[Zawgyi]

မိန္းကေလးေတြရဲ႕ အသည္းကိုေျခြေလတဲ့ ကမာၻေက်ာ္ ဖိနပ္တံဆိပ္မ်ား

ဖိနပ္လွလွေလးေတြဆိုတာ မိန္းကေလးေတြရဲ႕ အသည္းစြဲပါ။ ကိုယ္သြားတဲ့လမ္းကို အလွဆံုးျဖစ္ေအာင္ ဖန္တီးေပးနိုင္တာလည္း ဖိနပ္လွလွေလးေတြပဲျဖစ္ပါတယ္။ ဖိနပ္လွလွေလးေတြ ေနရာတိုင္းမွာ သူ႔ဒီဇုိင္း သူ႔တန္ဖိုးနဲ႔ ရွိၾကပါတယ္။ အနိမ့္ဆံုး ၃၀၀၀ က်ပ္ကေန ေဒၚလာခ်ီတဲ့ အထိ ကမာၻေက်ာ္ဖိနပ္လွလွေလးေတြလည္းရွိၾကပါတယ္။ ဘယ္ Brand ေတြက ကမာၻေက်ာ္ျပီး ေဒၚလာခ်ီျပီး လွေနရတယ္ဆိုတာ ေျပာျပသြားမွာျဖစ္ပါတယ္။

၁။ Miu Miu

miumiu

Photo Credit – Miu Miu

Miu Miu ဟာ Miuccia Prada က ထုတ္လုပ္ထားတာျဖစ္ပါတယ္။ သူထုတ္လုပ္သမွ် Shoe Collection တိုင္းဟာ Leather ကို ဦးစားေပးျပီး ထုတ္ထားတာျဖစ္ပါတယ္။ ထြက္သမွ် Design ကိုလည္း သူမ်ားေတြနဲ႔ မတူပဲ ကြဲထြက္ေနတာကို ေတြ႔ရတယ္။ လူငယ္ဆန္တယ္၊ တက္ၾကြတယ္၊ ျမင္တာနဲ႔ ေၾကြသြားေအာင္ ျပဳစားနိုင္ပါတယ္။ Fashionista တစ္ေယာက္ဆိုရင္ မရွိမျဖစ္ရွိသင့္တဲ့ ဖိနပ္တစ္ရံျဖစ္ပါတယ္။ ေစ်းႏႈန္းေတြက €1,350 က စျပီး ရွိပါတယ္။

၂။ Christian Louboutin

CL

Photo Credit – Christian Louboutin

Christian Louboutin ကိုေတာ့ မသိတဲ့ မိန္းကေလးဆိုတာ မရွိပါဘူး။ မိန္းကေလးတိုင္းရဲ႕ အသည္းကိုေျခြသူဆိုလည္း မမွားပါဘူး။ Christian Louboutin က သူ႔နာမည္ကို Brand နာမည္အျဖစ္ ေပးထားတာျဖစ္ပါတယ္။ Christian Louboutin ကမာၻေက်ာ္ရတဲ့အေၾကာင္းက ေဒါက္ဖိနပ္ ေအာက္ခံ Sole က ကမာၻေပၚမွာ အႏူးညံ့ဆံုးေၾကာင့္ပဲျဖစ္ပါတယ္။ ျမင္လိုက္တာနဲ႔ Christian Louboutin မွန္းသိေစဖို႔ Sole တိုင္းကို အနီေရာင္ပဲထုတ္တာကို ျမင္ရမွာပါ။ ေဒါက္အခ်ိဳးအစားေတြကလည္း အရမ္းကို Classic ျဖစ္လြန္းလွတဲ့အတြက္ မိန္းကေလးေတြ မေၾကြပဲ မေနနိုင္ပါဘူး။ ေစ်းႏႈန္းအေနနဲ႔ေတာ့ $600 ႏွင့္ အထက္မွာ ရွိပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

၃။ Manolo Blahnik

MB

Photo Credit – Manolo Blahnik

Manolo Blahnik က ထုတ္လုပ္သမွ် Collection တိုင္းမွာ Silk အစစ္နဲ႔ ႏြားသားေရအစစ္ကိုသာ အသံုးျပဳထားတာျဖစ္ပါတယ္။ Manolo ကမာၻေက်ာ္ရတဲ့ အဓိကအေၾကာင္းအရင္းက သားေရအစစ္ေတြကိုအသံုးျပဳတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။ ထူူးျခားခ်က္တစ္ခုအေနနဲ႔ Manolo Blahnik ဟာ Hollywood ရဲ႕ Red Carpet တိုင္းမွာ ေတြ႔ရမွာျဖစ္ပါတယ္။ ေစ်းႏႈန္းအေနနဲ႔ အျမင့္ဆံုး $7695 ကေန $ 595 အထိရွိပါတယ္။

၄။ Jimmy Choo

JC

Photo Credit – Jimmy Choo

ကိုယ့္ေျခဖဝါးေလးရွိေနတဲ့ အတုိင္း ေဒါက္ဖိနပ္ကို ခ်ဳပ္နိုင္တာ Jimmy Choo ပါ။ မိန္းကေလးေတြ အသည္းေက်ာ္ဟာလည္း Jimmy Choo ပါပဲ။ အဓိက နာမည္ေက်ာ္ေနတဲ့ အေၾကာင္းအရင္းက စီးလိုက္တိုင္းမွာ ေျခေထာက္ေလးနဲ႔ တစ္သားတည္းျဖစ္ေစတယ္။ တကယ္ကိုလည္း ေျခေထာက္နဲ႔ တစ္သားတည္းျဖစ္ေအာင္ ခ်ဳပ္လုပ္ထားတာျဖစ္ပါတယ္။ Jimmy Choo ဟာ Cindrella ဖိနပ္ဒီဇိုင္းေလးထုတ္လုပ္ျပီး နာမည္ပိုေက်ာ္ၾကားလို႔လာပါတယ္။ ေစ်းႏႈန္း အေနနဲ႔ အျမင့္ဆံုး 2,395.00 € ကေန 250.00 € အထိရွိပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

၅။ Walter Steiger

WS

Photo Credit – Walter Steiger

Walter Steiger ဟာ တျခား ဖိနပ္ အမွတ္တံဆိပ္ေတြနဲ႔ မတူပါဘူး။ သူရဲ႕ဒီဇိုင္းေတြ ေတာ္ေတာ္မ်ားမ်ားက Vintage နဲ႔ Retro Style ဘက္ကုိပိုျပီး ဦးစားေပးထားတာျဖစ္ပါတယ္။ အမ်ားနဲ႔ မတူတဲ့ ဒီဇိုင္းကို ထုတ္လုပ္ျပီးေရာင္းခ်ေနတာဟာ သူ ကမာၻေကာ်္ေနရတဲ့အေၾကာင္းအရင္းတစ္ခုပါပဲ။ ထြက္သမွ် ဒီဇိုင္းတိုင္းမွာ အေရာင္ေတြနဲ႔ ခ်ဳပ္ရိုးခ်ဳပ္သားကို ဦးစားေပးျပီး ထုတ္ထားတာကိုေတြ႕ရမွာပါ။ ေစ်းႏႈန္းအရ 600,00 € ဝင္းက်င္မွာရွိပါတယ္။

Article reference – www.stylecraze.com

Redrose (အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

မိန်းကလေးတွေရဲ့ အသည်းကိုခြွေလေတဲ့ ကမ္ဘာကျော် ဖိနပ်တံဆိပ်များ

ဖိနပ်လှလှလေးတွေဆိုတာ မိန်းကလေးတွေရဲ့ အသည်းစွဲပါ။ ကိုယ်သွားတဲ့လမ်းကို အလှဆုံးဖြစ်အောင် ဖန်တီးပေးနိုင်တာလည်း ဖိနပ်လှလှလေးတွေပဲဖြစ်ပါတယ်။ ဖိနပ်လှလှလေးတွေ နေရာတိုင်းမှာ သူ့ဒီဇိုင်း သူ့တန်ဖိုးနဲ့ ရှိကြပါတယ်။ အနိမ့်ဆုံး ၃၀၀၀ ကျပ်ကနေ ဒေါ်လာချီတဲ့ အထိ ကမ္ဘာကျော်ဖိနပ်လှလှလေးတွေလည်းရှိကြပါတယ်။ ဘယ် Brand တွေက ကမ္ဘာကျော်ပြီး ဒေါ်လာချီပြီး လှနေရတယ်ဆိုတာ ပြောပြသွားမှာဖြစ်ပါတယ်။

၁။ Miu Miu

miumiu

Photo Credit – Miu Miu

Miu Miu ဟာ Miuccia Prada က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ သူထုတ်လုပ်သမျှ Shoe Collection တိုင်းဟာ Leather ကို ဦးစားပေးပြီး ထုတ်ထားတာဖြစ်ပါတယ်။ ထွက်သမျှ Design ကိုလည်း သူများတွေနဲ့ မတူပဲ ကွဲထွက်နေတာကို တွေ့ရတယ်။ လူငယ်ဆန်တယ်၊ တက်ကြွတယ်၊ မြင်တာနဲ့ ကြွေသွားအောင် ပြုစားနိုင်ပါတယ်။ Fashionista တစ်ယောက်ဆိုရင် မရှိမဖြစ်ရှိသင့်တဲ့ ဖိနပ်တစ်ရံဖြစ်ပါတယ်။ ဈေးနှုန်းတွေက €1,350 က စပြီး ရှိပါတယ်။ သူရဲ့ Collection တွေကို ကြည့်ချင်ရင် ဒီ Link မှာ ကြည့်လို့ရပါတယ်နော်။

၂။ Christian Louboutin

CL

Photo Credit – Christian Louboutin

Christian Louboutin ကိုတော့ မသိတဲ့ မိန်းကလေးဆိုတာ မရှိပါဘူး။ မိန်းကလေးတိုင်းရဲ့ အသည်းကိုခြွေသူဆိုလည်း မမှားပါဘူး။ Christian Louboutin က သူ့နာမည်ကို Brand နာမည်အဖြစ် ပေးထားတာဖြစ်ပါတယ်။ Christian Louboutin ကမ္ဘာကျော်ရတဲ့အကြောင်းက ဒေါက်ဖိနပ် အောက်ခံ Sole က ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးကြောင့်ပဲဖြစ်ပါတယ်။ မြင်လိုက်တာနဲ့ Christian Louboutin မှန်းသိစေဖို့ Sole တိုင်းကို အနီရောင်ပဲထုတ်တာကို မြင်ရမှာပါ။ ဒေါက်အချိုးအစားတွေကလည်း အရမ်းကို Classic ဖြစ်လွန်းလှတဲ့အတွက် မိန်းကလေးတွေ မကြွေပဲ မနေနိုင်ပါဘူး။ ဈေးနှုန်းအနေနဲ့တော့ $600 နှင့် အထက်မှာ ရှိပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

၃။ Manolo Blahnik

MB

Photo Credit – Manolo Blahnik

Manolo Blahnik က ထုတ်လုပ်သမျှ Collection တိုင်းမှာ Silk အစစ်နဲ့ နွားသားရေအစစ်ကိုသာ အသုံးပြုထားတာဖြစ်ပါတယ်။ Manolo ကမ္ဘာကျော်ရတဲ့ အဓိကအကြောင်းအရင်းက သားရေအစစ်တွေကိုအသုံးပြုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ထူူးခြားချက်တစ်ခုအနေနဲ့ Manolo Blahnik ဟာ Hollywood ရဲ့ Red Carpet တိုင်းမှာ တွေ့ရမှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ အမြင့်ဆုံး $7695 ကနေ $ 595 အထိရှိပါတယ်။

၄။ Jimmy Choo

JC

Photo Credit – Jimmy Choo

ကိုယ့်ခြေဖဝါးလေးရှိနေတဲ့ အတိုင်း ဒေါက်ဖိနပ်ကို ချုပ်နိုင်တာ Jimmy Choo ပါ။ မိန်းကလေးတွေ အသည်းကျော်ဟာလည်း Jimmy Choo ပါပဲ။ အဓိက နာမည်ကျော်နေတဲ့ အကြောင်းအရင်းက စီးလိုက်တိုင်းမှာ ခြေထောက်လေးနဲ့ တစ်သားတည်းဖြစ်စေတယ်။ တကယ်ကိုလည်း ခြေထောက်နဲ့ တစ်သားတည်းဖြစ်အောင် ချုပ်လုပ်ထားတာဖြစ်ပါတယ်။ Jimmy Choo ဟာ Cindrella ဖိနပ်ဒီဇိုင်းလေးထုတ်လုပ်ပြီး နာမည်ပိုကျော်ကြားလို့လာပါတယ်။ ဈေးနှုန်း အနေနဲ့ အမြင့်ဆုံး 2,395.00 € ကနေ 250.00 € အထိရှိပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

၅။ Walter Steiger

WS

Photo Credit – Walter Steiger

Walter Steiger ဟာ တခြား ဖိနပ် အမှတ်တံဆိပ်တွေနဲ့ မတူပါဘူး။ သူရဲ့ဒီဇိုင်းတွေ တော်တော်များများက Vintage နဲ့ Retro Style ဘက်ကိုပိုပြီး ဦးစားပေးထားတာဖြစ်ပါတယ်။ အများနဲ့ မတူတဲ့ ဒီဇိုင်းကို ထုတ်လုပ်ပြီးရောင်းချနေတာဟာ သူ ကမ္ဘာကောျ်နေရတဲ့အကြောင်းအရင်းတစ်ခုပါပဲ။ ထွက်သမျှ ဒီဇိုင်းတိုင်းမှာ အရောင်တွေနဲ့ ချုပ်ရိုးချုပ်သားကို ဦးစားပေးပြီး ထုတ်ထားတာကိုတွေ့ရမှာပါ။ ဈေးနှုန်းအရ 600,00 € ဝင်းကျင်မှာရှိပါတယ်။

Article reference – www.stylecraze.com

Redrose (အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။