မန်ယူအသင်းရဲ့ ဒီရာသီပရီးမီးယားလိဂ် ရလဒ်တွေကို အသင်းပရိသတ်တွေကတော့ သိပ်ကျေနပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ စစ်တမ်းတွေအရ ကြည့်ရင်တော့ မန်ယူအသင်းအခြေအနေက အဆိုးကြီးမဟုတ်တာ တွေ့ရမှာပါ။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ပွဲ ကစားပြီးချိန်မှာ (၅)မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၈)နေရာ ရောက်နေပေမယ့် ‘UtdArena’ လို့ အမည်ရတဲ့ Twitter Account ပိုင်ရှင်က ဂိုးသွင်းခွင့်တွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်မှု၊ မပေးသင့်တဲ့ သွင်းဂိုးတွေကို ထည့်သွင်းတွက်ချက်ပြီး ရသင့်တဲ့ အမှတ်ကိုသာ ရယူနိုင်ရင် မန်ယူအသင်းဟာ လီဗာပူးလ်အသင်းထက်တောင် စွမ်းဆောင်ရည် ပိုကောင်းနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ မန်ယူအသင်းဟာ ဂိုးသွင်းခွင့်တွေကို အသုံးမချနိုင်ခဲ့တာနဲ့ မပေးသင့်တဲ့ ဂိုးတွေ ခွင့်ပြုခဲ့ရတာက အခုလိုအခြေအနေမျိုး ရောက်စေခဲ့တာပါပဲ။

ဒီဇယားရဲ့ ထိပ်ဆုံးနေရာကိုတော့ ပရီးမီးယားလိဂ်(၂)ရာသီဆက် ချန်ပီယံ မန်စီးတီးအသင်းက သိမ်းပိုက်ခဲ့ပြီး မန်ယူက ဒုတိယ၊ လီဗာပူးလ်က တတိယနေရာမှာ ရပ်တည်ခဲ့သလို ချယ်လ်ဆီး၊ ဆောက်သမ်တန်၊ စပါးအသင်းတွေကလည်း ထိပ်ဆုံး(၆)သင်းစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှား Solskjaer ကလည်း သူ့အသင်းဟာ ဂိုးသွင်းခွင့်တွေကို အသုံးချနိုင်မှု အားနည်းတယ်လို့ ဆောက်သမ်တန်နဲ့ပွဲအပြီးမှာ ၀န်ခံပြောဆိုခဲ့ပါတယ်။ “ဆောက်သမ်တန်နဲ့ပွဲမှာ ကျွန်တော်တို့ ပွဲအစပိုင်းကစားပုံ ကောင်းမွန်ခဲ့ပါတယ်။ ဒုတိယဂိုးနဲ့ တတိယဂိုးတွေရရင် ပွဲသိမ်းပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အသုံးမချနိုင်ခဲ့ပါဘူး။ ပယ်နယ်တီလွဲချော်မှုတွေနဲ့အတူ ကျွန်တော်တို့အသင်း ရလဒ်ပိုင်း ထိခိုက်ရှိပေမယ့် ခြေစွမ်းကတော့ အားရဖို့ ကောင်းနေဆဲပါပဲ”။ Akhayar Sports ပရိသတ်ကြီးရေ . .မန်ယူအသင်း ဒီရာသီ ရလဒ်တွေဆိုးနေတာက အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့လား ဒါမှမဟုတ် ကစားပုံက တကယ်ပဲညံ့နေတာလားဆိုတာ ကိုယ့်အမြင်လေးတွေ ပြောခဲ့ပါဦး . .

REF:The Sun
Photo:The Sun,Manchester United Facebook
Naing Linn(Akhayar)
www.akhayar.com