[Zawgyi]

ေအစီမီလန္ကုိ ေျပာင္းေရႊ႕မယ့္ ဟီဂြါအင္ Higuain နဲ႔ ကယ္လ္ဒါရာ Caldara

ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္မွဴး ဟီဂြါအင္ Higuain နဲ႔ ေနာက္ခံလူ ကယ္လ္ဒါရာ Caldara တို႔ဟာ ေအစီမီလန္အသင္းကုိ ေျပာင္းေရႊ႕ေတာ့မွာျဖစ္ၿပီး အျပန္အလွန္အေနနဲ႔ ေအစီမီလန္ေနာက္ခံလူ ဘုိႏူခ်ီ Bonucci ဂ်ဴဗင္တပ္စ္အသင္းဆီ ျပန္လည္ေျပာင္းေရႊ႕မွာျဖစ္တယ္လုိ႔ ဂ်ဴဗင္တပ္စ္နည္းျပ အယ္လီဂရီ Allegri က အတည္ျပဳေျပာၾကားခဲ့တယ္။

AC-Milan-New-Striker-Higuain-

AC-Milan-New-Striker-Higuain-

ဟီဂြါအင္ဟာ ဒီေန႔(ၾကာသပေတး)မွာ ေအစီမီလန္အသင္းနဲ႔အတူ ေဆးစစ္မႈခံယူဖုိ႔အတြက္ မီလန္ၿမဳိ႕ကုိ ေရာက္ရွိေနၿပီး ေအစီမီလန္အသင္းက ဟီဂြါအင္ကုိ အခုေလာေလာဆယ္ အငွားစာခ်ဳပ္ခ်ဳပ္ဆုိသြားမွာျဖစ္ေပမယ့္ ရာသီကုန္က်ရင္ေတာ့ အၿပီးသတ္ေခၚယူသြားမွာပါ။ ဂ်ဴဗင္တပ္စ္အသင္းက ေပၚတူဂီနာမည္ေက်ာ္ ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ ေခၚယူခ့ဲတာေၾကာင့္ ပံုမွန္ပဲြထြက္ခြင့္ရဖုိ႔ မလြယ္ေတာ့တဲ့အတြက္ ဟီဂြါအင္ဟာ ေအစီမီလန္အသင္းကုိ ေျပာင္းေရႊ႕ဖုိ႔ ဆုံးျဖတ္ခဲ့တာလည္းျဖစ္ပါတယ္။

Higuain-

Higuain-

ဟီဂြါအင္ဟာ ၂၀၁၆ ခုႏွစ္က နာပုိလီအသင္းကေန ဂ်ဴဗင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ၿပိဳင္ပဲြစုံ (၁၀၅)ပဲြကစား၊ (၅၅)ဂုိးသြင္းယူခဲ့သလုိ စီးရီးေအဖလား(၂)ႀကိမ္၊ ကုိပါအီတာလီယာဖလား (၂)ႀကိမ္ရရွိခဲ့တယ္။ ေအစီမီလန္အသင္းဟာ ဟီဂြါအင္အတြက္ ေပါင္(၁၆)သန္း အရင္ေပးေခ်သြားမွာျဖစ္ၿပီး ရာသီကုန္က်ရင္ ေပါင္(၃၂.၁)သန္း ေပးေခ်သြားမွာပါ။ ေအစီမီလန္အသငး္မွာ ေဆးစစ္မႈခံယူဖုိ႔အတြက္ မီလန္ၿမိဳ႕ကုိ ဟီဂြါအင္ ေရာက္ရွိခဲ့ခ်ိန္မွာ ပရိသတ္ေထာင္နဲ႔ခ်ီ ႀကိဳဆုိအားေပးခဲ့တဲ့အတြက္ သူက”ပရိသတ္ေတြ အမ်ားႀကီး လာႀကိဳၾကတဲ့အတြက္ ၀မ္းေျမာက္မိပါတယ္။ ကၽြန္ေတာ့္ကို အေလးထားခဲ့တဲ့ ဂ်ဴဗင္တပ္စ္အသင္းကုိလည္း ေက်းဇူးတင္ပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။

Bonucci

Bonucci

ေအစီမီလန္ကုိ ဟီဂြါအင္ ေျပာင္းေရႊ႕ၿပီးၿပီးခ်င္းမွာပဲ ေအစီမီလန္ေနာက္ခံလူ ဘုိႏူခ်ီကလည္း အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ကုိ ျပန္လည္ေရာက္ရွိမွာျဖစ္ပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဘုိႏူခ်ီဟာ ၿပီးခဲ့တဲ့ႏွစ္က ေအစီမီလန္ကုိ ယူ႐ုိ(၄၂)သန္းနဲ႔ေျပာင္းေရႊ႕ခဲ့ၿပီး တစ္ရာသီအၾကာမွာပဲ အသင္းေဟာင္း ဂ်ဴဗင္တပ္စ္ဆီ ျပန္ေျပာင္းခဲ့တာပါ။ အယ္လီဂရီက”(၁)ႏွစ္အၾကာမွာပဲ ဘုိႏူခ်ီဟာ ကၽြန္ေတာ္တို႔အသင္းဆီ ျပန္ေရာက္လာခဲ့ပါၿပီ။ သူဟာ အေရးပါတဲ့ကစားသမားတစ္ဦးပါ။ ကယ္လ္ဒါရာကေတာ့ ငယ္ရြယ္ၿပီး သူနဲ႔အတူ ႐ုိမက္ဂ္ႏုိလီ Romagnoli ၊ ႐ူဂါနီ Rugani တို႔ဟာ အီတလီခံစစ္အတြက္ အားထားရမယ့္ ကစားသမားေတြျဖစ္ပါတယ္။ သူ႔ကုိ လက္လႊတ္ခဲ့ရတဲ့အတြက္ေတာ့ စိတ္မေကာင္းပါဘူး”လုိ႔ ေျပာၾကားခဲ့တယ္။

REF:The Sun,sportskeeda
Photo:AC Milan Twitter,globalsports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အေစီမီလန်ကို ပြောင်းရွှေ့မယ့် ဟီဂွါအင် Higuain နဲ့ ကယ်လ်ဒါရာ Caldara

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ဟီဂွါအင် Higuain နဲ့ နောက်ခံလူ ကယ်လ်ဒါရာ Caldara တို့ဟာ အေစီမီလန်အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ အေစီမီလန်နောက်ခံလူ ဘိုနူချီ Bonucci ဂျူဗင်တပ်စ်အသင်းဆီ ပြန်လည်ပြောင်းရွှေ့မှာဖြစ်တယ်လို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ Allegri က အတည်ပြုပြောကြားခဲ့တယ်။

AC-Milan-New-Striker-Higuain-

AC-Milan-New-Striker-Higuain-

ဟီဂွါအင်ဟာ ဒီနေ့(ကြာသပတေး)မှာ အေစီမီလန်အသင်းနဲ့အတူ ဆေးစစ်မှုခံယူဖို့အတွက် မီလန်မြို့ကို ရောက်ရှိနေပြီး အေစီမီလန်အသင်းက ဟီဂွါအင်ကို အခုလောလောဆယ် အငှားစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပေမယ့် ရာသီကုန်ကျရင်တော့ အပြီးသတ်ခေါ်ယူသွားမှာပါ။ ဂျူဗင်တပ်စ်အသင်းက ပေါ်တူဂီနာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကို ခေါ်ယူခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရဖို့ မလွယ်တော့တဲ့အတွက် ဟီဂွါအင်ဟာ အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။

Higuain-

Higuain-

ဟီဂွါအင်ဟာ ၂၀၁၆ ခုနှစ်က နာပိုလီအသင်းကနေ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၀၅)ပွဲကစား၊ (၅၅)ဂိုးသွင်းယူခဲ့သလို စီးရီးအေဖလား(၂)ကြိမ်၊ ကိုပါအီတာလီယာဖလား (၂)ကြိမ်ရရှိခဲ့တယ်။ အေစီမီလန်အသင်းဟာ ဟီဂွါအင်အတွက် ပေါင်(၁၆)သန်း အရင်ပေးချေသွားမှာဖြစ်ပြီး ရာသီကုန်ကျရင် ပေါင်(၃၂.၁)သန်း ပေးချေသွားမှာပါ။ အေစီမီလန်အသင်းမှာ ဆေးစစ်မှုခံယူဖို့အတွက် မီလန်မြို့ကို ဟီဂွါအင် ရောက်ရှိခဲ့ချိန်မှာ ပရိသတ်ထောင်နဲ့ချီ ကြိုဆိုအားပေးခဲ့တဲ့အတွက် သူက”ပရိသတ်တွေ အများကြီး လာကြိုကြတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကျွန်တော့်ကို အလေးထားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောကြားခဲ့တယ်။

Bonucci

Bonucci

အေစီမီလန်ကို ဟီဂွါအင် ပြောင်းရွှေ့ပြီးပြီးချင်းမှာပဲ အေစီမီလန်နောက်ခံလူ ဘိုနူချီကလည်း အသင်းဟောင်း ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုနူချီဟာ ပြီးခဲ့တဲ့နှစ်က အေစီမီလန်ကို ယူရို(၄၂)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး တစ်ရာသီအကြာမှာပဲ အသင်းဟောင်း ဂျူဗင်တပ်စ်ဆီ ပြန်ပြောင်းခဲ့တာပါ။ အယ်လီဂရီက”(၁)နှစ်အကြာမှာပဲ ဘိုနူချီဟာ ကျွန်တော်တို့အသင်းဆီ ပြန်ရောက်လာခဲ့ပါပြီ။ သူဟာ အရေးပါတဲ့ကစားသမားတစ်ဦးပါ။ ကယ်လ်ဒါရာကတော့ ငယ်ရွယ်ပြီး သူနဲ့အတူ ရိုမက်ဂ်နိုလီ Romagnoli ၊ ရူဂါနီ Rugani တို့ဟာ အီတလီခံစစ်အတွက် အားထားရမယ့် ကစားသမားတွေဖြစ်ပါတယ်။ သူ့ကို လက်လွှတ်ခဲ့ရတဲ့အတွက်တော့ စိတ်မကောင်းပါဘူး”လို့ ပြောကြားခဲ့တယ်။

REF:The Sun,sportskeeda
Photo:AC Milan Twitter,globalsports
Naing Linn(Akhayar)
www.akhayar.com