ရန်ကုန်မြို့က European Restaurant အကြောင်းလေးသိပြီးသွားကြပြီလား။

ဒီဆိုင်လေးရဲ့ နာမည်က “Babett Yangon”တဲ့။

ဒီဆိုင်မှာ နာမည်ကြီးဥရောပအစား အစာတွေ နဲ့ ပြင်သစ်အစားအစာတွေ တော်တော်များများကိုရတယ်။ ဒီဆိုင်လေးမှာ လာစားတဲ့သူတော်တော်များများက Foreigner တွေများတယ်။ အေးအေးဆေးဆေး Chill ချင်တဲ့သူတွေ၊ Laptop လေးတစ်လုံးနဲ့ ကော်ဖီလေးသောက်ပြီး အလုပ်ကိစ္စလေးတွေလုပ်နေကြသူတွေ ထိုင်ကြတာလည်းများပါတယ်။ ချစ်သူနှစ်ယောက် Date လုပ်ဖို့အတွက်လည်း သင့်တော်တဲ့ Fine Dining လေး တစ်ခုလို့တော့ ကိုယ်ညွှန်းချင်တယ်။ သူငယ်ချင်းတွေ နဲ့ Chill ချင်ရင်လည်း Babett Yangon က အဆင်ပြေနေမှာ မြင်ယောင်နေပြီ။

ဒီဆိုင်လေးရဲ့ ဆိုင်အပြင်အဆင် အရမ်းမိုက်တယ်။ အပြင်ဖက် ပန်းခြံပုံစံလေးမှာထိုင်ရင်း စီးကရက်လေးခဲပြီး အေးအေးဆေးဆေး Chill လို့ရအောင် လုပ်ပေးထားတဲ့ နေရာလေး သဘောကျမိတယ်။ ဆိုင်အတွင်းထဲက Decoration ကလည်း ဆိုင်ရဲ့ High Class Standard ကိုပိုပြီး အသက်ဝင်စေလောက်အောင်ကို မိုက်နေတာ။

ဒီဆိုင်မှာ Steak ၊ Burger နဲ့ Pizza တွေက တော်တော်နာမည်ကြီးတယ်။ ဒီဆိုင်မှာ သုံးထားသမျှ အသားတွေက Imported Meat တွေချည်းပဲဆိုတော့ အသားရဲ့နူးညံ့မှုက ပြောစရာကိုမလိုတာနော်။ ကိုယ်တွေစားခဲ့တာလေးတွေ ဖောက်သည်ချပေးမှာပေါ့။

Deep Fried Calamari with Aioli

ကင်းမွန်ကိုမှ ကြွတ်ကြွတ်လေးဖြစ်အောင် ကြော်ထားတာလေးပါ။ ပုံမှန်ဆို ကင်းမွန်ကို အသားထူထူ အိအိလေးပဲ စားနေကျကနေ မုန့်နှစ်လေးနဲ့ အကြွတ်ကြော်ထားတာလေးက လုံးဝကို အရသာဆန်းနေတာ။

Croquets De Jamon

သူက Spanish Ham ကိုမှ အီဆိမ့်နေအောင် Milk လေးနဲ့ Stir Fried လုပ်ထားတာလေး အရမ်းစားလို့ကောင်းတယ်။ အရသာကတော့ ထူးထူးဆန်းဆန်းဖြစ်နေပေမယ့် ကိုယ့်အတွက် ခံတွင်းတွေ့တယ်။ အိအိလေးနဲ့ အနံ့လေးကလည်း မွှေးမွှေးလေး So Good ပါပဲ။

Codfish Brandas Roll

ဒါလေးကတော့ Codfish ကိုမှ Garlic Puree လေးနဲ့လုပ်ထားတာလေးကို Zucchini လေးနဲ့ Wrap လုပ်ထားတာလေး။ ဆိမ့်ဆိမ့်လေးနဲ့ မွှေးမွှေးအေးအေးလေး လုံးဝ အရသာက အသစ်။ ငါးမို့လို့ နဲနဲတော့ အရသာခါးသက်သက်လေး ဖြစ်နေမယ်။ စားလို့တော့ ကောင်းပါတယ်။

G Burger & Onion Rings

ဒီဆိုင်က Burger ကောင်းကောင်းတွေရတယ်။ Meat က အထူကြီးကိုမှ Cheese တွေ Fried Egg တွေနဲ့ တွဲကိုက်။ တကယ်ကို အရမ်းမိုက်တာနော်။ Premium Taste မို့ ထပ်ညွှန်းစရာမရှိအောင်ကို ကောင်းပါတယ်။ ဒါပေမယ့် မြန်မာ ပါးစပ်နဲ့ဆိုရင်တော့ နည်းနည်းစိမ်းနေလိမ့်မယ်။ ကိုယ်တော့ နည်းနည်းအီလို့ သိပ်မစားဖြစ်ခဲ့ဘူး။ သူက French Fried လေးနဲ့တွဲပေးထားတာ။

Add on ပေါင်းထည့်လို့ရတာတွေများတဲ့ အထဲ ကိုယ်တွေ Onion Rings လေးတွေထပ်မှာလိုက်တယ်။ အဲ့မှာ စတာက Onion Rings ဆို လက်ဝိုင်းကွင်းစာလောက်ပဲ ရှိမယ်ထင်ထားတာ။ ရောက်လာတာက လက်ကောက်ဝတ်ကွင်း လောက်ကို ကြီးနေတာ။ အကိတ်ကြီးတွေနော်။ တစ်ချို့အကွင်းတွေဆို လက်ကောက်ဝတ်ကွင်းထက်ကို ကြီးတယ်။

G Pizza

ဒီ Pizza မှာဆိုရင် တခြားဆိုင်တွေမှာရတဲ့ Pizza တွေနဲ့ မတူတာက အောက်ခံ Crust အသားပဲ။ အောက်ခံဂျုံက ( ၃ ) မျိုးတောင် သုံးထားလို့ အရသာက ဒီ Pizza ကိုအကြိုက်ဆုံးပဲ။ Tomato Paste လေးနဲ့လည်း လိုက်ပြီးတော့ Topping ထည့်ထားတဲ့ Ham ကလည်း စားလို့ကောင်းတယ်။ ဒါတောင် ကိုယ်တွေစားတဲ့အချိန်က နည်းနည်းကြာသွားလို့ အေးသွားတော့ နည်းနည်းငံချင်သလိုရှိတယ်။ ဒါကြောင့် ဓာတ်ပုံမြန်မြန်သာရိုက်ပြီး မြန်မြန်သာစားကြပေတော့။

4-6 Weeks Dry Aged Angus Beef

တစ်လ တစ်လခွဲနီးပါးလောက် နှပ်ထားတဲ Beef ကို နူးအိနေအောင် Coal Oven မှာ ပြန်ကင်ထားတဲ့ အရမ်းလန်းတဲ့ Steak။ ကိုယ်တော်တော်ကြိုက်တဲ့အထဲမှာပါတယ်။ အသားရဲ့ အချိုဓာတ်ကို အပြည့်ရတာ။ Medium Grilled လောက်ပဲမို့ Raw လည်း မဖြစ်သလို အရမ်းအကျက်ကြီးလည်း မဟုတ်တော့ ကိုယ်တကယ် စွဲသွားခဲ့တာ။ 250 g လောက်ရှိတဲ့ Rib Eye ကို ကိုယ်တကယ် မကုန်ခဲ့တာပါ။ ကောင်းလွန်းအားကြီးလို့ စားရင်းစားရင်း ထပ်တောင်မထည့်နိုင်ဘူး။ သူငယ်ချင်းတွေနဲ့ သွားရင် ဒါလေးကို နှစ်ယောက်အနည်းဆုံးစားဖို့ အကြံပေးပါတယ်နော်။

Dessert

Profiterole

Puff အိအိလေးကိုမှ အထဲမှာ Cream တွေ Ice-cream တွေထည့်ထားတာလေး။ အပေါ်ကနေ Chocolate အရည်ပူပူကို လောင်းချလိုက်တဲ့အခါမှာ ဘယ်လိုတောင်စားချင်စရာကောင်းနေလဲနော်။ Babatt Yangon မှာ စားခဲ့သမျှဒီ Dessert တစ်ခုနဲ့တင် ကိုယ့်အတွက် တကယ်တန်သွားပြီ။ လုံးဝကို စားရတာ မရပ်နိုင်လို့ ထပ်ထပ်မှာနေမိတော့တာ။ ဒါလေးတော့ မဖြစ်မနေ မြည်းစမ်းကြည့်စေချင်ပါတယ်။

ဒီ Babett Yangon က မတူတဲ့ Promotion တွေကို နေ့အလိုက် တစ်ပတ်လုံးကိုလုပ်ပေးနေတာနော်။ ကိုယ်လိုချင်တဲ့ Promotion လေးတွေကိုမှ ကိုယ်သွားမယ့်ရက်နဲ့ ကိုက်ပြီးသွား ကွက်တိပဲ။ Ladies Night လိုနေ့မျိုးဆို မိန်းကလေး (၄) ယောက်လာတာနဲ့ Wine တစ်လုံးပေးမှာပါတဲ့။ မတရားတွေမိုက်နေပါပြီနော်။ Babett မှာ Blogger Meet Up လိုမျိုး Event အလန်းတွေလည်း လုပ်ကြလို့ Event လုပ်ချင်လို့ နေရာလိုက်ရှာနေရင် Babett ရှိတယ်နော်။

ဒီ Babett က Fine Dining and Bar ဖြစ်လို့ Premium Standard မျိုးဆိုတော့ ဈေးကြီးတယ်လို့ ထင်ကောင်း ထင်မိပါလိမ့်မယ်။ ဈေးမြောက်လို့ အမြဲမသွားနိုင်ဘူးဆိုရင်တောင် Anni Date လိုမျိုး အရေးကြီးတဲ့နေ့တွေမှာ ကောင်းကောင်း Ro သင့်တယ်ထင်တယ်။ ဒီဆိုင်လေးက Service လည်းတော်တော်ကောင်းလို့ တကယ်ကို စိတ်ချမ်းသာတယ်။

Local တွေကို အဓိကထားပြီး ရောင်းချပေးချင်လို့ပါတဲ့။ ကော်ဖီ တစ်ခွက်လောက်သောက်ပြီး Wifi လေးနဲ့ Internet လေးသုံးပြီး လာ Chill ချင်ရင်တောင် ရပါတယ်တဲ့နော်။ Service က လုံးဝအပြည့်ပါ။ ကိုယ်ကတော့ တစ်ခုခုရှိရင် ဒီမှာလာ Chill ပြီပဲ။

ဒီ” Babett Yangon ” လေးရဲ့လိပ်စာကတော့ Hotel G(မြေညီထပ်), ယောက်လမ်းမှတ်တိုင်းအနီး, အလံပြဘုရားလမ်း, ဒဂုံမြို့နယ် ပါ။ သမ္မတရုပ်ရှင်ရုံနဲ့လည်း ကပ်ရပ်ပါပဲနော်။ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လေးကတော့ 01-243639 ပါ။