This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အုိက္စလန္အသင္းနဲ႔ပတ္သက္တဲ့ ထူးျခားတဲ့အခ်က္အလက္မ်ား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္အသင္းေတြထဲမွာ အေသးဆုံးႏုိင္ငံျဖစ္တဲ့ အုိက္စလန္ႏုိင္ငံက လက္ေရြးစင္အသင္းဟာ သူတို႔ရဲ႕ ပထမဆုံးကမၻာ႔ဖလားပဲြမွာပဲ တစ္ကမၻာလံုးက ပရိသတ္ေတြကုိ အံ့အားသင့္သြားေအာင္ လုပ္ျပႏုိင္ခဲ့တယ္။ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ (၂)ႀကိမ္တိုင္ ရခဲ့တဲ့အျပင္ ဒီႏွစ္ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ ဗုိလ္စဲြဖုိ႔အသင္းေတြထဲမွာ တစ္သင္းအပါအ၀င္ျဖစ္တဲ့ နာမည္ႀကီး အာဂ်င္တီးနားအသင္းကုိ တစ္ဂုိးစီ သေရကစားႏုိင္ခဲ့တာပဲျဖစ္ပါတယ္။ အုိက္စလန္အသင္းဟာ ၿပီးခဲ့တဲ့ယူ႐ုိ-၂၀၁၆ ၿပိဳင္ပဲြတုန္းကလည္း Shock Results ေတြရယူႏုိင္ခဲ့တဲ့အသင္းပါ။ အုပ္စုကုိ ေက်ာ္ျဖတ္ႏုိင္ခဲ့သလုိ ႐ႈံးထြက္(၁၆)သင္းအဆင့္မွာလည္း သူတို႔နဲ႔အဆေပါင္းမ်ားစြာ ကြာျခားတဲ့ အဂၤလန္အသင္းကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ယူၿပီး ကြာတားဖုိင္နယ္ကုိ တက္ေရာက္ႏုိင္ခဲ့တယ္။ ကြာတားဖုိင္နယ္မွာ ျပင္သစ္ကုိ ဂုိးျပတ္႐ႈံးနိမ့္ခဲ့ေပမယ့္ ဂုဏ္မငယ္ခဲ့ဘဲ အသင္းသမုိင္းတစ္ေလွ်ာက္ အျမင့္မားဆုံး ေအာင္ျမင္မႈတစ္ခုကုိ ရယူႏုိင္ခဲ့ပါတယ္။

Iceland-National-Football-Team

Iceland-National-Football-Team

အုိက္စလန္အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားေျခစစ္ပဲြမွာ ပထမဆုံးအႀကိမ္ေျခစစ္ပဲြေအာင္ျမင္ခဲ့တာလည္း ျဖစ္ပါတယ္။ အုပ္စုအဖြင့္ပဲြမွာ အာဂ်င္တီးနားနဲ႔ ဆုံေတြ႕ခဲ့တာေၾကာင့္ ဂုိးျပတ္မ႐ႈံးဖုိ႔ဘဲ ဆုေတာင္းရမယ္လုိ႔ ပရိသတ္ေတြ ထင္ခဲ့ၾကေပမယ့္ ဘယ္သူမွ မထင္မွတ္ေလာက္ေအာင္ အာဂ်င္တီးနားဆီက သေရတစ္မွတ္ရယူႏုိင္ခဲ့တယ္။ လူဦးေရ (၃)သိန္းေက်ာ္သာရွိတဲ့ ႏုိင္ငံငယ္ေလးတစ္ခုက လက္ေရြးစင္အသင္းဟာ အခုဆုိရင္ တစ္ကမၻာလုံးကေဘာလုံးပရိသတ္ေတြရဲ႕ အာ႐ုံကုိ ဖမ္းစားႏုိင္ခဲ့ၿပီ။ တကယ္ေတာ့ အုိက္စလန္အသင္းမွ ပေရာ္ဖက္ရွင္နယ္ကစားေနတဲ့ ေဘာလုံးသမားစစ္စစ္က လက္ခ်ိဳးေရလုိ႔ရၿပီး ပရိသတ္နဲ႔ရင္းႏွီးၿပီးသားဆုိလုိ႔ အဲဗာတန္ကြင္းလယ္လူ ဆီဂတ္ဆန္ Sigurdsson သာပါ၀င္သလုိ သူတို႔ထဲက ကစားသမား(၅)ဦးက ဆရာ၀န္ေတြပါ။

Iceland-National-Coach-heimir-hallgrímsson

Iceland-National-Coach-heimir-hallgrímsson

သူတို႔အသင္းရဲ႕နည္းျပ ေဟာဂရင္ဆင္ Hallgrímsson က သြားဆရာ၀န္ပါ။ ကမၻာ႔အေကာင္းဆုံးေဘာလုံးသမား မက္ဆီ Messi ရဲ႕ ပယ္နယ္တီကုိ ပဥၥလက္ဆန္ဆန္ ကာကြယ္သြားခဲ့တဲ့ ဂုိးသမားႀကီး ေဟာေဒၚဆင္ Halldorsson ဆုိရင္ ဂုိးသမားမျဖစ္ခင္တုန္းက Zombie ကားေတြ႐ုိက္ကူးတဲ့ ဒါ႐ုိက္တာျဖစ္ပါတယ္။

Iceland-Goalkeeper-Hannes-Halldorsson-

Iceland-Goalkeeper-Hannes-Halldorsson-

ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ႐ုပ္ရွင္ကားေတြကုိ ႐ုိက္ကူးေနတဲ့သူျဖစ္တာေၾကာင့္ အခုအခ်ိန္မွာလည္း ပရိသတ္ေတြကုိ Thrill ျဖစ္ေအာင္ လုပ္ျပသြားခဲ့တာလားလုိ႔ေတာင္ ထင္မွတ္စရာပါပဲ။ ကြင္းလယ္လူ ဂတ္မန္ဆင္ Guðmundsson ဆုိရင္ ငယ္ငယ္က Counter Strike ဂိမ္းကစားတာ အရမ္းေကာင္းတဲ့သူျဖစ္ၿပီး အရင္က Rock ဂီတအဖဲြ႕တစ္ခုမွာ ဂစ္တာတီးတဲ့သူပါ။

Hannes-Halldorsson-saves-Penalty

Hannes-Halldorsson-saves-Penalty

အုိက္စလန္ႏုိင္ငံဟာ အရမ္းေအးလြန္းလုိ႔ ေဘာလုံးကစားခ်င္တဲ့ ကေလးသူငယ္ေတြက အပူေပးထားတဲ့ မုိးလုံေလလုံ Indoor Stadium ထဲမွာ စုေပါင္းကစားရတဲ့ႏုိင္ငံ။ အဲဒီလုိႏုိင္ငံက အခုဆုိရင္ ဖီဖာကမၻာ႔အဆင့္(၂၂)ေနရာမွာ ရပ္တည္ေနၿပီး နာမည္ႀကီးအသင္းေတြျဖစ္တဲ့ ဆြီဒင္၊ ႐ုိေမးနီးယား၊ ဆားဘီးယား၊ ယူကရိန္းအသင္းေတြထက္ေတာင္ ရပ္တည္မႈျမင့္မားေနတယ္။ အခုအခ်ိန္မွာ အုိက္စလန္ႏုိင္ငံသားေတြကေတာ့ သူတို႔အသင္းရဲ႕ေအာင္ျမင္မႈအတြက္ ဂုဏ္ယူ၀မ္းေျမာက္ေနမွာ အမွန္ပါပဲ။ ယူ႐ုိ-၂၀၁၆မွာ အံ့အားသင့္စရာေတြျဖစ္ေအာင္ စြမ္းေဆာင္ခဲ့တဲ့ အုိက္စလန္အသင္း အခု ကမၻာ႔ဖလားမွာလည္း ဘယ္လုိ Miracle Result ေတြ ရယူသြားဦးမွာလဲ . . . . .

REF:BBC,Wikipedia
Photo: Goal,Tribuna,Independent,Getty Images
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အိုက်စလန်အသင်းနဲ့ပတ်သက်တဲ့ ထူးခြားတဲ့အချက်အလက်များ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတွေထဲမှာ အသေးဆုံးနိုင်ငံဖြစ်တဲ့ အိုက်စလန်နိုင်ငံက လက်ရွေးစင်အသင်းဟာ သူတို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားပွဲမှာပဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေကို အံ့အားသင့်သွားအောင် လုပ်ပြနိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားချန်ပီယံဆုကို (၂)ကြိမ်တိုင် ရခဲ့တဲ့အပြင် ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဗိုလ်စွဲဖို့အသင်းတွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်တဲ့ နာမည်ကြီး အာဂျင်တီးနားအသင်းကို တစ်ဂိုးစီ သရေကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အိုက်စလန်အသင်းဟာ ပြီးခဲ့တဲ့ယူရို-၂၀၁၆ ပြိုင်ပွဲတုန်းကလည်း Shock Results တွေရယူနိုင်ခဲ့တဲ့အသင်းပါ။ အုပ်စုကို ကျော်ဖြတ်နိုင်ခဲ့သလို ရှုံးထွက်(၁၆)သင်းအဆင့်မှာလည်း သူတို့နဲ့အဆပေါင်းများစွာ ကွာခြားတဲ့ အင်္ဂလန်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တယ်။ ကွာတားဖိုင်နယ်မှာ ပြင်သစ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် ဂုဏ်မငယ်ခဲ့ဘဲ အသင်းသမိုင်းတစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

Iceland-National-Football-Team

Iceland-National-Football-Team

အိုက်စလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပထမဆုံးအကြိမ်ခြေစစ်ပွဲအောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။ အုပ်စုအဖွင့်ပွဲမှာ အာဂျင်တီးနားနဲ့ ဆုံတွေ့ခဲ့တာကြောင့် ဂိုးပြတ်မရှုံးဖို့ဘဲ ဆုတောင်းရမယ်လို့ ပရိသတ်တွေ ထင်ခဲ့ကြပေမယ့် ဘယ်သူမှ မထင်မှတ်လောက်အောင် အာဂျင်တီးနားဆီက သရေတစ်မှတ်ရယူနိုင်ခဲ့တယ်။ လူဦးရေ (၃)သိန်းကျော်သာရှိတဲ့ နိုင်ငံငယ်လေးတစ်ခုက လက်ရွေးစင်အသင်းဟာ အခုဆိုရင် တစ်ကမ္ဘာလုံးကဘောလုံးပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီ။ တကယ်တော့ အိုက်စလန်အသင်းမှ ပရော်ဖက်ရှင်နယ်ကစားနေတဲ့ ဘောလုံးသမားစစ်စစ်က လက်ချိုးရေလို့ရပြီး ပရိသတ်နဲ့ရင်းနှီးပြီးသားဆိုလို့ အဲဗာတန်ကွင်းလယ်လူ ဆီဂတ်ဆန် Sigurdsson သာပါဝင်သလို သူတို့ထဲက ကစားသမား(၅)ဦးက ဆရာဝန်တွေပါ။

Iceland-National-Coach-heimir-hallgrímsson

Iceland-National-Coach-heimir-hallgrímsson

သူတို့အသင်းရဲ့နည်းပြ ဟောဂရင်ဆင် Hallgrímsson က သွားဆရာဝန်ပါ။ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား မက်ဆီ Messi ရဲ့ ပယ်နယ်တီကို ပဉ္စလက်ဆန်ဆန် ကာကွယ်သွားခဲ့တဲ့ ဂိုးသမားကြီး ဟောဒေါ်ဆင် Halldorsson ဆိုရင် ဂိုးသမားမဖြစ်ခင်တုန်းက Zombie ကားတွေရိုက်ကူးတဲ့ ဒါရိုက်တာဖြစ်ပါတယ်။

Iceland-Goalkeeper-Hannes-Halldorsson-

Iceland-Goalkeeper-Hannes-Halldorsson-

ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ရုပ်ရှင်ကားတွေကို ရိုက်ကူးနေတဲ့သူဖြစ်တာကြောင့် အခုအချိန်မှာလည်း ပရိသတ်တွေကို Thrill ဖြစ်အောင် လုပ်ပြသွားခဲ့တာလားလို့တောင် ထင်မှတ်စရာပါပဲ။ ကွင်းလယ်လူ ဂတ်မန်ဆင် Guðmundsson ဆိုရင် ငယ်ငယ်က Counter Strike ဂိမ်းကစားတာ အရမ်းကောင်းတဲ့သူဖြစ်ပြီး အရင်က Rock ဂီတအဖွဲ့တစ်ခုမှာ ဂစ်တာတီးတဲ့သူပါ။

Hannes-Halldorsson-saves-Penalty

Hannes-Halldorsson-saves-Penalty

အိုက်စလန်နိုင်ငံဟာ အရမ်းအေးလွန်းလို့ ဘောလုံးကစားချင်တဲ့ ကလေးသူငယ်တွေက အပူပေးထားတဲ့ မိုးလုံလေလုံ Indoor Stadium ထဲမှာ စုပေါင်းကစားရတဲ့နိုင်ငံ။ အဲဒီလိုနိုင်ငံက အခုဆိုရင် ဖီဖာကမ္ဘာ့အဆင့်(၂၂)နေရာမှာ ရပ်တည်နေပြီး နာမည်ကြီးအသင်းတွေဖြစ်တဲ့ ဆွီဒင်၊ ရိုမေးနီးယား၊ ဆားဘီးယား၊ ယူကရိန်းအသင်းတွေထက်တောင် ရပ်တည်မှုမြင့်မားနေတယ်။ အခုအချိန်မှာ အိုက်စလန်နိုင်ငံသားတွေကတော့ သူတို့အသင်းရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူဝမ်းမြောက်နေမှာ အမှန်ပါပဲ။ ယူရို-၂၀၁၆မှာ အံ့အားသင့်စရာတွေဖြစ်အောင် စွမ်းဆောင်ခဲ့တဲ့ အိုက်စလန်အသင်း အခု ကမ္ဘာ့ဖလားမှာလည်း ဘယ်လို Miracle Result တွေ ရယူသွားဦးမှာလဲ . . . . .

REF:BBC,Wikipedia
Photo: Goal,Tribuna,Independent,Getty Images
Naing Linn(Akhayar)
www.akhayar.com