[Zawgyi]

အေမရိကန္သမၼတေတြကို ကာကြယ္ေပးေနတဲ့ Secret Service အဖြဲ႔ဆိုတာ ဘယ္လိုမ်ိဳးလဲ

United States Secret Service (USSS ဒါမွမဟုတ္ Secret Service) ဆိုတာ U.S Department of Homeland Security ေအာက္က Federal Law Enforcement Agency တစ္ခုျဖစ္ပါတယ္။ ဒီအဖြဲ႔မွာ အဓိက Mission (၂) ခုရွိျပီး Investigative Mission နဲ႔ Protective Mission ဆိုျပီးကြဲပါတယ္။

Protective Mission ဆုိတာကေတာ့ အေမရိကန္ျပည္ေထာင္စုရဲ့ သမၼတ၊ ဒုသမၼတ၊ သူတို႔ရဲ့ မိသားစုေတြ၊ သမၼတေဟာင္းေတြနဲ႔ သမၼတေဟာင္းေတြရဲ့ မိသားစုေတြ၊ သမၼတေလာင္း၊ ဒုသမၼတေလာင္းေတြနဲ႔ သူတို႔ရဲ့ ဇနီးမယားခင္ပြန္းေတြကို ကာကြယ္ေစာင့္ေရွာက္ေပးရတဲ့ မစ္ရွင္ျဖစ္ပါတယ္။

ဒါေၾကာင့္ Secret Service အဖြဲ႔ဝင္ေတြကို သမၼတ နားမွာ အျမဲလို ေတြ႔ရမွာ ျဖစ္ျပီး ရုပ္ရွင္ေတြထဲမွာေတာ့ မ်က္မွန္နက္ၾကီးေတြ၊ နားၾကပ္ေတြ တပ္ျပီး Suit ေတြနဲ႔ ရိုက္ကူးပံုေဖာ္ထားတာကို ေတြ႔ရမွာပါ။ ဒါေပမယ့္ လက္ေတြ႔ဘဝမွာေတာ့ သူတို႔ကို ျမင္ရင္ေတာင္ မွတ္မိဖို႔ သတိထားမိဖို႔ ခက္ပါလိမ့္မယ္။ လူေတြ မသိေသးတဲ့ Secret Service ေတြရဲ့ အေၾကာင္းကေတာ့

၁။ Secret Service တပ္ဖြဲ႔ဝင္အေရအတြက္က ထင္တာထက္ ပိုမ်ားပါတယ္။

Secret Service

အဖြဲ႔ဝင္ (၁၀၀) ေလာက္ပဲ ရွိတယ္ထင္ရေပမယ့္ တကယ့္တကယ္မွာေတာ့ တပ္ဖြဲ႔ဝင္ေပါင္း (၆၅၀၀) ေလာက္ရွိျပီး ပုဂၢလိကကာကြယ္ေရးယူနစ္ေလးေတြအေနနဲ႔ တည္ရွိၾကပါတယ္။

၂။ သမၼတကိုပဲ ကာကြယ္ေပးတာ မဟုတ္ရပါဘူး

ေျပာခဲ့သလိုပဲ မိသားစုဝင္ေတြကို ကာကြယ္ေပးသလို သမၼတရဲ့ ဧည့္သည္ေတာ္ေတြနဲ႔ သမၼတက ကာကြယ္ေစာင့္ေရွာက္ေစခ်င္တဲ့သူေတြရဲ့ လံုျခံဳေရးကိုလည္း တာဝန္ယူေပးရပါတယ္။

၃။ က်ည္ဆန္ေတြနဲ႔ ရင္ဆိုင္ဖို႔၊ ေရထဲမွာ ရွင္သန္ဖို႔ စတဲ့ Skill ေတြ အကုန္ေလ့က်င့္ထားသူေတြပါ

အေရးၾကီးအျဖစ္အပ်က္တစ္ခုမေပၚခင္မွာ Secret Service အဖြဲ႔ဝင္ေတြဟာ ျဖစ္ႏုိင္တဲ့ လုပ္ၾကံမႈနဲ႔ ပစ္ခတ္မႈေတြအားလံုးကို ကာကြယ္ဖို႔ အစမ္းေလ့က်င့္ၾကရပါတယ္။ သူတို႔ရဲ့ Training Sessions ေတြအတြက္ အထူးျပဳလုပ္ထားတဲ့ က်ည္ဆန္ေတြကို သံုးၾကျပီး ေအးဂ်င့္အားလံုးဟာ ရက္သတၱပတ္ (၈) ပတ္တုိင္းမွာ တစ္ခါ စြမ္းရည္ျမွင့္တင္ေရး Course ေတြ တက္ျပီး စြမ္းရည္ျမွင့္ၾကရပါတယ္။

၄။ ေရွးဦးသူနာျပဳစုေရးလုပ္ဖုိ႔ အဆင္သင့္ရွိေနၾကတယ္

ေအးဂ်င့္တုိင္းဟာ အေျခခံေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္မႈေတြ တတ္ေျမာက္ၾကျပီး တစ္ေယာက္ေယာက္ကို ကယ္တင္ဖို႔ ေဆးရုံကားမေရာက္ခင္ ဒါမွမဟုတ္ ေဆးရုံမေရာက္ခင္မွာ ဆိုးဆိုးဝါးဝါးမျဖစ္ေအာင္ ျပဳစုကုသေပးႏုိင္ၾကပါတယ္။ ဒီေနရာမွာ စိတ္ဝင္စားစရာတစ္ခ်က္က သမၼတတစ္ေယာက္ရဲ့ လမ္းေၾကာင္းဟာ အျမဲတမ္း အနီးဆံုး ေဆးရုံနဲ႔ ၁၀ မိနစ္အကြာအေဝးမွာ ရွိရမယ္လို႔ လမ္းေၾကာင္းဆြဲေလ့ရွိတာပါပဲ။

၅။ ေသြးအိတ္အပို အျမဲေဆာင္ထားတယ္

ေဆးဘက္ဆိုင္ရာကၽြမ္းက်င္မႈတင္ရွိတာမဟုတ္ပါဘူး၊ သမၼတမ်ား မေတာ္တဆ တစ္ခုခု ျဖစ္ခဲ့ရင္၊ ေသြးအလွဴရွင္လည္း ခ်က္ခ်င္းမေပၚခဲ့ရင္ ဒုကၡမေရာက္ေအာင္ ေသြးအပိုအိတ္ေတြလည္း ေဆာင္ထားေလ့ရွိၾကပါတယ္။

၆။ ရုပ္ရွင္ထဲကလို အေရးၾကီးပုဂၢိဳလ္တစ္ေယာက္ကို ဖြက္ထားတဲ့ေနရာဆိုတာ တကယ္ရွိပါတယ္

ရုပ္ရွင္ထဲမွာ ရိုက္ျပေနတဲ့ Mount Weather (ဝယ္သာေတာင္ကုန္း) ဆိုတာ တကယ္ရွိျပီး ဒီေတာင္ရဲ့ ေအာက္မွာ ေျမေအာက္ဘန္ကာတစ္ခုရွိပါတယ္။ တုိင္းျပည္ရဲ့ အေရးၾကီးေခါင္းေဆာင္ေတြ စုေဝးရတဲ့ ပြဲတစ္ခုခုမွာဆုိရင္ တုိင္းျပည္ရဲ့ အျခားအေရးၾကီးပုဂၢိဳလ္တစ္ေယာက္ကို အဲ့ဒီေနရာမွာ ဖြက္ထားေလ့ရွိပါတယ္။ တကယ္လို႔မ်ား အၾကမ္းဖက္သမားေတြဟာ အစိုးရထိပ္တန္းေခါင္းေဆာင္ေတြအားလံုးကို တုိက္ခုိက္ျပီး တုိင္းျပည္တည္ျငိမ္ေရးပ်က္ျပားေအာင္လုပ္မယ္ဆိုရင္ေတာ့ သူတို႔ အစီအစဥ္ဟာ ပ်က္ျပားသြားဖုိ႔ မ်ားပါတယ္။

၇။ သမၼတတစ္ေယာက္စီမွာ ကုဒ္နာမည္တစ္ခုစီရွိၾကပါတယ္

သမၼတေတြကို ကုဒ္နာမည္ေတြသတ္မွတ္ေပးထားတယ္ဆိုတာ ရုပ္ရွင္ထဲမွာတင္ မဟုတ္ပါဘူး၊ အျပင္မွာလည္း ကုဒ္နာမည္ေတြနဲ႔ပါ။ မိသားစုတစ္စုအတြက္ အေရွ႕စာလံုးအစကို တူတူေပးထားျပီး ဥပမာအေနနဲ႔ဆိုရင္ေတာ့ အိုဘားမားဆိုရင္ Renegade ၊ သူ႔မိန္းမကို Renaissance လို႔ သတ္မွတ္ျပီး သူတို႔ရဲ႕ သမီးေလးေတြကေတာ့ Radiance နဲ႔ Rosebud လို႔ သတ္မွတ္ထားတာမ်ိဳးပါ။

၈။ သမၼတရဲ႕ ဘဲဥပုံရုံးခန္းထဲမွာ Motion Sensors ေတြ အျပည့္ရွိပါတယ္

Secret Service ရဲ့ စည္းမ်ဥ္းေတြထဲက တစ္ခုမွာ သမၼတကို ဘယ္ေတာ့မွ တစ္ေယာက္တည္း မထားခဲ့ဖုိ႔ပါပဲ။ တကယ္လို႔ သမၼတကိုယ္တုိင္က သူ႔ရဲ့ ဘဲဥပံုရုံးခန္းထဲမွာ ဘယ္ေအးဂ်င့္မွ မရွိဘဲ တစ္ေယာက္တည္းေနခ်င္တယ္ဆိုရင္ေတာ့ ထားခဲ့ေပးျပီး အခန္းရဲ့ ၾကမ္းျပင္မွာရွိတဲ့ Sensor ေတြကေနျပီး လႈပ္ရွားမႈေတြနဲ႔ ျဖစ္လာႏုိင္တဲ့ အႏၱရာယ္ေတြကို ေျခရာခံႏုိင္မွာပါ။

၉။ သမၼတရဲ့ လႈပ္ရွားမႈေတြမွာ လုိက္ပါ ပါဝင္ေလ့ရွိၾကတယ္

သမၼတကို တစ္ေယာက္တည္းမထားတဲ့အတြက္၊ ေအးဂ်င့္ေတြဟာ သမၼတရဲ့ လႈပ္ရွားမႈေတြမွာလည္း ပါဝင္လုပ္ေဆာင္ရပါေတာ့တယ္။ သမၼတ မနက္ထေျပးမလား၊ လုိက္ေျပးတယ္၊ ေတာင္ေတြ တက္လား၊ လိုက္တတ္တယ္။ စကိတ္စီးမလား၊ တူတူလိုက္စီးၾကတာပါ။

၁၀။ သမၼတ ေဆးခန္းျပရင္လည္း အတူလိုက္သြားၾကတာပဲ

သမၼတကို တစ္ခုခု လုပ္ၾကံမယ့္ အႏၱရာယ္က ေဝးေအာင္၊ ေဆးခန္းသြားရင္လည္း အေဖာ္အေနနဲ႔ လုိက္သြားေလ့ရွိပါတယ္။

၁၁။ ျခိမ္းေျခာက္စာေတြ အားလံုးကို ေျခရာခံပါတယ္

ရုပ္ရွင္ထဲမွာ ျခိမ္းေျခာက္မႈေတြကို ေျခရာခံသလိုမ်ိဳးပါပဲ။ Email က အစ လက္ေရးနဲ႔ ေရးတဲ့ စာေတြအားလံုး ျခိမ္းေျခာက္မႈပံုစံဝင္ရင္ ေျခရာခံလိုက္ေတာ့တာပါပဲ။ သူတို႔ဆီမွာ ေထာင္နဲ႔ခ်ီတဲ့ လက္ေရးလက္သားေတြ၊ မင္အမ်ိဳးအစားေတြကို Database ေဆာက္ျပီးသား ရွိပါတယ္။

၁၂။ ရွိသမွ် အျဖစ္အပ်က္အားလံုးကို မွတ္တမ္းတင္ ရုိက္ကူးထားတတ္ပါတယ္

ေအးဂ်င့္ေတြဟာ သံုးႏုိင္သမွ် ကင္မရာအေျမာက္အမ်ားသံုးၾကပါတယ္။ ဒါမွ တစ္ခုခု ျဖစ္ပ်က္တာနဲ႔ ခ်က္ခ်င္းျပန္ရွာလို႔ ရေအာင္ပါ။ သမၼတကေနဒီကို လုပ္ၾကံသတ္ျဖတ္မႈအျပီးမွာ သမၼတရဲ့ လႈပ္ရွားမႈေတြအတြက္ ဗြီဒီယိုရိုက္ကူးေရးလုပ္ဖို႔ ကားတစ္စီး သီးသန္႔ထားဖို႔ ဆံုးျဖတ္လိုက္ၾကပါတယ္။

၁၃။ သမၼတအတြက္ အေသခံဖို႔ က်မ္းက်ိန္ထားတယ္ဆိုတာ မဟုတ္ပါဘူး

ဒါဟာ ေဟာလီးဝုဒ္ကားေတြက ထည့္တဲ့ ဂ်င္းျဖစ္ျပီး လက္ေတြ႔မွာေတာ့ ဒီလို က်မ္းက်ိန္ထားတာမ်ိဳး မရွိပါဘူး။

၁၄။ တာဝန္ထမ္းေဆာင္ေနရင္း သမၼတကို အသက္နဲ႔လဲ ကာကြယ္လို႔ ေသဆံုးသြားတာလည္း တစ္ေယာက္ပဲ ရွိပါေသးတယ္

အေပၚမွာ ေျပာခဲ့သလိုပဲ ေအးဂ်င့္ေတြက သမၼတအတြက္ အသက္ကို စြန္႔လႊတ္မယ္ဆိုရင္ ဒါဟာ တာဝန္အရမဟုတ္ဘဲ၊ သူတို႔ကုိယ္တုိင္က လိုလိုလားလား ကိုယ္က်ိဳးစြန္႔တာ ျဖစ္ပါတယ္။ သမုိင္းတေလွ်ာက္မွာေတာ့ Secret Service အရာရွိတစ္ေယာက္ျဖစ္တဲ့ Leslie Coffelt ဟာ အေမရိကန္သမၼတ Harry Truman ကို ကာကြယ္ရင္း ၁၉၅၀ ခုႏွစ္ ႏုိဝင္ဘာလ ၁ရက္ေန႔မွာ က်ဆံုးခဲ့ရပါတယ္။

၁၅။ သူတို႔ ရုံးခ်ဳပ္တည္ေနရာကို လွ်ိဳ႕ဝွက္ခ်က္အေနနဲ႔ ထိန္းသိမ္းထားပါတယ္

Secret Service ရဲ့ ရုံးခ်ဳပ္ဟာ ဝါရွင္တန္ျမိဳ႕က အေဆာက္အဦးတစ္ခုမွာ တည္ထားပါတယ္။ ဒါေပမယ့္ သိသာထင္ရွားေအာင္ ဘာဆိုင္းဘုတ္၊ ဘာလမ္းညႊန္မွ တပ္မထားပါဘူး။ ဗံုးေတြဘာေတြ ေထာင္လို႔ မရေအာင္ အမႈိက္ပံုးေတြလည္း မထားပါဘူး။

၁၆။ Secret Service ဟာ သမၼတလင္ကြန္းလုပ္ၾကံခံရမႈအျပီးမွာ ေပၚေပါက္လာတာ ျဖစ္ပါတယ္

Secret Service ကို တည္ေထာင္ဖို႔ အၾကံေပးတာကေတာ့ Hugh McCulloch ျဖစ္ျပီး သမၼတၾကီးလင္ကြန္းကို ၁၈၆၅ ခုႏွစ္ ဧျပီလ ၁၄ ရက္မွာ ဒီကိစၥ တင္ျပခဲ့ပါတယ္။ အဲဒီေန႔ညမွာပဲ သမၼတလင္ကြန္းဟာ ကဇာတ္ရံုကို သြားခဲ့ျပီး လုပ္ၾကံခံခဲ့ရတာပဲ ျဖစ္ပါတယ္။

၁၇။ Secret Service ဟာ သမၼတကို ကာကြယ္ဖို႔သက္သက္ ေပၚေပါက္လာတာ မဟုတ္ပါဘူး

လင္ကြန္းကို လုပ္ၾကံမႈအျပီးမွာ ေပၚေပါက္ခဲ့ေပမယ့္ Secret Service ရဲ့ မူလရည္ရြယ္ခ်က္ကေတာ့ ေငြေၾကးမသမာမႈေတြနဲ႔ ေငြေၾကးခဝါခ်မႈေတြကို စံုစမ္းတုိက္ဖ်က္ဖို႔ ျဖစ္ျပီး ခုထိလည္း ဒီကိစၥေတြကို ဆက္လက္လုပ္ေဆာင္ေနဆဲပါပဲ။

၁၈။ မ်က္မွန္မည္းၾကီးေတြ တပ္ထားေလ့မရွိၾကပါဘူး

ရုပ္ရွင္ထဲမွာသာ ဝတ္စံုနက္ၾကီးနဲ႔ ဂလဲၾကီးနဲ႔ စတုိင္ထုတ္ေပမယ့္ တကယ့္ေအးဂ်င့္အစစ္ေတြကေတာ့ မစ္ရွင္ေတြ အတြင္း မ်က္မွန္မည္းၾကီးေတြနဲ႔ စတုိင္ထုတ္ေလ့မရွိပါဘူး။

၁၉။ သူတို႔ရဲ့ လက္ေတြဟာ ေသနတ္ဆြဲထုတ္ဖို႔ အျမဲအသင့္ရွိေနၾကပါတယ္

ဓာတ္ပံုေတြထဲမွာ ေအးဂ်င့္ေတြကို အနီးကပ္ၾကည့္မယ္ဆိုရင္ သူတို႔ရဲ့ လက္ေတြဟာ အျမဲ ခါးနားတစ္ဝုိက္မွာ ရွိေနတတ္တာ ေတြ႔ရမွာပါ။ လက္ေခ်ာင္းနဲ႔ လက္ပံုစံေတြသာ ကြဲျပားရင္ ကြဲျပားမယ္၊ အဓိပၸာယ္ကေတာ့ တူတူပဲ ျဖစ္ပါတယ္။ အျမဲတမ္းေသနတ္ဆြဲထုတ္ဖို႔ အသင့္ဆိုတဲ့ ပံုစံမ်ိဳးပါပဲ။

ရိုးလူ (အခရာ)

www.akahyar.com

Ref : Bright Side

[Unicode]

အမေရိကန်သမ္မတတွေကို ကာကွယ်ပေးနေတဲ့ Secret Service အဖွဲ့ဆိုတာ ဘယ်လိုမျိုးလဲ

United States Secret Service (USSS ဒါမှမဟုတ် Secret Service) ဆိုတာ U.S Department of Homeland Security အောက်က Federal Law Enforcement Agency တစ်ခုဖြစ်ပါတယ်။ ဒီအဖွဲ့မှာ အဓိက Mission (၂) ခုရှိပြီး Investigative Mission နဲ့ Protective Mission ဆိုပြီးကွဲပါတယ်။

Protective Mission ဆိုတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ၊ ဒုသမ္မတ၊ သူတို့ရဲ့ မိသားစုတွေ၊ သမ္မတဟောင်းတွေနဲ့ သမ္မတဟောင်းတွေရဲ့ မိသားစုတွေ၊ သမ္မတလောင်း၊ ဒုသမ္မတလောင်းတွေနဲ့ သူတို့ရဲ့ ဇနီးမယားခင်ပွန်းတွေကို ကာကွယ်စောင့်ရှောက်ပေးရတဲ့ မစ်ရှင်ဖြစ်ပါတယ်။

ဒါကြောင့် Secret Service အဖွဲ့ဝင်တွေကို သမ္မတ နားမှာ အမြဲလို တွေ့ရမှာ ဖြစ်ပြီး ရုပ်ရှင်တွေထဲမှာတော့ မျက်မှန်နက်ကြီးတွေ၊ နားကြပ်တွေ တပ်ပြီး Suit တွေနဲ့ ရိုက်ကူးပုံဖော်ထားတာကို တွေ့ရမှာပါ။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ သူတို့ကို မြင်ရင်တောင် မှတ်မိဖို့ သတိထားမိဖို့ ခက်ပါလိမ့်မယ်။ လူတွေ မသိသေးတဲ့ Secret Service တွေရဲ့ အကြောင်းကတော့

၁။ Secret Service တပ်ဖွဲ့ဝင်အရေအတွက်က ထင်တာထက် ပိုများပါတယ်။

Secret Service

အဖွဲ့ဝင် (၁၀၀) လောက်ပဲ ရှိတယ်ထင်ရပေမယ့် တကယ့်တကယ်မှာတော့ တပ်ဖွဲ့ဝင်ပေါင်း (၆၅၀၀) လောက်ရှိပြီး ပုဂ္ဂလိကကာကွယ်ရေးယူနစ်လေးတွေအနေနဲ့ တည်ရှိကြပါတယ်။

၂။ သမ္မတကိုပဲ ကာကွယ်ပေးတာ မဟုတ်ရပါဘူး

ပြောခဲ့သလိုပဲ မိသားစုဝင်တွေကို ကာကွယ်ပေးသလို သမ္မတရဲ့ ဧည့်သည်တော်တွေနဲ့ သမ္မတက ကာကွယ်စောင့်ရှောက်စေချင်တဲ့သူတွေရဲ့ လုံခြုံရေးကိုလည်း တာဝန်ယူပေးရပါတယ်။

၃။ ကျည်ဆန်တွေနဲ့ ရင်ဆိုင်ဖို့၊ ရေထဲမှာ ရှင်သန်ဖို့ စတဲ့ Skill တွေ အကုန်လေ့ကျင့်ထားသူတွေပါ

အရေးကြီးအဖြစ်အပျက်တစ်ခုမပေါ်ခင်မှာ Secret Service အဖွဲ့ဝင်တွေဟာ ဖြစ်နိုင်တဲ့ လုပ်ကြံမှုနဲ့ ပစ်ခတ်မှုတွေအားလုံးကို ကာကွယ်ဖို့ အစမ်းလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ Training Sessions တွေအတွက် အထူးပြုလုပ်ထားတဲ့ ကျည်ဆန်တွေကို သုံးကြပြီး အေးဂျင့်အားလုံးဟာ ရက်သတ္တပတ် (၈) ပတ်တိုင်းမှာ တစ်ခါ စွမ်းရည်မြှင့်တင်ရေး Course တွေ တက်ပြီး စွမ်းရည်မြှင့်ကြရပါတယ်။

၄။ ရှေးဦးသူနာပြုစုရေးလုပ်ဖို့ အဆင်သင့်ရှိနေကြတယ်

အေးဂျင့်တိုင်းဟာ အခြေခံဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေ တတ်မြောက်ကြပြီး တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ဆေးရုံကားမရောက်ခင် ဒါမှမဟုတ် ဆေးရုံမရောက်ခင်မှာ ဆိုးဆိုးဝါးဝါးမဖြစ်အောင် ပြုစုကုသပေးနိုင်ကြပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားစရာတစ်ချက်က သမ္မတတစ်ယောက်ရဲ့ လမ်းကြောင်းဟာ အမြဲတမ်း အနီးဆုံး ဆေးရုံနဲ့ ၁၀ မိနစ်အကွာအဝေးမှာ ရှိရမယ်လို့ လမ်းကြောင်းဆွဲလေ့ရှိတာပါပဲ။

၅။ သွေးအိတ်အပို အမြဲဆောင်ထားတယ်

ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုတင်ရှိတာမဟုတ်ပါဘူး၊ သမ္မတများ မတော်တဆ တစ်ခုခု ဖြစ်ခဲ့ရင်၊ သွေးအလှူရှင်လည်း ချက်ချင်းမပေါ်ခဲ့ရင် ဒုက္ခမရောက်အောင် သွေးအပိုအိတ်တွေလည်း ဆောင်ထားလေ့ရှိကြပါတယ်။

၆။ ရုပ်ရှင်ထဲကလို အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို ဖွက်ထားတဲ့နေရာဆိုတာ တကယ်ရှိပါတယ်

ရုပ်ရှင်ထဲမှာ ရိုက်ပြနေတဲ့ Mount Weather (ဝယ်သာတောင်ကုန်း) ဆိုတာ တကယ်ရှိပြီး ဒီတောင်ရဲ့ အောက်မှာ မြေအောက်ဘန်ကာတစ်ခုရှိပါတယ်။ တိုင်းပြည်ရဲ့ အရေးကြီးခေါင်းဆောင်တွေ စုဝေးရတဲ့ ပွဲတစ်ခုခုမှာဆိုရင် တိုင်းပြည်ရဲ့ အခြားအရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို အဲ့ဒီနေရာမှာ ဖွက်ထားလေ့ရှိပါတယ်။ တကယ်လို့များ အကြမ်းဖက်သမားတွေဟာ အစိုးရထိပ်တန်းခေါင်းဆောင်တွေအားလုံးကို တိုက်ခိုက်ပြီး တိုင်းပြည်တည်ငြိမ်ရေးပျက်ပြားအောင်လုပ်မယ်ဆိုရင်တော့ သူတို့ အစီအစဉ်ဟာ ပျက်ပြားသွားဖို့ များပါတယ်။

၇။ သမ္မတတစ်ယောက်စီမှာ ကုဒ်နာမည်တစ်ခုစီရှိကြပါတယ်

သမ္မတတွေကို ကုဒ်နာမည်တွေသတ်မှတ်ပေးထားတယ်ဆိုတာ ရုပ်ရှင်ထဲမှာတင် မဟုတ်ပါဘူး၊ အပြင်မှာလည်း ကုဒ်နာမည်တွေနဲ့ပါ။ မိသားစုတစ်စုအတွက် အရှေ့စာလုံးအစကို တူတူပေးထားပြီး ဥပမာအနေနဲ့ဆိုရင်တော့ အိုဘားမားဆိုရင် Renegade ၊ သူ့မိန်းမကို Renaissance လို့ သတ်မှတ်ပြီး သူတို့ရဲ့ သမီးလေးတွေကတော့ Radiance နဲ့ Rosebud လို့ သတ်မှတ်ထားတာမျိုးပါ။

၈။ သမ္မတရဲ့ ဘဲဥပုံရုံးခန်းထဲမှာ Motion Sensors တွေ အပြည့်ရှိပါတယ်

Secret Service ရဲ့ စည်းမျဉ်းတွေထဲက တစ်ခုမှာ သမ္မတကို ဘယ်တော့မှ တစ်ယောက်တည်း မထားခဲ့ဖို့ပါပဲ။ တကယ်လို့ သမ္မတကိုယ်တိုင်က သူ့ရဲ့ ဘဲဥပုံရုံးခန်းထဲမှာ ဘယ်အေးဂျင့်မှ မရှိဘဲ တစ်ယောက်တည်းနေချင်တယ်ဆိုရင်တော့ ထားခဲ့ပေးပြီး အခန်းရဲ့ ကြမ်းပြင်မှာရှိတဲ့ Sensor တွေကနေပြီး လှုပ်ရှားမှုတွေနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ခြေရာခံနိုင်မှာပါ။

၉။ သမ္မတရဲ့ လှုပ်ရှားမှုတွေမှာ လိုက်ပါ ပါဝင်လေ့ရှိကြတယ်

သမ္မတကို တစ်ယောက်တည်းမထားတဲ့အတွက်၊ အေးဂျင့်တွေဟာ သမ္မတရဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်လုပ်ဆောင်ရပါတော့တယ်။ သမ္မတ မနက်ထပြေးမလား၊ လိုက်ပြေးတယ်၊ တောင်တွေ တက်လား၊ လိုက်တတ်တယ်။ စကိတ်စီးမလား၊ တူတူလိုက်စီးကြတာပါ။

၁၀။ သမ္မတ ဆေးခန်းပြရင်လည်း အတူလိုက်သွားကြတာပဲ

သမ္မတကို တစ်ခုခု လုပ်ကြံမယ့် အန္တရာယ်က ဝေးအောင်၊ ဆေးခန်းသွားရင်လည်း အဖော်အနေနဲ့ လိုက်သွားလေ့ရှိပါတယ်။

၁၁။ ခြိမ်းခြောက်စာတွေ အားလုံးကို ခြေရာခံပါတယ်

ရုပ်ရှင်ထဲမှာ ခြိမ်းခြောက်မှုတွေကို ခြေရာခံသလိုမျိုးပါပဲ။ Email က အစ လက်ရေးနဲ့ ရေးတဲ့ စာတွေအားလုံး ခြိမ်းခြောက်မှုပုံစံဝင်ရင် ခြေရာခံလိုက်တော့တာပါပဲ။ သူတို့ဆီမှာ ထောင်နဲ့ချီတဲ့ လက်ရေးလက်သားတွေ၊ မင်အမျိုးအစားတွေကို Database ဆောက်ပြီးသား ရှိပါတယ်။

၁၂။ ရှိသမျှ အဖြစ်အပျက်အားလုံးကို မှတ်တမ်းတင် ရိုက်ကူးထားတတ်ပါတယ်

အေးဂျင့်တွေဟာ သုံးနိုင်သမျှ ကင်မရာအမြောက်အများသုံးကြပါတယ်။ ဒါမှ တစ်ခုခု ဖြစ်ပျက်တာနဲ့ ချက်ချင်းပြန်ရှာလို့ ရအောင်ပါ။ သမ္မတကနေဒီကို လုပ်ကြံသတ်ဖြတ်မှုအပြီးမှာ သမ္မတရဲ့ လှုပ်ရှားမှုတွေအတွက် ဗွီဒီယိုရိုက်ကူးရေးလုပ်ဖို့ ကားတစ်စီး သီးသန့်ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

၁၃။ သမ္မတအတွက် အသေခံဖို့ ကျမ်းကျိန်ထားတယ်ဆိုတာ မဟုတ်ပါဘူး

ဒါဟာ ဟောလီးဝုဒ်ကားတွေက ထည့်တဲ့ ဂျင်းဖြစ်ပြီး လက်တွေ့မှာတော့ ဒီလို ကျမ်းကျိန်ထားတာမျိုး မရှိပါဘူး။

၁၄။ တာဝန်ထမ်းဆောင်နေရင်း သမ္မတကို အသက်နဲ့လဲ ကာကွယ်လို့ သေဆုံးသွားတာလည်း တစ်ယောက်ပဲ ရှိပါသေးတယ်

အပေါ်မှာ ပြောခဲ့သလိုပဲ အေးဂျင့်တွေက သမ္မတအတွက် အသက်ကို စွန့်လွှတ်မယ်ဆိုရင် ဒါဟာ တာဝန်အရမဟုတ်ဘဲ၊ သူတို့ကိုယ်တိုင်က လိုလိုလားလား ကိုယ်ကျိုးစွန့်တာ ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာတော့ Secret Service အရာရှိတစ်ယောက်ဖြစ်တဲ့ Leslie Coffelt ဟာ အမေရိကန်သမ္မတ Harry Truman ကို ကာကွယ်ရင်း ၁၉၅၀ ခုနှစ် နိုဝင်ဘာလ ၁ရက်နေ့မှာ ကျဆုံးခဲ့ရပါတယ်။

၁၅။ သူတို့ ရုံးချုပ်တည်နေရာကို လျှို့ဝှက်ချက်အနေနဲ့ ထိန်းသိမ်းထားပါတယ်

Secret Service ရဲ့ ရုံးချုပ်ဟာ ဝါရှင်တန်မြို့က အဆောက်အဦးတစ်ခုမှာ တည်ထားပါတယ်။ ဒါပေမယ့် သိသာထင်ရှားအောင် ဘာဆိုင်းဘုတ်၊ ဘာလမ်းညွှန်မှ တပ်မထားပါဘူး။ ဗုံးတွေဘာတွေ ထောင်လို့ မရအောင် အမှိုက်ပုံးတွေလည်း မထားပါဘူး။

၁၆။ Secret Service ဟာ သမ္မတလင်ကွန်းလုပ်ကြံခံရမှုအပြီးမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်

Secret Service ကို တည်ထောင်ဖို့ အကြံပေးတာကတော့ Hugh McCulloch ဖြစ်ပြီး သမ္မတကြီးလင်ကွန်းကို ၁၈၆၅ ခုနှစ် ဧပြီလ ၁၄ ရက်မှာ ဒီကိစ္စ တင်ပြခဲ့ပါတယ်။ အဲဒီနေ့ညမှာပဲ သမ္မတလင်ကွန်းဟာ ကဇာတ်ရုံကို သွားခဲ့ပြီး လုပ်ကြံခံခဲ့ရတာပဲ ဖြစ်ပါတယ်။

၁၇။ Secret Service ဟာ သမ္မတကို ကာကွယ်ဖို့သက်သက် ပေါ်ပေါက်လာတာ မဟုတ်ပါဘူး

လင်ကွန်းကို လုပ်ကြံမှုအပြီးမှာ ပေါ်ပေါက်ခဲ့ပေမယ့် Secret Service ရဲ့ မူလရည်ရွယ်ချက်ကတော့ ငွေကြေးမသမာမှုတွေနဲ့ ငွေကြေးခဝါချမှုတွေကို စုံစမ်းတိုက်ဖျက်ဖို့ ဖြစ်ပြီး ခုထိလည်း ဒီကိစ္စတွေကို ဆက်လက်လုပ်ဆောင်နေဆဲပါပဲ။

၁၈။ မျက်မှန်မည်းကြီးတွေ တပ်ထားလေ့မရှိကြပါဘူး

ရုပ်ရှင်ထဲမှာသာ ဝတ်စုံနက်ကြီးနဲ့ ဂလဲကြီးနဲ့ စတိုင်ထုတ်ပေမယ့် တကယ့်အေးဂျင့်အစစ်တွေကတော့ မစ်ရှင်တွေ အတွင်း မျက်မှန်မည်းကြီးတွေနဲ့ စတိုင်ထုတ်လေ့မရှိပါဘူး။

၁၉။ သူတို့ရဲ့ လက်တွေဟာ သေနတ်ဆွဲထုတ်ဖို့ အမြဲအသင့်ရှိနေကြပါတယ်

ဓာတ်ပုံတွေထဲမှာ အေးဂျင့်တွေကို အနီးကပ်ကြည့်မယ်ဆိုရင် သူတို့ရဲ့ လက်တွေဟာ အမြဲ ခါးနားတစ်ဝိုက်မှာ ရှိနေတတ်တာ တွေ့ရမှာပါ။ လက်ချောင်းနဲ့ လက်ပုံစံတွေသာ ကွဲပြားရင် ကွဲပြားမယ်၊ အဓိပ္ပာယ်ကတော့ တူတူပဲ ဖြစ်ပါတယ်။ အမြဲတမ်းသေနတ်ဆွဲထုတ်ဖို့ အသင့်ဆိုတဲ့ ပုံစံမျိုးပါပဲ။

ရိုးလူ (အခရာ)

www.akahyar.com

Ref : Bright Side