[Zawgyi]
August(Akhayar)
www.akhayar.com
[Unicode]
ဆန်းချက်ဇ် (Sanchez) ရဲ့လွဲနေတဲ့ဆုံမှတ်
ဆန်းချက်ဇ် (Sanchez) ရဲ့ လွဲနေတဲ့ဆုံမှတ်ဇာတ်လမ်းအဆုံးသတ်ခဲ့ပါပြီ။ ဆန်းချက်ဇ် (Sanchez)က ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်ကနေ မန်ချက်စတာယူနိုက်တက်၊ လန်ဒန်ကနေ မန်ချက်စတာမြို့ကို ပြောင်းခဲ့ပြီးနောက်ပိုင်း ချစ်ရသူ မေတီရိုဒရီဂွက်ဇ်(Mayte Rodriguez) နဲ့ အနေဝေးခဲ့ရတယ်။ ကြာသပတေးနေ့မှာတော့ ဆန်းချက်ဇ် (Sanchez)နဲ့ မေတီရိုဒရီဂွက်ဇ်(Mayte Rodriguez) တို့ရဲ့ လွဲနေတဲ့ဆုံမှတ်ဟာ ပြန်လည်ပူးပေါင်းခဲ့ပါပြီ။ မန်ချက်စတာယူနိုက်တက်အသင်းရဲ ဲ့ဟိုတယ်လို့ဆိုရမယ့် Lowry ဟိုတယ်ကို မေတီရိုဒရီဂွက်ဇ်(Mayte Rodriguez)နဲ့အတူ ဆန်းချက်ဇ် (Sanchez) အပြီးပြောင်းခဲ့တာပါပဲ။ Lowry ဟိုတယ်မှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ မော်ရင်ဟို (Mourinho) လည်း အခြေချနေထိုင်နေပါတယ်။ ဆန်းချက်ဇ် (Sanchez) တစ်ယောက်လည်း မန်ချက်စတာမြို့မှာ အိမ်ရှာမရသေးမီစပ်ကြား အဲဒီဟိုတယ်မှာ ယာယီနေသွားမှာပါပဲ။ ဆန်းချက်ဇ် (Sanchez) တို့စုံတွဲ Lowry ဟိုတယ်ရှေ့ရောက်လာချိန်မှာ မီဒီယာတွေက အလွတ်မပေးခဲ့ပါဘူး။ Suitcase အိတ်ကြီးနှစ်လုံးအနားမှာ မတ်တပ်ရပ်နေတဲ့ ဆန်းချက်ဇ် (Sanchez)၊ အိတ်နှစ်လုံးထဲက ပိုပြီးကြီးမားတဲ့ အိတ်ကို သယ်သွားရတဲ့ ဆန်းချက်ဇ် (Sanchez)ရဲ့ ပုံရိပ်ကို ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။
ဆန်းချက်ဇ် (Sanchez) တို့စုံတွဲ
ဆန်းချက်ဇ် (Sanchez) တို့စုံတွဲ
ဆန်းချက်ဇ် (Sanchez)ကို ကြည့်ရတာ လန်ဒန်ကနေ မန်ချက်စတာကို အကူးအပြောင်းမှာ အသားမကျသေးဘူးလို့ ဆိုရမလားပဲ။ ကွင်းတွင်းခြေစွမ်း မတည်ငြိမ်သေးသလို၊ ကွင်းပြင်ပ လူနေမှုပုံံစံကိုလည်း အသားကျအောင် ဆန်းချက်ဇ် (Sanchez) အချိန်ယူဦးမယ်ထင်တယ်။ ဒါပေမဲ့ ချစ်ရသူနဲ့ အတူပြန်လည်နေထိုင်ခွင့်ရပြီးနောက် ဆန်းချက်ဇ် (Sanchez) တစ်ယောက် မန်ချက်စတာမှာ ပိုပြီးနေပျော်လာမလား။
August(Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။