါပါတယ်။ Mash Potatoes က အိအိလေးနဲ့ တော်တော် စားကောင်းတယ်။ အနံ့လေးကလည်း တော်တော်မွှေးတယ်။ French Fries ကတော့ ပုံမှန်ပေမယ့် အဓိက ဆရာ ကျတာက French Fries နဲ့ တွဲပေးထားတဲ့ Sauce ပါ။ Garlic အနံ့လေး မွှေးမွှေးလေးကိုမှ လျှာပေါ်မှာ ရှတတအရသာမျိုးမို့ ဆန်းဆန်းလေးနဲ့ အရသာရှိတယ်။

Deep Fried Fish Cake

ငါးဖယ်ကြော်မှတ်နေတာ ဘယ်ဟုတ်မလဲ။ ငါးအသားတွေ ဂဏန်းအသားတွေကိုရောပြီး ကတ်တလိတ်ကြော်လိုကြော်ထား တာလေး အရမ်းစားကောင်းတယ်။ အပေါ်ယံ အသားလေးက ကျွတ်နေပြီးတော့ အထဲမှာ နူးနူးအိအိလေး။ ပေးထားတဲ့ Sauce လေးနဲ့ တွဲစား အရသာမိုက်တယ်။

Pan Fried Sea Bass with Fennel Puree & Marinated Vegetables

Sea Bass ကိုမှ Pan နဲ့ ကျက်တယ်ဆိုရုံလေး ကြော်ထားတာ။ အရသာက ဆိမ့်ဆိမ့်လေး နဲ့ တော်တော်စားကောင်းတယ်။ အသားလေးက နူးနူးညံ့ညံ့ကိုမှ လတ်လတ်ဆတ်ဆတ်အရသာမျိုး။ ဒါလေးကလည်း Admin အကြိုက်ပါပဲ။

ဒီဆိုင်မှာ Burger တွေလည်းမိုက်တယ်။ Salad တွေ Pasta တွေလည်းရှိတယ်။ Sandwich ကောင်းကောင်းတွေလည်း ဒီဆိုင်လေးမှာရနိုင်ပါတယ်။ Admin အနေနဲ့ အကြံပေးရရင်တော့ Coffee Date ၊ Dinner Date လေးတွေအတွက် အဆင်ပြေလောက်မယ်။ Hangout လုပ်ရင်းနဲ့ လာပြီး စားသောက်လို့လည်း ကောင်းပါတယ်။

ဆိုင်ကျဉ်းတာတော့ ဒီဆိုင်လေးရဲ့အားနည်းချက်လေးပါ။ ဆိုင်အသစ်ဆိုတော့ ပြင်စရာတွေ ထပ်မွန်းမံစရာတွေတော့ တွေ့ခဲ့တယ်။ ဒီဆိုင်လေးမှာ မကြာခင် ဝက်သားတုတ်ထိုးဆိုင်လေးပါ ထပ်တိုးဖွင့်တော့မှာတဲ့။ ဝမ်းသာစရာသတင်းပါနော်။ ဝန်ထမ်းတွေလည်း ဆက်ဆံရေးကောင်းမွန်ပါတယ်။ နောက်ဆို ရုံးဆင်းချိန်တိုင်း ဒီဆိုင်လေးမှာ လာထိုင်တော့မယ်လို့ကို ဆုံးဖြတ်လိုက်ပြီ။ ခုတော့ မိုးရာသီထဲမှာ နားခိုလို့ကောင်းမယ့် Hideout လေးတစ်ခုကို ပြောပြပေးလိုက်ပြီဆိုတော့ ပြည်သာယာလမ်းနားရောက်ရင်ဖြစ်ဖြစ် သင်္ဃန်းကျွန်းထဲမှာ အူလည်လည်ဖြစ်နေရင်ပဲ ဖြစ်ဖြစ် သွားစရာနေရာတစ်ခု တိုးလာခဲ့ပြီပေါ့။

ဆိုင်လေးရဲ့လိပ်စာက အမှတ် (၃၄၅)၊ ပြည်သာယာလမ်း၊ (၁၆/၃)ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်ထဲမှာပဲ ဖြစ်ပါတယ်နော်။ ဖုန်းနံပါတ် ကတော့ ၀၉-၄၀၉၀၆၆၈၄၀ ပါတဲ့နော်။

Lwin Moe Htyke ( Akhayar )