ရန်ကင်းမြို့နယ်ထဲက အလန်းဆုံး Roof Top Bar and Restaurant တွေအထဲက တစ်ခုလို့ပြောလို့ရအောင်ကို မိုက်တဲ့ Fine Dining လေး၊ နာမည်က Yankin Heights ။ ဘာလို့လဲလို့ပြောရင် ရန်ကုန်မြို့ရဲ့အချက်အချာ လည်းဖြစ်၊ မြေနေရာ အမြင့်ပိုင်းမှာလည်းဖြစ်လို့ ရန်ကင်းမြို့နယ်ရဲ့အမြင့်ဆုံး Roof Top Bar ဆိုလည်း ဟုတ်နေတာနော်။

အပြင်အဆင် Decoration တွေက Roof Top Vibe အပြည့်ပေးနိုင်လို့ စိတ်ကျေနပ်ခဲ့ရတာအမှန်ပဲ။ ဆိုင်ရဲ့အပြင် အဆင်နဲ့တင် စွန်းကြွေလို့ ကိုယ်ခဏခဏသွားဖြစ်တော့မယ့်ဆိုင်လေးပါပဲ။

ဒီဆိုင်မှာဘာတွေရလဲ?

ဒီဆိုင်လေးမှာ Western Food တွေ Eastern Food တွေ ဆိုပြီး စုံနေအောင်ရတယ်။ မနက်စာ၊ နေ့လည်စာ တင်မကဘဲ ညစာအလန်းစား တွေပါရနိုင် တယ်နော်။ Steak တွေ၊ Salad တွေ၊ ကိုယ်တွေကတော့ စုံနေအောင်စားခဲ့လို့ စားခဲ့တာလေးတွေ ဖောက်သည်ချပေးမယ်။

Apple Fries ( 3,800 Ks )

ဒါလေးလည်း Starter ပဲ။ ပန်းသီးစိမ်းစိမ်းလေးကိုမှ Tempura ပုံမျိုး အကြွပ်ကြော်ထားတာလေးပဲ။ အရသာလေးက ချိုချိုချဉ်ချဉ်လေး၊ Whipped Cream လေးနဲ့ တို့စားလိုက်ရင် တကယ်ကို မိုက်နေတယ်။ ကိုယ်တစ်ယောက်တည်း တစ်ပွဲလုံး စားပစ်တယ်။ ကြိုက်လွန်းလို့ ဘယ်သူ့ကိုမှမျှကျွေးမယ့် အစီအစဉ်မရှိပါဘူးနော်။

Thai Gawlafa Curry ( 7,500 Ks)

Seafood ချဉ်စပ်ဟင်းလို့ပြောလို့ရတယ်။ ချဉ်ချဉ်စပ်စပ်နဲ့ ပုဇွန်၊ ကင်းမွန်တွေရော ပင်လယ်စာတွေဆိုတာအလျှံပယ်။ အရသာက တုန်ယမ်း ထက်ကို ပိုပြီး ချဉ်တယ်၊ စပ်လည်းစပ်တယ်။ ထမင်းလေးနဲ့စားရင် တကယ်အလိုက်ဖက်ဆုံးပဲ။ မိုးတဖွဲဖွဲရွာနေတဲ့ ဒီရာသီနဲ့ဆို မှိုင်နေ ငိုင်နေတာတွေ ပွင့်ထွက်ကုန်မှာနော်။

Porky Pan ( 13,500 Ks )

ဝက်သားကြီးပဲတစ်လိုင်းလို့ကို ပြောလို့ရတဲ့ ဒီ Menu ကတော့ ရှယ်ပဲ။ ဝက်ဂုတ်သား၊ ဝက်နံရိုး၊ ဝက်ခေါက်ကြော် အလန်း အလန်းတွေကြီးပဲ။ ဝက်ဂုတ်သား၊ ဝက်နံရိုးတွေကို မီးအေးအေးလေးနဲ့ အကြာကြီး ကင်ထားတော့ အသားကချိုပြီး နူးညံ့ တယ်။ BBQ Sauce လေးဆမ်းပြီးကင်လိုက်ရင် ပိုပြည့်စုံသွားမယ်လို့ ကိုယ်ထင်တယ်။ အခုအတိုင်းလေးလည်း စားလို့ ကောင်းပါတယ်။ ထူးခြားတာကတော့ ဝက်ခေါက်ကြော်လေး စားနေကျ ဝက်ခေါက်ကြော်တွေနဲ့ လုံးဝမတူဘဲ ကြွပ်ကြွပ် လေးနဲ့ လတ်လတ်ဆတ်ဆတ်အရသာမျိုးရတာပဲ။ Sauce လေးကလည်း ချဉ်စပ်အရသာလေးနဲ့ လိုက်ဖက်တယ်။ ဒါလေးက ပုံမှန်ဆိုရင် ၁၇,၀၀၀ လောက်ပေးရပေမယ့် အခုဆို Promotion ရှိလို့ ၁၃,၅၀၀ တည်းဖြစ်သွားလို့ အရမ်းတန် နေပြီနော်။ ဒီ တစ်ပွဲလုံးကို နှစ်ယောက်ကနေ သုံးယောက်လောက် အဝကြိတ်လို့ရတယ်။

Chicken Cordon Bleu ( 12,800 Ks )

င်္ဒီဟင်းပွဲကတော့ ကျွန်တော်သိသလောက် ကြက်သားကိုမှ အထဲမှာ Ham ရယ် Cheese ရယ်ကို အစာသွပ်ပြီး ပြန်ကြော်ထားတာ။ မုန့်နှစ်တွေ၊ Bread crumbs တွေနဲ့ ကြော်ထားတာလေးပါ။ ကြက်သားအိအိလေးကိုမှ Ham ရဲ့ အငံအရသာလေးရယ်၊ Cheese ရဲ့အဆိမ့်ဓာတ်လေးရယ် ပေါင်းလိုက်တော့စားလို့ကောင်းတယ်။ ဆီကြော်ဆိုတော့ နည်းနည်းတော့လည်ချောင်းယားနိုင်တယ်။ ဒါပေမယ့် အသားအထူကြီးကိုမှ ကြော်ထားတဲ့ အယ်စတုံကြက်သားကြော်ကြီး မို့ ဒါလေးက မိုင်နာကေစ့်ပါ။

Mushroom Soup ( 4,800 Ks )

ဒီ Mushroom Soup မှာ နူးအိပြီးမှ ချိုဆိမ့်နေတဲ့မှိုတွေနဲ့ အတူ Cheese တွေနဲ့ ပျစ်နှစ်နေအောင်လုပ်ထားတာ အရမ်းမိုက်။ Puff သားကို မှာမှ Soup Bowl အပေါ်ကနေ အုပ်ပြီး ပြန်ဖုတ်ထားတော့ Puff အနံ့မွှေးမွှေးလေးနဲ့ ရှယ်ပဲ။ အပေါ်က Puff လေးကိုခွဲပြီး Mushroom Soup လေးနဲ့ တို့စားကြည့် တကယ်မိုက်တယ်။ အရသာလေးက ချိုချိုအီအီလေးနဲ့မို့ စားလို့ကောင်းချက်ပဲ။ ကိုယ့်အကြိုက်ဆုံး ထဲမှာ ဒီ Soup လေးပါပါနေတာနော်။

Asparagus Bacon Cheese ( 6,800 Ks )

Starter အနေနဲ့ ကညွတ်ကိုမှ Bacon ရယ်၊ Cheese ရယ်၊ ပေါင်မုန့်ကင်ရယ် သုံးမျိုးပေါင်းပြီးလိပ်ထားတာလေး။ အဲ့ဒါကိုမှ ပြန်ပေါင်းထားတာလေး ကညွတ် လေးက လတ်လတ်ဆတ်ဆတ်လေးနဲ့ တော်တော်စားကောင်းတယ်။ ဒါကိုမှ သူတို့ပေးထားတဲ့ Sauce လေးနဲ့ တွဲစား တကယ်မိုက်တယ်။

Granola Parfait ( 4,000 Ks )

ဒါလေးကတော့ Gym သမားတွေဝိတ်လျှော့နေတဲ့သူတွေအတွက် သင့်တော်တဲ့ Dessert လေးတစ်ခုလို့ထင်တယ်။ အမျှင်ဓာတ်တွေ များများပါတဲ့ Oat ၊ သစ်ကြားသီး၊ သီဟိုဠ်စေ့ တွေ အပြင် စပျစ်သီးခြောက်လေးတွေနဲ့ Salad ပုံစံမျိုး စားရတာလေး။ Greek Yogurt ချိုချိုမွှေးမွှေးလေးနဲ့ တော်တော်စား ကောင်းတယ်။ စားလို့လည်းကောင်း၊ ကျန်းမာရေးနဲ့ လည်းညီ ကဲ ဘာလိုသေးလဲ။

Decoration

Decoration ပိုင်းကိုပြောဆိုရင် မှန်အကြီးကြီးတွေနဲ့ ကာထားပြီး အလှဆင်ထားတာလေး တွေက အရမ်းမိုက်တယ်။ ဘယ်ကိုကြည့်လိုက်၊ ကြည့်လိုက် အပေါ်စီးကနေ လှမ်းကြည့်ရတဲ့ Feel ဘာနဲ့မှလဲမရနိုင်လောက်ဘူးချစ်ရတဲ့သူနဲ့ပဲ လာ Chill ဦး၊ စွန်း Ro နေမယ့် Roof Top Restaurant လေးပဲ

မိုးလေကင်းလွတ်တဲ့ အချိန်မျိုးမှာ ဆိုင်အပြင်ဘက်ကခုံလေးတွေနဲ့ Chill လိုက် လုံးဝ Mood အပြည့်ပဲ။ ဆေးလိပ်လေးခဲပြီး၊ မြို့ပြရဲ့ လေထုညစ်ညမ်းမှုကနေ ခဏလောက်ထွက်လိုက်တော့။ ညနေခင်း နေဝင်ချိန်ဆိုလည်း စွန်းလှနေ မှာသေချာတယ်။

Coffee Lounge

Coffee Lounge လေးက ဒီဆိုင်လေးရဲ့ သီးသန့်ကမ္ဘာလေးတစ်ခုလိုပဲ။ စာအုပ်လေးတစ်အုပ်နဲ့ Coffee လေးသောက်၊ Wifi လေးသုံး ဘာလိုအပ်သေးလဲနော်။ ဆူဆူညံညံအသံတွေကြားကနေ ခဏလောက် လွတ်လွတ်လပ်လပ်ထွက် နေလို့ရတဲ့ နေရာလေး။

Meeting လုပ်လို့ကောင်းတဲ့ နေရာလေးလည်းဟုတ်၊ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး Chit Chat လုပ်လို့ကောင်းမယ်လို့လည်း ထင်တယ်။ ကိုယ်ကတော့ ဒီနေရာလေးက Favorite လေးမို့ ဒီရောက်တိုင်း ဒီနေရာလေးမှာပဲ Chill ဖို့စီစဉ်ထားတယ်။

Yankin Heights မှာ Promotion တွေ ဆိုတာ အမြဲတမ်းလိုလိုပေးနေတာ အခုဆို Happy Hour ဖြစ်တဲ့ ညနေ ၄ နာရီ ကနေ ည ၇နာရီ အတွင်းဆို Drinks တွေ Promotion တွေချပေးနေတာ Cocktail ဆို Buy One Get OneMyanmar Beer ဆို Buy 3 Get 1 နဲ့ House Wine ဆိုရင် Buy 2 Get 1 တွေပါပဲ။ ကိုယ်ကြိုက်တဲ့ Promotion ယူပြီး သူငယ်ချင်း တွေနဲ့ပဲ Chill Chill ၊ ချစ်သူလေးနဲ့ပဲ ဒိတ် ဒိတ်၊ Blind Date လေးပဲလုပ်လုပ် အရမ်းတွေ မိုက်နေမှာနော်။

ပရိသတ်ကြီးတို့ရော ဘော်ဒါတွေစုံလာပြီဆို၊ ချစ်သူလေးက စိတ်ကောက်နေပြီဆို ဘယ်သွားကြမှာလဲ။ လိပ်စာက အမှတ် (၂၉)၊ အောင်ဇေယျာလမ်း၊ ရန်ကင်း မြို့နယ်၊ ရန်ကုန်မြို့ပဲဖြစ်ပါတယ်နော်။ အလွယ်ဆုံးညွှန်ပေးရမယ်ဆိုရင် မိုးကောင်း လမ်းနဲ့ အောင်ဇေယျာလမ်းထောင့်မှာပါ။

Lwin Moe Htyke ( Akhayar )

www.akhayar.com