[Zawgyi]

ေျခဆယ့္တစ္လွမ္း ရုပ္ရွင္မွာေနာင္ရိုးအေနနဲ႔ ေတြ႔ရမယ့္ အလင္းေရာင္

ေရႊစႏၵာမင္း ရုပ္ရွင္ထုတ္လုပ္ေရး ကေနရိုက္ကူးေနတဲ့ ေျခဆယ့္တစ္လွမ္းဆိုတဲ့ ရုပ္ရွင္ဇာတ္ကားမွာ အလင္းေရာင္ကို ေနာင္ရိုးဆိုတဲ့ ေကာင္ေလးေနရာကေနေတြ႔ ျမင္ရမွာျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ ႔ ဇာတ္လမ္းနဲ႔ ဒါရိုက္တာကေတာ့ သိုးေဆာင္းျဖစ္ပါတယ္။

ေနာင္ရိုး အျဖစ္ေတြ႔ရမယ့္ အလင္းေရာင္

ဒီဇာတ္ကားကိုေတာ့ အလင္းေရာက္က ဇြန္လ ၁၄ ရက္ေန႔ကေနစၿပီးရိုက္ကူးေနပါၿပီ။ ဒီဇာတ္ကားထဲမွာ အလင္းေရာင္ရဲ ႔ ဆံပင္ပံုစံနဲ႔ အဝတ္အစားပံုစံေတြဟာ အျခားရုပ္ရွင္ဇာတ္ကားေတြနဲ႔ကြာျခားတာကိုေတြ႕ျမင္ရမွာျဖစ္ပါတယ္။

အလင္းေရာင္ က ဒီဇာတ္ကားထဲ ကသူ႔ရဲ ႔ပံုစံေလးကို “ေျခဆယ့္တစ္လွမ္းရုပ္ရွင္မွာ ေတာင္ေပၚသားလိုလုိ တရုတ္သိုင္းသမားလိုလိုနဲ႔ က်ေနာ္ ေနာင္ရိုး” ဆိုၿပီး သူ႔ရဲ ႔လူမႈကြန္ရက္ေပၚမွာပံုေလးေတြတင္ၿပီး အခုလိုေရးသားထားတာကိုလည္း ေတြ႔ရပါတယ္။

ၾကည္သာ (Akhayar)

Photo Credit: Alinnyaung Light Facebook

www.akhayar.com

[Unicode]

ခြေဆယ့်တစ်လှမ်း ရုပ်ရှင်မှာနောင်ရိုးအနေနဲ့ တွေ့ရမယ့် အလင်းရောင်

ရွှေစန္ဒာမင်း ရုပ်ရှင်ထုတ်လုပ်ရေး ကနေရိုက်ကူးနေတဲ့ ခြေဆယ့်တစ်လှမ်းဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ အလင်းရောင်ကို နောင်ရိုးဆိုတဲ့ ကောင်လေးနေရာကနေတွေ့ မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ ဒါရိုက်တာကတော့ သိုးဆောင်းဖြစ်ပါတယ်။

နောင်ရိုး အဖြစ်တွေ့ရမယ့် အလင်းရောင်

ဒီဇာတ်ကားကိုတော့ အလင်းရောက်က ဇွန်လ ၁၄ ရက်နေ့ကနေစပြီးရိုက်ကူးနေပါပြီ။ ဒီဇာတ်ကားထဲမှာ အလင်းရောင်ရဲ့ ဆံပင်ပုံစံနဲ့ အဝတ်အစားပုံစံတွေဟာ အခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ကွာခြားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

အလင်းရောင် က ဒီဇာတ်ကားထဲ ကသူ့ရဲ့ပုံစံလေးကို “ခြေဆယ့်တစ်လှမ်းရုပ်ရှင်မှာ တောင်ပေါ်သားလိုလို တရုတ်သိုင်းသမားလိုလိုနဲ့ ကျနော် နောင်ရိုး” ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာပုံလေးတွေတင်ပြီး အခုလိုရေးသားထားတာကိုလည်း တွေ့ရပါတယ်။

ကြည်သာ (Akhayar)

Photo Credit: Alinnyaung Light Facebook

www.akhayar.com