[ZawGyi]



Indefinite Pronouns


ဥပမာလေးတွေ ပြမယ်နော်။

1) One page is missing.
2) Everybody is present.
3) Someone is at the door.
4) Nobody is at home.
5) Is anyone at home?

Collective Nouns

ဥပမာ..

Nouns ending in S.



စသဖြင့်ပေါ့။



Money, Time, Distance





ဆိုတာမျိုးပေါ့။


www.akhayar.com

[Unicode]

အမြဲတမ်းကြိယာအနည်းလိုက်ရတာ ဘာတွေလဲ

အခရာပရိသတ်ကြီးရေ ဒီတစ်ပတ်မှာခါတိုင်းတင်ဆက်ပေးနေကျဖြစ်တဲ့ အင်္ဂလိပ်စာသင်ယူမှုအကြောင်းကိုပြန်လည်ဖော်ပြပေးချင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လွယ်ကူတယ်လို့ဆိုနိုင်ပေမယ့် မသိရင်လည်းအခက်တွေ့နိုင်ပြန်တဲ့ Singular ဆိုတဲ့အကြောင်းအရာကိုမျှဝေပေးမယ်နော်။ တချို့သော Subjet Nouns ၊ Pronouns နဲ့ Combinations of nouns တွေဟာ သူတို့နောက်မှာ အမြဲလို Singular Verb လိုက်ရတာရှိပါတယ်။
ဒီတော့ ရှေ့က Subject နည်းနည်းများများ အမြဲတမ်း Verb အနည်းလိုက်ရတာက ဘာတွေလဲဆိုတာအလွတ်မှတ်သားထားသင့်ပါတယ်။

Indefinite Pronouns

One ၊ Each ၊ Every ၊ Everyone ၊ Everybody ၊ Someone ၊ Somebody ၊ No one ၊ Nobody ၊ Anyone ၊ Either ၊ Neither စတဲ့ စာလုံးတွေရဲ့နောက်မှာ အမြဲတမ်း Singular Verb လိုက်ပါတယ်။

ဥပမာလေးတွေ ပြမယ်နော်။

1) One page is missing.
2) Everybody is present.
3) Someone is at the door.
4) Nobody is at home.
5) Is anyone at home?
6) Neither of the men is reliable. စသဖြင့် ကြိယာအနည်းပဲ လိုက်ပါတယ်နော်။

Collective Nouns

တချို့သော အစုအဖွဲ့ အစုအဝေး၊ သတ္တဝါအားလုံးနဲ့ဆိုင်တဲ့အရာမျိုးတွေနောက်မှာလည်း Singular Verb လိုက်ပါတယ်။
ဥပမာလေးတွေနဲ့ရှင်းအောင်ရွေးထုတ်ပြရရင်…
Equipment ၊ Machinery ၊ Furniture ၊ Ammunition ၊ Installation ၊ Electricity ၊ Advertising ၊ Mail ၊ Postage ၊ Education ၊ Housing ၊ Nutrition ၊ Pollution ၊ Contamination ၊ Conservation ၊ Clothing ၊ Food ၊ Health ၊ Manpower ၊ Leadership ၊ Evidence ၊ Justice ၊ Violence ၊ Peace ၊ Tolerance ၊ Honesty ၊ Reliability တို့တွေဖြစ်ပါတယ်။
ဥပမာ..
1) The machinery is out of date.
2) The information was confidential.
3) The new software is very useful.
4) Pollution is everybody’s concern.
5) Violence has swept through the city.

Nouns ending in S.

တချို့သော S နဲ့ဆုံးတဲ့ နာမ်တွေနောက်မှာလည်း ကြိယာအနည်းလိုက်ပါတယ်။

News ၊ Economics ၊ Politics ၊ Statistics ၊ Mathematics ၊ Physics ၊ Measles ၊ Mumps ၊ Aids ၊ the United States ဒါတွေရဲ့နောက်မှာ ကြိယာအနည်းပဲလိုက်ရပါမယ်။

1) The news is interesting.
2) Statistics is a difficult subject.
3) Aids is a killer disease.
စသဖြင့်ပေါ့။

ပြီးတော့ The number of ရဲ့နောက်မှာပါ။

The number of refugees is increasing. လို့သာ အနည်းနဲ့သုံးပါတယ်နော်။

Money, Time, Distance

Money, Time, Distance နဲ့ ပတ်သက်ရင် အမြဲတမ်း ကြိယာအနည်းလိုက်တယ်နော်။

1) Fifty dollars is too much to pay.
2) Ten minutes is all I can wait.
3) One mile is not too far to run.
ဒါတွေကို လေ့လာကြည့်ပါ။

Two nouns that naturally go together

အမြဲလိုနှစ်ခုတွဲရက်သုံးလေ့ရှိတဲ့ nouns တွေ နောက်မှာ အနည်းလိုက်ပါတယ်။
ဥပမာ- 1) His bread and butter is singing.
2) Fish and chips is my favourite snack.
3) Bed and breakfast costs only $ 120.

ဆိုတာမျိုးပေါ့။

အားလုံးပဲ ဒါလေးတွေကို ရွေးထုတ်ပြီးမှတ်သားလိုက်ရင် Subject များတိုင်း ကြိယာအများလိုက်မိတဲ့ မှားတတ်တဲ့အမှားတွေကို ရှောင်ပြီးသားဖြစ်သွားပါလိမ့်မယ်နော်။

www.akhayar.com