Google Call Screening
Google Call Screening
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Pixel ဖုန်းတွေပဲ ရရှိမယ့် Feature တွေကြောင့် Google ရဲ့ Pixel ဖုန်းတွေက တခြားဖုန်းတွေကနေ ကွဲထွက်နေတယ်ဆိုရင်လည်းမမှားပါဘူး။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
[UNICODE]
Google ရဲ့ Pixel 3 စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့အောက်တိုဘာလတုန်းက စတင်မိတ်ဆက်ခဲ့တုန်းက Google ကနေ တကယ်ကို Pixel ဖုန်းတွေမှာပဲရရှိနိုင်တဲ့ Feature တစ်ခုကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ တဖက်ကဝင်လာတဲ့ဖုန်းကို ကိုင်မယ့်အစား Google Assistant ကိုပဲ ဖုန်းဖြေခိုင်းပြီး အဆိုပါ Conversation ကို Live Transcription အနေနဲ့ မြင်နိုင်မယ့် Call Screening Service ပဲဖြစ်ပါတယ်။
Google Call Screening
အခု Call Screening Feature ဆိုတာက တကယ်ကိုကောင်းမွန်တဲ့ Feature တစ်ခုဖြစ်ပြီးတော့ အခု Feature ကလည်း Online ပေါ်ကို ရောက်မှာမဟုတ်ဘဲ Device ပေါ်မှာပဲ အလုပ်လုပ်တာလည်းဖြစ်ပါတယ်။ Google က ဒီ Feature ကို Pixel 3 မှာပဲ မိတ်ဆက်ပေးခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာ Google Pixel 2 နဲ့ 2 XL စမတ်ဖုန်းတွေမှာပါ ရရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် အခု Google ကနေ ပထမဆုံးထုတ်ခဲ့တဲ့ Original Google Pixel ဖုန်းတွေမှာလည်း ရရှိမှာဖြစ်ပါတယ်။
Google Call Screening
အခု Feature က Google Assistant က Spam Call လား၊ ကိုယ့်အသိလားဆိုတာကို ကိုယ့်အစား ဖြေပေးမှာဖြစ်တဲ့အတွက် အဆင်ပြေသလိုပဲ တကယ်လို့ မပြောချင်ဘူးဆိုရင် Google Assistant က ဖုနး်ချပေးသွားဦးမှာပါ။ ဒါပေမယ့် လောလောဆယ်မှာ Assistant နဲ့ ဖုန်းခေါ်ဆိုသူတွေ ပြောသွားတဲ့ Live Transcription တွေကို သိမ်းဆည်းမထားတဲ့အတွက်ပြန်ပြီး မကြည့်နိုင်သေးပေမယ့် Google ရဲ့ ပြောစကားအရတော့ မကြာခင်အချိန်အတွင်းမှာ အဆိုပါ Live Transcription တွေကို Call Log အနေနဲ့ သိမ်းထားပေးတော့မှာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Pixel ဖုန်းတွေပဲ ရရှိမယ့် Feature တွေကြောင့် Google ရဲ့ Pixel ဖုန်းတွေက တခြားဖုနး်တွေကနေ ကွဲထွက်နေတယ်ဆိုရင်လည်းမမှားပါဘူး။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com