[Zawgyi]

ကစားသမားဘ၀ရဲ႕ အခက္ခဲဆံုးအခ်ိန္ေတြနဲ႔ ရင္ဆိုင္ေနရတဲ႔ ဆန္းခ်က္ဇ္ Sanchez

မန္ယူအသင္းရဲ႕ ေတာင္ပံတိုက္စစ္ကစားသမား ဆန္းခ်က္ဇ္ Sanchez ဟာ ကစားသမားဘ၀ရဲ႕ အခက္ခဲဆံုးအခ်ိန္ေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ေျပာရမွာပါ။ အာဆင္နယ္အသင္းကေန မန္ယူအသင္းကုိေရာက္ရိွလာျပီး မန္ယူအသင္းရဲ႕ လုပ္ခလစာအမ်ားဆံုး ကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ႔ေပမယ္႔ သူ႔ရဲ႕ကြင္းတြင္းေျခစြမ္းဟာ တည္ျငိမ္မႈနည္းတာေၾကာင္႔ အသင္းမွာ ႐ုန္းကန္ေနရတယ္လို႔ပဲ ေကာက္ခ်က္ခ်ရပါလိမ္႔မယ္။ ေနာက္ထပ္ သူရုန္းကန္ေနရတဲ႔အခ်က္ေတြကေတာ႔ အေသးစား ဒဏ္ရာျပႆနာေတြနဲ႔ နည္းျပေမာ္ရင္ဟို Mourinho တို႔ေၾကာင္႔ပါပဲ။

Sanchez-And-Mourinho

Sanchez-And-Mourinho

ဆန္းခ်က္ဇ္ ဟာ မန္ယူအသင္းမွာ အေသးစားဒဏ္ရာျပႆနာေတြကို မၾကာခဏၾကံဳေတြ႕ရေလ႔ရိွျပီး ဒီအေနအထားေတြရဟာ အသင္းရဲ႕ပြဲစဥ္ေတြကို လြဲေခ်ာ္ေစပါတယ္။ ေနာက္တစ္ခ်က္ကေတာ႔ နည္းျပေမာ္ရင္ဟို ပါပဲ။ ေမာ္ရင္ဟို ဟာ သူ႔ရဲ႕စိတ္ၾကိဳက္ ကစားသမားအျဖစ္ ဆန္းခ်က္ဇ္ ကိုေခၚယူထားေပမယ္႔ ကစားသမား အသင္းမွာ ခက္ခဲေနခ်ိန္မွာ အကူအညီေပးႏိုင္စြမ္း အားနည္းခဲ႔ပါတယ္။ ဆန္းခ်က္ဇ္ ေျခစြမ္းျပႏိုင္တဲ႔ ပြဲေတြမွာ ေမာ္ရင္ဟို ဟာမိနစ္(၇၀)ေက်ာ္ရင္ လူစားလဲေလ႔ရိွသလို ၊ တခ်ိဳ႕ပြဲေတြမွာ ျပီးခါနီးမွာ ထည္႔သြင္းျပီး တစ္ခါတေလမွာဆိုရင္လည္း ဘာျပႆနာမွာ မရိွဘဲ အသင္းရဲ႕ လူစာရင္းကေန ခ်န္လွပ္ေလ႔ရိွပါတယ္။ ဒီလိုအေနအထားေတြဟာ ကစားသမားရဲ႕ ယံုၾကည္မႈကိုေပ်ာက္ဆံုးေစျပီး ေမာ္ရင္ဟို ဟာ ကစားသမားကို မကူညီတဲ႔အျပင္ တြန္းခ်ေနသလိုျဖစ္ေနပါတယ္။

Alexis-Sanchez-is-an-injury-doubt-for-Manchester-Uniteds-trip-to-Southampton-on-Saturday

Alexis-Sanchez-is-an-injury-doubt-for-Manchester-Uniteds-trip-to-Southampton-on-Saturday

ျပီးခဲ႔တဲ႔ ခရစၥတယ္ပဲေလ႔စ္နဲ႔ ပြဲမွာလည္း ဆန္းခ်က္ဇ္ ဟာ လူစား၀င္ကစားခဲ႔ျပီး ပံုစံေကာင္းျပႏိုင္ခဲ႔ေပမယ္႔ ယန္းဘိြဳင္းစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲလူစာရင္းမွာေတာ႔ ခ်န္လွပ္ခံခဲ႔ရပါတယ္။ ဒီအေျခအေနေၾကာင္႔ ဆန္းခ်က္ဇ္နဲ႔ ေမာ္ရင္ဟိုၾကားမွာ ဆက္ဆံေရးတင္းမာမႈေတြရိွခဲ႔တယ္လို႔လည္း သတင္းေတြထြက္ေပၚခဲ႔ပါတယ္။ လက္ရိွမွာလည္း ကံဆုိးမ သြားေလရာမိုးလိုက္လို႔ရြာဆိုသလိုပဲ ျပီးခဲ႔တဲ႔ ၾကာသပေတးေန႔က ျပဳလုပ္ခဲ႔တဲ႔ ေလ႔က်င္႔ခန္းအစီအစဥ္မွာ ဆန္းခ်က္စ္ ဟာ တံေကာက္ေၾကာ ဒဏ္ရာရရိွခဲ႔ပါတယ္။ ဒဏ္ရာအေျခအေနေၾကာင္႔ ဆန္းခ်က္စ္ ဟာ မန္ယူအသင္းရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ေတြျဖစ္တဲ႔ ေဆာက္သမ္တန္ ၊ အသင္းေဟာင္း အာဆင္နယ္နဲ႔ ပြဲေတြကို လြဲေခ်ာ္ဖို႔ရိွေနပါတယ္။ ဒါေပမယ္႔ ဒဏ္ရာအေနအထားဟာ ထပ္မံစစ္ေဆးဖို႔လိုအပ္သလို ဒီဒဏ္ရာေၾကာင္႔ ကစားသမားရဲ႕ အိုးထရက္ဖို႔ဒ္ အနာဂတ္ကိုထိခိုက္ေစတာကလည္း အမွန္ပါပဲ။ ကစားသမားဘ၀ရဲ႕ အခက္ခဲဆံုးအခ်ိန္ေတြနဲ႔ ရင္ဆိုင္ေနရတဲ႔ ဆန္းခ်က္ဇ္ တစ္ေယာက္ အေျခအေနဆိုးေတြကေန ျပန္လာႏိုင္မလား ဆိုတာကေတာ႔ …

Ref: Daily Mail
Photo: ESPN.com , Evening Standard 
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ကစားသမားဘဝရဲ့ အခက်ခဲဆုံးအချိန်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဆန်းချက်ဇ် Sanchez

မန်ယူအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez ဟာ ကစားသမားဘဝရဲ့ အခက်ခဲဆုံးအချိန်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောရမှာပါ။ အာဆင်နယ်အသင်းကနေ မန်ယူအသင်းကိုရောက်ရှိလာပြီး မန်ယူအသင်းရဲ့ လုပ်ခလစာအများဆုံး ကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပေမယ့် သူ့ရဲ့ကွင်းတွင်းခြေစွမ်းဟာ တည်ငြိမ်မှုနည်းတာကြောင့် အသင်းမှာ ရုန်းကန်နေရတယ်လို့ပဲ ကောက်ချက်ချရပါလိမ့်မယ်။ နောက်ထပ် သူရုန်းကန်နေရတဲ့အချက်တွေကတော့ အသေးစား ဒဏ်ရာပြဿနာတွေနဲ့ နည်းပြမော်ရင်ဟို Mourinho တို့ကြောင့်ပါပဲ။

Sanchez-And-Mourinho

Sanchez-And-Mourinho

ဆန်းချက်ဇ် ဟာ မန်ယူအသင်းမှာ အသေးစားဒဏ်ရာပြဿနာတွေကို မကြာခဏကြုံတွေ့ရလေ့ရှိပြီး ဒီအနေအထားတွေရဟာ အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်စေပါတယ်။ နောက်တစ်ချက်ကတော့ နည်းပြမော်ရင်ဟို ပါပဲ။ မော်ရင်ဟို ဟာ သူ့ရဲ့စိတ်ကြိုက် ကစားသမားအဖြစ် ဆန်းချက်ဇ် ကိုခေါ်ယူထားပေမယ့် ကစားသမား အသင်းမှာ ခက်ခဲနေချိန်မှာ အကူအညီပေးနိုင်စွမ်း အားနည်းခဲ့ပါတယ်။ ဆန်းချက်ဇ် ခြေစွမ်းပြနိုင်တဲ့ ပွဲတွေမှာ မော်ရင်ဟို ဟာမိနစ်(၇၀)ကျော်ရင် လူစားလဲလေ့ရှိသလို ၊ တချို့ပွဲတွေမှာ ပြီးခါနီးမှာ ထည့်သွင်းပြီး တစ်ခါတလေမှာဆိုရင်လည်း ဘာပြဿနာမှာ မရှိဘဲ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်လေ့ရှိပါတယ်။ ဒီလိုအနေအထားတွေဟာ ကစားသမားရဲ့ ယုံကြည်မှုကိုပျောက်ဆုံးစေပြီး မော်ရင်ဟို ဟာ ကစားသမားကို မကူညီတဲ့အပြင် တွန်းချနေသလိုဖြစ်နေပါတယ်။

Alexis-Sanchez-is-an-injury-doubt-for-Manchester-Uniteds-trip-to-Southampton-on-Saturday

Alexis-Sanchez-is-an-injury-doubt-for-Manchester-Uniteds-trip-to-Southampton-on-Saturday

ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာလည်း ဆန်းချက်ဇ် ဟာ လူစားဝင်ကစားခဲ့ပြီး ပုံစံကောင်းပြနိုင်ခဲ့ပေမယ့် ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲလူစာရင်းမှာတော့ ချန်လှပ်ခံခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် ဆန်းချက်ဇ်နဲ့ မော်ရင်ဟိုကြားမှာ ဆက်ဆံရေးတင်းမာမှုတွေရှိခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိမှာလည်း ကံဆိုးမ သွားလေရာမိုးလိုက်လို့ရွာဆိုသလိုပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဆန်းချက်စ် ဟာ တံကောက်ကြော ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာအခြေအနေကြောင့် ဆန်းချက်စ် ဟာ မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေဖြစ်တဲ့ ဆောက်သမ်တန် ၊ အသင်းဟောင်း အာဆင်နယ်နဲ့ ပွဲတွေကို လွဲချော်ဖို့ရှိနေပါတယ်။ ဒါပေမယ့် ဒဏ်ရာအနေအထားဟာ ထပ်မံစစ်ဆေးဖို့လိုအပ်သလို ဒီဒဏ်ရာကြောင့် ကစားသမားရဲ့ အိုးထရက်ဖို့ဒ် အနာဂတ်ကိုထိခိုက်စေတာကလည်း အမှန်ပါပဲ။ ကစားသမားဘဝရဲ့ အခက်ခဲဆုံးအချိန်တွေနဲ့ ရင်ဆိုင်နေရတဲ့ ဆန်းချက်ဇ် တစ်ယောက် အခြေအနေဆိုးတွေကနေ ပြန်လာနိုင်မလား ဆိုတာကတော့ …

Ref: Daily Mail
Photo: ESPN.com , Evening Standard 
Ko Kyue(Akhayar)
www.akhayar.com