[Zawgyi]

Adobe ဆိုတာဘယ္ကစခဲ့တာလဲ ?

ဒီတစ္ေခါက္မွာေတာ့ ကြန္ပ်ဴတာအသံုးျပဳသူေတြ၊ Photo Editing နဲ႔ Video Editing နယ္ပယ္မွာ အလုပ္လုပ္ေနသူေတြအားလုံုးေန႔တိုင္းလိုလိုၾကားဖူးေနတဲ့ Photoshop ၊ Premire Pro ၊ After Effect တို႔ကိုထုတ္လုပ္ခဲ့တဲ့ Adobe ကုမၸဏီအေၾကာင္းကိုတင္ဆက္ေပးခ်င္ပါတယ္။ Adobe (အပ္ဒိုဘီ) ဆိုတဲ့အသံုကိုၾကားရင္ အိႏိၵယ အေခၚအေဝၚနဲ႔ နည္းနည္းဆင္သေယာင္ရွိတာေၾကာင့္ ကုမၸဏီ နဲ႔ တည္ေထာင္သူေတြဟာ အိႏိၵယ ဘက္ကျဖစ္မယ္လို႔ယူဆႏိုင္ပါတယ္။

အမွန္ေတာ့ Adobe ဆိုတဲ့နာမည္ ဟာ Adobe Creek ဆိုတဲ့အမည္ကေနဆင္းသက္လာတာပါ။ ၄င္းကို အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားၿပည္နယ္ရွိ Los Altos ၿမိဳ႕က Founder Warnock ရဲ႕ အိမ္အေနာက္ဘက္မွာ စတင္ခဲ့တာျဖစ္ပါတယ္။ 1982 ဒီဇင္ဘာလမွာ မွာေတာ့ John Warnock နဲ႔ Charles Geschke (တြဲဖက္တည္ေထာင္သူ) တို႔ႏွစ္ဦးက Adobe ကုမၸဏီကိုတည္ေထာင္ခဲ့ၾကပါတယ္။ Adobe System ရဲ႕သက္တမ္းဟာ အခု ( ၂၀၁၈ခုႏွစ္) မွာဆိုရင္ ၃၆ ႏွစ္ရွိၿပီျဖစ္ပါတယ္။ ရံုးခ်ဳပ္ကိုေတာ့ အေမရိကန္ႏိုင္ငံမွာရွိတဲ့ ကယ္လီဖိုးနီးယားျပည္နယ္ San Jose ၿမိဳ႕မွာတည္ေဆာက္ထားပါတယ္။

John_Warnock_အသက္ ၇၇ ႏွစ္

တြဲဖက္တည္ေထာင္သူ Charles_Geschke-အသက္-၇၈-ႏွစ္

Adobe ရံုးခ်ဳပ္

Adobe ရဲ႕ Logo ကိုေတာ့ Warnock ရဲ႕ ဇနီးျဖစ္သူ Graphic Designer Marva Warnock ကေရးဆဲြေပးခဲ့တာျဖစ္ၿပီး Adobe မွာပါဝင္တဲ့ “A” ကိုကိုယ္စားျပဳတဲ့အေနနဲ႔ ဖန္တီးခဲ့တယ္လို႔ေဖာ္ျပထားပါတယ္။

Adobe ကို Apple ရဲ႕ဖခင္ႀကီးျဖစ္တဲ့ Steve Jobs က 1982 မွာ အေမရိကန္ေဒၚလာ ၅ သန္းနဲ႔ဝယ္ယူဖို႔ကမ္းလွမ္းျခင္းခံရဖူးေပမယ့္ Founder ႏွစ္ဦးကေရာင္းခ်ဖို႔ ျငင္းဆိုခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ Adobe ရဲ႕ ရင္းႏွီးၿမွဳပ္ႏွံသူေတြက Jobs နဲ႔အလုပ္တခ်ိဳ႕တြဲလုပ္ဖို႔ တိုက္တြန္းတာေၾကာင့္ ရွယ္ယာ ၁၉ ရာခိုင္ႏႈန္းကိုေရာင္းခ်ေပးခဲ့ပါတယ္။

Adobe ရဲ႕ လက္ရွိ CEO ကေတာ့ အိႏိၵယ အေမရိကန္ ကျပားလူမ်ိဳး Shantanu Narayen ျဖစ္ၿပီး ၂၀၀၅ ခုႏွစ္မွာစတင္လုပ္ကိုင္ခဲ့ပါတယ္။ လက္ရွိအသက္ကေတာ့ ၅၆ ႏွစ္ရွိပါၿပီ။

Adobe_CEO_Shantanu_Narayen

Adobe ရဲ႕ ပထမဦးဆံုး Product ကေတာ့ Illustrator 88 ျဖစ္ၿပီး ၁၉၈၆ ခုႏွစ္မွာစတင္ထုတ္လုပ္ခဲ့ပါတယ္။ Photoshop 1.0 ကိုေတာ့ Apple ရဲ႕ Mac Computer မွာအသံုးျပဳဖို႔အတြက္ ၁၉၉၀ မွာထုတ္လုပ္ေပးခဲ့ပါတယ္။ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတာကေတာ့ ဒီေန႔ေခတ္မွာအသံုးမ်ားေနတ့ဲ PDF Format ဆိုတာဟာလည္း Adobe System ကပဲဖန္တီးခဲ့တာျဖစ္ပါတယ္။

Photoshop 1.0 ကို Mac Computer ေပၚမွာေတြ႕ရစဥ္

ေနာက္ပိုင္းမွာေတာ့ Graphic design software, Web design programs, Video editing and visual effects, Audio editing software, eLearning software, Digit al Marketing Management Software, Server software, Web-hosted services နဲ႔ Adobe Stock ဆိုတဲ့ Product ေတြကိုနယ္ပယ္အသီးသီးအတြက္ထုတ္လုပ္ေပးခဲ့ပါတယ္။ Adobe ရဲ႕လူသံုးအမ်ားဆံုး Product ေတြကေတာ့ ဓါတ္ပံုျပင္ဖို႔အတြက္ Adobe Photoshop CC ၊ Adobe Illustrator ၊ Video တည္းျဖတ္ဖို႔အတြက္ Adobe Premiere Pro နဲ႔ Video Effect ေတြျပဳလုပ္ဖို႔အတြက္ Adobe After Effect တို႔ပဲျဖစ္ပါတယ္။ တစ္ႏွစ္ထက္တစ္ႏွစ္ ေကာင္းမြန္လာတဲ့ေျပာင္းလဲတိုးတက္မႈေတြနဲ႔အတူ Update ေတြအျမဲထုတ္ေပးေလ့ရွိပါတယ္။

Adobe ထုတ္ကုန္တခ်ိဳ႕ရဲ႕ Logo မ်ား

Adobe ရဲ႕အသားတင္အျမတ္ေငြကေတာ့ 2017 ခုႏွစ္အတြက္တြက္ခ်က္မႈအရ အေမရိကန္ေဒၚလာ ၁.၆၉ ဘီလီယံရွိၿပီး တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္းအေရအတြက္ကေတာ့ ၁သိန္း၇ေသာင္းရွိတယ္လို႔ေဖာ္ျပထားပါတယ္။ ပညာသည္ဝန္ထမ္းတစ္ဦးရဲ႕ ပတစ္ႏွစ္လုပ္ခက အေမရိကန္ေဒၚလာ ၉ေသာင္းကေန ၁သိန္းခြဲအတြင္းရွိတယ္လုိ႔ Payscale ရဲ႕ေဖာ္ျပခ်က္အရသိရွိရပါတယ္။

Ref; Wiki , Payscale

Phone Hay Ko (Akhayar)

www.akhayar.com

[Unicode]

Adobe ဆိုတာဘယ်ကစခဲ့တာလဲ ?

ဒီတစ်ခေါက်မှာတော့ ကွန်ပျူတာအသုံးပြုသူတွေ၊ Photo Editing နဲ့ Video Editing နယ်ပယ်မှာ အလုပ်လုပ်နေသူတွေအားလုံးနေ့တိုင်းလိုလိုကြားဖူးနေတဲ့ Photoshop ၊ Premire Pro ၊ After Effect တို့ကိုထုတ်လုပ်ခဲ့တဲ့ Adobe ကုမ္ပဏီအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ Adobe (အပ်ဒိုဘီ) ဆိုတဲ့အသုံကိုကြားရင် အိန္ဒိယ အခေါ်အဝေါ်နဲ့ နည်းနည်းဆင်သယောင်ရှိတာကြောင့် ကုမ္ပဏီ နဲ့ တည်ထောင်သူတွေဟာ အိန္ဒိယ ဘက်ကဖြစ်မယ်လို့ယူဆနိုင်ပါတယ်။

အမှန်တော့ Adobe ဆိုတဲ့နာမည် ဟာ Adobe Creek ဆိုတဲ့အမည်ကနေဆင်းသက်လာတာပါ။ ၎င်းကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Los Altos မြို့က Founder Warnock ရဲ့ အိမ်အနောက်ဘက်မှာ စတင်ခဲ့တာဖြစ်ပါတယ်။ 1982 ဒီဇင်ဘာလမှာ မှာတော့ John Warnock နဲ့ Charles Geschke (တွဲဖက်တည်ထောင်သူ) တို့နှစ်ဦးက Adobe ကုမ္ပဏီကိုတည်ထောင်ခဲ့ကြပါတယ်။ Adobe System ရဲ့သက်တမ်းဟာ အခု ( ၂၀၁၈ခုနှစ်) မှာဆိုရင် ၃၆ နှစ်ရှိပြီဖြစ်ပါတယ်။ ရုံးချုပ်ကိုတော့ အမေရိကန်နိုင်ငံမှာရှိတဲ့ ကယ်လီဖိုးနီးယားပြည်နယ် San Jose မြို့မှာတည်ဆောက်ထားပါတယ်။

John_Warnock_အသက် ၇၇ နှစ်

တွဲဖက်တည်ထောင်သူ Charles_Geschke-အသက်-၇၈-နှစ်

Adobe ရုံးချုပ်

Adobe ရဲ့ Logo ကိုတော့ Warnock ရဲ့ ဇနီးဖြစ်သူ Graphic Designer Marva Warnock ကရေးဆွဲပေးခဲ့တာဖြစ်ပြီး Adobe မှာပါဝင်တဲ့ “A” ကိုကိုယ်စားပြုတဲ့အနေနဲ့ ဖန်တီးခဲ့တယ်လို့ဖော်ပြထားပါတယ်။

Adobe ကို Apple ရဲ့ဖခင်ကြီးဖြစ်တဲ့ Steve Jobs က 1982 မှာ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ဝယ်ယူဖို့ကမ်းလှမ်းခြင်းခံရဖူးပေမယ့် Founder နှစ်ဦးကရောင်းချဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Adobe ရဲ့ ရင်းနှီးမြှုပ်နှံသူတွေက Jobs နဲ့အလုပ်တချို့တွဲလုပ်ဖို့ တိုက်တွန်းတာကြောင့် ရှယ်ယာ ၁၉ ရာခိုင်နှုန်းကိုရောင်းချပေးခဲ့ပါတယ်။

Adobe ရဲ့ လက်ရှိ CEO ကတော့ အိန္ဒိယ အမေရိကန် ကပြားလူမျိုး Shantanu Narayen ဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာစတင်လုပ်ကိုင်ခဲ့ပါတယ်။ လက်ရှိအသက်ကတော့ ၅၆ နှစ်ရှိပါပြီ။

Adobe_CEO_Shantanu_Narayen

Adobe ရဲ့ ပထမဦးဆုံး Product ကတော့ Illustrator 88 ဖြစ်ပြီး ၁၉၈၆ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပါတယ်။ Photoshop 1.0 ကိုတော့ Apple ရဲ့ Mac Computer မှာအသုံးပြုဖို့အတွက် ၁၉၉၀ မှာထုတ်လုပ်ပေးခဲ့ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကတော့ ဒီနေ့ခေတ်မှာအသုံးများနေတဲ့ PDF Format ဆိုတာဟာလည်း Adobe System ကပဲဖန်တီးခဲ့တာဖြစ်ပါတယ်။

Photoshop 1.0 ကို Mac Computer ပေါ်မှာတွေ့ရစဉ်

နောက်ပိုင်းမှာတော့ Graphic design software, Web design programs, Video editing and visual effects, Audio editing software, eLearning software, Digit al Marketing Management Software, Server software, Web-hosted services နဲ့ Adobe Stock ဆိုတဲ့ Product တွေကိုနယ်ပယ်အသီးသီးအတွက်ထုတ်လုပ်ပေးခဲ့ပါတယ်။ Adobe ရဲ့လူသုံးအများဆုံး Product တွေကတော့ ဓါတ်ပုံပြင်ဖို့အတွက် Adobe Photoshop CC ၊ Adobe Illustrator ၊ Video တည်းဖြတ်ဖို့အတွက် Adobe Premiere Pro နဲ့ Video Effect တွေပြုလုပ်ဖို့အတွက် Adobe After Effect တို့ပဲဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် ကောင်းမွန်လာတဲ့ပြောင်းလဲတိုးတက်မှုတွေနဲ့အတူ Update တွေအမြဲထုတ်ပေးလေ့ရှိပါတယ်။

Adobe ထုတ်ကုန်တချို့ရဲ့ Logo များ

Adobe ရဲ့အသားတင်အမြတ်ငွေကတော့ 2017 ခုနှစ်အတွက်တွက်ချက်မှုအရ အမေရိကန်ဒေါ်လာ ၁.၆၉ ဘီလီယံရှိပြီး တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းအရေအတွက်ကတော့ ၁သိန်း၇သောင်းရှိတယ်လို့ဖော်ပြထားပါတယ်။ ပညာသည်ဝန်ထမ်းတစ်ဦးရဲ့ ပတစ်နှစ်လုပ်ခက အမေရိကန်ဒေါ်လာ ၉သောင်းကနေ ၁သိန်းခွဲအတွင်းရှိတယ်လို့ Payscale ရဲ့ဖော်ပြချက်အရသိရှိရပါတယ်။

Ref; Wiki , Payscale

Phone Hay Ko (Akhayar)

www.akhayar.com