[Zawgyi]




 




ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

Along With the Gods:The Last 49 Daysကို သြဂုတ်လမှာ ပြသသွားမယ်

၂၀၁၈ ခုနှစ်အတွက် ကိုရီးယားအက်ရှင်ဒရာမာ ဇာတ်ကားကောင်းတစ်ခုဖြစ်တဲ့ Along With the Gods:The Last 49 Days ကို လာမယ့်သြဂုတ်လ ၁ ရက်နေ့ မှာ စတင်ပြသသွားမယ်လို့သိရပါတယ်။ ဒီဇာတ်ကားဟာ Along with the Gods:The Two Worlds ရဲ့ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ ပါဝင်ကြမယ့်သရုပ်ဆောင်တွေကတော့ Ha Jung Woo ၊ Ju Ji Hoon ၊ Kim Hyang Gi ၊ Ma Dong Seok နဲ့ Kim Dong Wook တို့ဖြစ်ပါတယ်။

The Two Worlds ပြီးတော့ အခု The Last 49 Days ကိုဆက်တိုက်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံ ကတော့ The Two Worlds ကိုကြည့်ပြီးသူတွေဆိုရင် ဆက်ဆက်မှုရှိမယ်လို့ထင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ကျော်က အတိတ်တွေကို ပါသိရှိနေပြီး လွန်ခဲ့တဲ့ အတိတ်ကဘယ်လိုရေစက်တွေဆုံခဲ့တယ် ပြီးတော့ သူတို့ရဲ့အတိတ်ဘဝဟာ ဘယ်လိုဆက်စပ်နေခဲ့တယ် ဆိုတဲ့မယုံနိုင်စရာလျှို့ဝှက်ချက်တွေကိုပါ သိရတော့မှာဖြစ်ပါတယ်။

 

The Two Worlds ဇာတ်ကားတုန်းကလည်းမြန်မာပရိသတ်တွေ အားပေးခဲ့ကြတဲ့ အတွက် အခုနောက်ဇာတ်ကားဖြစ်တဲ့ The Last 49 Days ကိုလည်းကိုရီးယားမှာ သြဂုတ်လ ၁ ရက်နေ့ ရုံတင်ပြီးနောက် မြန်မာပြည်မှာလည်း မကြာမီ ရုံတင်ပြသသွားမှာ ဖြစ်တဲ့အတွက် ကြည့်ရှုအားပေးနိုင်ရန်အတွက် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇာတ်ကား The Two Worlds မှာတော့ ဇာတ်ကားဝင်ငွေဟာဆိုရင် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်အထိရှိခဲ့တာဖြစ်ပါတယ်။

ဒီဇာတ်ကားအတွက် ထွက်ရှိထားတဲ့ နမူနာကိုလည်း အကြိုခံစားနိုင်ရန်အတွက်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit:HanCinema

ကြည်သာ (Akhayar)

www.akhayar.com