[Zawgyi]



Alli

Alli


Ref: BBC Sport
Photo: Spur Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

စပါးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ကွင်းလယ်လူ အယ်လီ Alli

စပါးအသင်း ကွင်းလယ်လူ အယ်လီ Alli ဟာ အသင်းနဲ့(၆)နှစ် စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ စာချုပ်သစ်အရ အယ်လီဟာ စပါးအသင်းမှာ (၂၀၂၄)ခုနှစ်အထိဆက်ရှိနေမှာဖြစ်ပါတယ်။ အသက်(၂၂)နှစ်အရွယ်ရှိပြီဖြစ်သူ အယ်လီဟာ စပါးအသင်းကို (၂၀၁၅)ခုနှစ်က MK Dons အသင်းကနေ ပေါင်(၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းမှာခြေစွမ်းပြကစားနေသူပဲဖြစ်ပါတယ်။ စပါးအသင်းအတွက် အယ်လီဟာ လက်ရှိအချိန်ထိ ပွဲပေါင်း(၁၅၃)ပွဲကစားထားပြီး (၄၈)ဂိုးသွင်းယူထားသူပါ။

Alli

Alli

အယ်လီ က ” စပါးအသင်းမှာ ကစားရတဲ့အချိန်တွေဟာ ကျွန်တော့်အတွက် တကယ့်ကိုကောင်းမွန်ခဲ့ပါတယ်။ နောက်ပိုင်းဘာဖြစ်မလဲဆိုတာကိုလည်း ကျွန်တော်အရမ်းစိတ်လှုပ်ရှားမိပါတယ် ” လို့ Instagram ကနေ တစ်ဆင့်ပြောကြားခဲ့ပါတယ်။

Ref: BBC Sport
Photo: Spur Twitter
Ko Kyue(Akhayar)
www.akhayar.com