[Zawgyi]





ကြည်သာ (Akhayar)


www.akhayar.com

[Unicode]

စိန်ယောက်မ ရုပ်ရှင် ကိုအတူတူကြည့်ကြတယ်ဆိုတဲ့ ခိုင်သင်းကြည်နဲ့မကြီးစိုး

မေမြို့မှာ ဇာတ်ကားရိုက်ရင်းဆုံ ကြတဲ့ စိန်ယောက်မ ရုပ်ရှင်ဇာတ်ကားထဲ က စိန်ယောက်မ နှစ်ယောက် အတူတူရုပ်ရှင်ကြည့်ဖြစ်တယ်ဆိုတဲ့ အကြောင်းကို ခိုင်သင်းကြည် က သူမရဲ့ လူမှုကွန်ရက်အကောင့်မှာတင်ထားတာဖြစ်ပါတယ်။

“စိန်ယောက်မ,နှစ်ယောက်ကတော့မေမြို့မှာကားရိုက်ဆုံနေလို့အတူသွားကြည့်ကြတယ်။ ထိပ်ထိပ်လေးကတော့ ရန်ကုန်မှာသူငယ်ချင်းတွေနဲ့အတူသွားကြည့်ကြတယ် ခလေးတွေအရမ်းကြိုက်ကြတယ် ဆိုလို့ဝမ်းသာပါတယ်။ ရန်ကုန် ၊ မန္တလေးနာက်တစ်ပတ်ဆက်ပြီးရုံတင်ခွင့်ရလို့လဲဝမ်းသာပါတယ်” ဆိုပြီးရေးထားပါတယ်။

သမီးဖြစ်သူ စံထိပ်ထားကလည်း သူ့သူငယ်ချင်းတွေ နဲ့ အတူတူရန်ကုန်မှာ ရုပ်ရှင်သွားကြည့်ကြတဲ့ ပုံလေးတွေကိုလည်း တင်ထားပါတယ်။ စိန်ယောက်မရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့သရုပ်ဆောင်တွေကတော့ ကျော်ရဲအောင် ၊ ခင်လှိုင် ၊ ပြေတီဦး ၊ ထက်အောင်ရှိုင်း ၊ ခိုင်သင်းကြည် ၊ စိုးမြတ်သူဇာ နဲ့ မို့မို့မြင့်အောင် တို့ပဲဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Khine Thin Kyi Facebook

www.akhayar.com