This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေပါင္ၿခံဒဏ္ရာေၾကာင့္ ပနားမားနဲ႔ ပြဲကို လြဲေခ်ာ္ဖို႔ ရွိေနတဲ့ အဂၤလန္ ကြင္းလယ္လူ အယ္လီ Alli

တူနီးရွားအသင္းကို ပြဲစဥ္မွာ ရရွိခဲ့တဲ့ ေပါင္ၿခံဒဏ္ရာေၾကာင့္ ပနားမားနဲ႔ ကစားမယ့္ ပြဲစဥ္ကို အဂၤလန္ ကြင္းလယ္လူ အယ္လီ Alli လြဲေခ်ာ္ဖို႔ ရွိေနပါတယ္။ ပနားမားအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ ပထမပိုင္းမွာကတည္းက အဆိုပါ ဒဏ္ရာကို ရရွိခဲ့တာျဖစ္ၿပီး နည္းျပ ေဆာက္ဂိတ္ဒ္ Southgate က ဒဲလ္ဖ္ Delph နဲ႔ လူစားလဲဖို႔ စီစဥ္ခဲ့ေပမယ့္ အယ္လီ Alli က ပြဲကုိ ဆက္လက္ ကစားခဲ့တာျဖစ္ပါတယ္။ ပြဲကစားခ်ိန္ မိနစ္ (၈၀)အေရာက္မွာေတာ့ အယ္လီ Alli ရဲ႕ ဒဏ္ရာအေျခအေနက ျပင္းထန္လာခဲ့လို႔ ေလာ့စ္ဖ္တက္ခ္ခ်ိစ္ဖ္ Loftus-Cheek နဲ႔ လူစားလဲခဲ့ရၿပီး ကြင္းအတြင္းကေန ေပါင္ကို ကိုင္လ်က္ ထြက္ခြာခဲ့ရပါတယ္။ အခုတစ္ပတ္ အဂၤါေန႔မွာ အယ္လီ Alli ရဲ႕ ဒဏ္ရာအေျခအေနကို စစ္ေဆးမႈေတြ ျပဳလုပ္သြားမွာျဖစ္ၿပီး သတင္းထုတ္ျပန္မႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

The-Tottenham-star-sustained-a-thigh-problem-during-the-first-half-against-Tunisia-on-Monday

The-Tottenham-star-sustained-a-thigh-problem-during-the-first-half-against-Tunisia-on-Monday

ကြင္းလယ္လူ အယ္လီ Alli က “အရာအားလံုး အဆင္ေျပဖို႔ ေမွ်ာ္လင့္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ထြက္ေပၚေနတဲ့ သတင္းေတြအရ အယ္လီ Alli ရဲ႕ ဒဏ္ရာက ျပင္းထန္ဖို႔ ရွိေနၿပီး အခုတစ္ပတ္ တနဂၤေႏြေန႔မွာ ကစားမယ့္ ပနားမားအသင္းနဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ရွိေနပါတယ္။ အဂၤလန္အသင္းဟာ အုပ္စုအဖြင့္ ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ တူနီးရွားအသင္းနဲ႔ ပြဲစဥ္မွာ အသင္းေခါင္းေဆာင္ ဟယ္ရီကိန္း Harry Kane ရဲ႕ ေနာက္က် သြင္းဂိုးေၾကာင့္ (၂-၁)ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ေနာက္တစ္ဆင့္အတြက္ အေျခအေနေကာင္း တစ္ရပ္ကို ပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

REF:Daily Mail
Photo:Sportsdroid, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပေါင်ခြံဒဏ်ရာကြောင့် ပနားမားနဲ့ ပွဲကို လွဲချော်ဖို့ ရှိနေတဲ့ အင်္ဂလန် ကွင်းလယ်လူ အယ်လီ Alli

တူနီးရှားအသင်းကို ပွဲစဉ်မှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် ပနားမားနဲ့ ကစားမယ့် ပွဲစဉ်ကို အင်္ဂလန် ကွင်းလယ်လူ အယ်လီ Alli လွဲချော်ဖို့ ရှိနေပါတယ်။ ပနားမားအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ် ပထမပိုင်းမှာကတည်းက အဆိုပါ ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး နည်းပြ ဆောက်ဂိတ်ဒ် Southgate က ဒဲလ်ဖ် Delph နဲ့ လူစားလဲဖို့ စီစဉ်ခဲ့ပေမယ့် အယ်လီ Alli က ပွဲကို ဆက်လက် ကစားခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် မိနစ် (၈၀)အရောက်မှာတော့ အယ်လီ Alli ရဲ့ ဒဏ်ရာအခြေအနေက ပြင်းထန်လာခဲ့လို့ လော့စ်ဖ်တက်ခ်ချိစ်ဖ် Loftus-Cheek နဲ့ လူစားလဲခဲ့ရပြီး ကွင်းအတွင်းကနေ ပေါင်ကို ကိုင်လျက် ထွက်ခွာခဲ့ရပါတယ်။ အခုတစ်ပတ် အင်္ဂါနေ့မှာ အယ်လီ Alli ရဲ့ ဒဏ်ရာအခြေအနေကို စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး သတင်းထုတ်ပြန်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

The-Tottenham-star-sustained-a-thigh-problem-during-the-first-half-against-Tunisia-on-Monday

The-Tottenham-star-sustained-a-thigh-problem-during-the-first-half-against-Tunisia-on-Monday

ကွင်းလယ်လူ အယ်လီ Alli က “အရာအားလုံး အဆင်ပြေဖို့ မျှော်လင့်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ အယ်လီ Alli ရဲ့ ဒဏ်ရာက ပြင်းထန်ဖို့ ရှိနေပြီး အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် ပနားမားအသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပါတယ်။ အင်္ဂလန်အသင်းဟာ အုပ်စုအဖွင့် ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ တူနီးရှားအသင်းနဲ့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် ဟယ်ရီကိန်း Harry Kane ရဲ့ နောက်ကျ သွင်းဂိုးကြောင့် (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်အတွက် အခြေအနေကောင်း တစ်ရပ်ကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

REF:Daily Mail
Photo:Sportsdroid, Daily Mail
Aung Kyaw Wai (Akhayar)
www.akhayar.com