[Zawgyi]

အဲလစ္ဆန္ Alisson ကို ေပါင္ (၆၅)သန္းနဲ႔ အၿပီးသတ္ေခၚယူခဲ့တဲ့ လီဗာပူးလ္

ဘရာဇီးလ္လက္ေရြးစင္ဂိုးသမား အဲလစ္ဆန္ Alisson ကို ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တဲ့ ေပါင္ (၆၅)သန္းနဲ႔ လီဗာပူးလ္အသင္း အၿပီးသတ္ေခၚယူခဲ့ပါတယ္။ ေဆးစစ္မႈေတြ ခံယူၿပီးတဲ့ေနာက္မွာ အဲလစ္ဆန္ Alisson ဟာ ေျပာင္းေရႊ႕ေၾကးအမ်ားဆံုး ဂိုးသမားအျဖစ္ လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ လီဗာပူးလ္အသင္းရဲ႕ အခုႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ စတုတၳေျမာက္ ေခၚယူမႈျဖစ္လာခဲ့ၿပီး ကစားသမား (၄)ဦးအတြက္ ေပါင္ (၁၇၄.၅)သန္းအထိ အသံုးျပဳခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က အဲလစ္ဆန္ Alisson အေနနဲ႔ မာေဆးဆိုက္ဒ္ၿမိဳ႕ရွိ လီဗာပူးလ္အသင္းရဲ႕ မဲလ္ဝုဒ္ေလ့က်င့္ေရးကြင္းမွာ ေဆးစစ္မႈေတြခံယူၿပီး အေျပာင္းအေရႊ႕ကို အၿပီးသတ္ခဲ့ပါတယ္။

Alisson-gives-thumbs-up-to-the-camera-as-he-poses-with-the-club-crest-during-his-unveiling

Alisson-gives-thumbs-up-to-the-camera-as-he-poses-with-the-club-crest-during-his-unveiling

အဲလစ္ဆန္ Alisson ဟာ လီဗာပူးလ္အသင္းမွာ တစ္ပတ္လုပ္ခ ေပါင္ (၁)သိန္းအထိ ရရွိမွာျဖစ္ၿပီး (၆)ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါတယ္။ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးတဲ့ေနာက္ အဲလစ္ဆန္ Alisson ဟာ အီတလီႏိုင္ငံကို အားလပ္ရက္အနားယူဖို႔ ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႔ ျပန္လည္ထြက္ခြာသြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ အဲလစ္ဆန္ Alisson အတြက္ ကနဦးေျပာင္းေရႊ႕ေၾကးအေနနဲ႔ ေပါင္ (၅၆)သန္း ရိုးမားအသင္းကို ေပးေခ်သြားရမွာျဖစ္ၿပီး ေအာင္ျမင္မႈ ရယူႏိုင္တဲ့အေပၚမူတည္ကာ ေပါင္ (၉)သန္း ထပ္မံေပးေခ်သြားရမွာျဖစ္ပါတယ္။

Alisson-clasps-hands-with-his-new-boss-Jurgen-Klopp-during-his-unveiling

Alisson-clasps-hands-with-his-new-boss-Jurgen-Klopp-during-his-unveiling

ရိုးမားအသင္းဟာ အဲလစ္ဆန္ Alisson အတြက္ ရရွိခဲ့တဲ့ ေျပာင္းေရႊ႕ေၾကးထဲကေန အသင္းေဟာင္း အင္တာေနစီယြန္နယ္အသင္းကို ေပါင္ (၂.၂)သန္း ျပန္လည္ေပးေခ်သြားရမွာလည္း ျဖစ္ပါတယ္။ နည္းျပ ယာဂန္ကေလာ့ပ္ Jurgen Klopp ရဲ႕ လီဗာပူးလ္အသင္းဟာ အဲလစ္ဆန္ Alisson မတိုင္ခင္ လိုက္ပ္ဇစ္ကြင္းလယ္လူ နာဘီကီတာ Naby Keita၊ မိုနာကိုကြင္းလယ္လူ ဖာဘင္ဟို Fabinho နဲ႔ စတုတ္စီးတီးအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ရွာကီရီ Shaqiri တို႔ကို အသင္းမွာ ေခၚယူအားျဖည့္ထားခဲ့ပါတယ္။

REF:Daily Mail
Photo:Daily Mail, GettyImages
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အဲလစ်ဆန် Alisson ကို ပေါင် (၆၅)သန်းနဲ့ အပြီးသတ်ခေါ်ယူခဲ့တဲ့ လီဗာပူးလ်

ဘရာဇီးလ်လက်ရွေးစင်ဂိုးသမား အဲလစ်ဆန် Alisson ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၆၅)သန်းနဲ့ လီဗာပူးလ်အသင်း အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ ဆေးစစ်မှုတွေ ခံယူပြီးတဲ့နောက်မှာ အဲလစ်ဆန် Alisson ဟာ ပြောင်းရွှေ့ကြေးအများဆုံး ဂိုးသမားအဖြစ် လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ အခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ စတုတ္ထမြောက် ခေါ်ယူမှုဖြစ်လာခဲ့ပြီး ကစားသမား (၄)ဦးအတွက် ပေါင် (၁၇၄.၅)သန်းအထိ အသုံးပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဲလစ်ဆန် Alisson အနေနဲ့ မာဆေးဆိုက်ဒ်မြို့ရှိ လီဗာပူးလ်အသင်းရဲ့ မဲလ်ဝုဒ်လေ့ကျင့်ရေးကွင်းမှာ ဆေးစစ်မှုတွေခံယူပြီး အပြောင်းအရွှေ့ကို အပြီးသတ်ခဲ့ပါတယ်။

Brazilian-goalkeeper-Alisson-poses-in-Liverpool-colours-as-he-signs-his-contract-at-the-club

Brazilian-goalkeeper-Alisson-poses-in-Liverpool-colours-as-he-signs-his-contract-at-the-club

အဲလစ်ဆန် Alisson ဟာ လီဗာပူးလ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် (၁)သိန်းအထိ ရရှိမှာဖြစ်ပြီး (၆)နှစ်သက်တမ်းရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးတဲ့နောက် အဲလစ်ဆန် Alisson ဟာ အီတလီနိုင်ငံကို အားလပ်ရက်အနားယူဖို့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ အဲလစ်ဆန် Alisson အတွက် ကနဦးပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် (၅၆)သန်း ရိုးမားအသင်းကို ပေးချေသွားရမှာဖြစ်ပြီး အောင်မြင်မှု ရယူနိုင်တဲ့အပေါ်မူတည်ကာ ပေါင် (၉)သန်း ထပ်မံပေးချေသွားရမှာဖြစ်ပါတယ်။

The-Brazilian-has-become-most-expensive-goalkeeper-in-the-world

The-Brazilian-has-become-most-expensive-goalkeeper-in-the-world

ရိုးမားအသင်းဟာ အဲလစ်ဆန် Alisson အတွက် ရရှိခဲ့တဲ့ ပြောင်းရွှေ့ကြေးထဲကနေ အသင်းဟောင်း အင်တာနေစီယွန်နယ်အသင်းကို ပေါင် (၂.၂)သန်း ပြန်လည်ပေးချေသွားရမှာလည်း ဖြစ်ပါတယ်။ နည်းပြ ယာဂန်ကလော့ပ် Jurgen Klopp ရဲ့ လီဗာပူးလ်အသင်းဟာ အဲလစ်ဆန် Alisson မတိုင်ခင် လိုက်ပ်ဇစ်ကွင်းလယ်လူ နာဘီကီတာ Naby Keita၊ မိုနာကိုကွင်းလယ်လူ ဖာဘင်ဟို Fabinho နဲ့ စတုတ်စီးတီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ရှာကီရီ Shaqiri တို့ကို အသင်းမှာ ခေါ်ယူအားဖြည့်ထားခဲ့ပါတယ်။

REF:Daily Mail
Photo:Daily Mail, GettyImages
Aung Kyaw Wai (Akhayar)
www.akhayar.com