[Zawgyi]

ဘ႐ုိက္တန္နဲ႔ ကစားမယ့္ပဲြ လူစာရင္းမွာ ပါ၀င္ခဲ့ျခင္းမရွိတဲ့  Alexis Sanchez

မန္ယူအသင္းရဲ႕ ခ်ီလီလက္ေရြးစင္တိုက္စစ္မွဴး အလက္ဆစ္ဆန္းခ်က္ဇ္ Alexis Sanchez ဟာ ဘ႐ုိက္တန္နဲ႔ကစားမယ့္ အေ၀းကြင္းပဲြအတြက္ အသင္းလူစာရင္းမွာ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ ခ်န္လွပ္ခံခဲ့ရပါတယ္။ ဆန္းခ်က္ဇ္ဟာ ရာသီအဖြင့္ပဲြျဖစ္တဲ့ လက္စတာနဲ႔ပဲြတုန္းက ပဲြခ်ိန္ျပည့္ပါ၀င္ကစားခဲ့ေပမယ့္ ဘ႐ုိက္တန္နဲ႔ကစားမယ့္ပဲြအတြက္ ကစားသမားအေယာက္ (၂၀)စာရင္းမွာ ခ်န္လွပ္ခံခဲ့ရတာပါ။ ပဲြႀကိဳသတင္းစာရွင္းလင္းပဲြမွာေတာ့ ဆန္းခ်က္ဇ္နဲ႔ပတ္သက္ၿပီး မန္ယူနည္းျပ ေမာ္ရင္ဟုိ Mourinho က ဘာမွ မေျပာခ့ဲဘဲ တျခားကြင္းလယ္လူေတြျဖစ္တဲ့ လင္ဂတ္ Lingard နဲ႔ ဟာရဲရား Herrera တို႔ေတာ့ ပါ၀င္လာပါတယ္။

Manchester-United-boarded-their-flight-to-Brighton-without-Alexis-Sanchez

Manchester-United-boarded-their-flight-to-Brighton-without-Alexis-Sanchez

ဘ႐ုိက္တန္နဲ႔လူစာရငး္မွာ ဆန္းခ်က္ဇ္ကလဲြလုိ႔ တျခားအဓိက ကစားသမား အစုံအလင္ပါ၀င္လာၿပီး အသင္းေခါင္းေဆာင္ ဗလင္စီယာ Valencia ဒဏ္ရာရေနတာေၾကာင့္ အသင္းေခါင္းေဆာင္အျဖစ္ ေပါ့ဘာ Pogba က ဆက္လက္တာ၀န္ယူသြားဖုိ႔ရွိေနပါတယ္။ ဘ႐ုိက္တန္နဲ႔ မန္ယူအသင္းတို႔ဟာ အခုတနဂၤေႏြ ျမန္မာစံေတာ္ခ်ိန္ ည (၉း၃၀)မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းကေတာ့ ဘ႐ုိက္တန္ကြင္းမွာ မန္ယူအသင္း (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။

REF:The Sun
Photo:The Sun,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘရိုက်တန်နဲ့ ကစားမယ့်ပွဲ လူစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိတဲ့  Alexis Sanchez

မန်ယူအသင်းရဲ့ ချီလီလက်ရွေးစင်တိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez ဟာ ဘရိုက်တန်နဲ့ကစားမယ့် အဝေးကွင်းပွဲအတွက် အသင်းလူစာရင်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် ချန်လှပ်ခံခဲ့ရပါတယ်။ ဆန်းချက်ဇ်ဟာ ရာသီအဖွင့်ပွဲဖြစ်တဲ့ လက်စတာနဲ့ပွဲတုန်းက ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ဘရိုက်တန်နဲ့ကစားမယ့်ပွဲအတွက် ကစားသမားအယောက် (၂၀)စာရင်းမှာ ချန်လှပ်ခံခဲ့ရတာပါ။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာတော့ ဆန်းချက်ဇ်နဲ့ပတ်သက်ပြီး မန်ယူနည်းပြ မော်ရင်ဟို Mourinho က ဘာမှ မပြောခဲ့ဘဲ တခြားကွင်းလယ်လူတွေဖြစ်တဲ့ လင်ဂတ် Lingard နဲ့ ဟာရဲရား Herrera တို့တော့ ပါဝင်လာပါတယ်။

Manchester-United-boarded-their-flight-to-Brighton-without-Alexis-Sanchez

Manchester-United-boarded-their-flight-to-Brighton-without-Alexis-Sanchez

ဘရိုက်တန်နဲ့လူစာရင်းမှာ ဆန်းချက်ဇ်ကလွဲလို့ တခြားအဓိက ကစားသမား အစုံအလင်ပါဝင်လာပြီး အသင်းခေါင်းဆောင် ဗလင်စီယာ Valencia ဒဏ်ရာရနေတာကြောင့် အသင်းခေါင်းဆောင်အဖြစ် ပေါ့ဘာ Pogba က ဆက်လက်တာဝန်ယူသွားဖို့ရှိနေပါတယ်။ ဘရိုက်တန်နဲ့ မန်ယူအသင်းတို့ဟာ အခုတနင်္ဂနွေ မြန်မာစံတော်ချိန် ည (၉း၃၀)မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကတော့ ဘရိုက်တန်ကွင်းမှာ မန်ယူအသင်း (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။

REF:The Sun
Photo:The Sun,Getty Images
Naing Linn(Akhayar)
www.akhayar.com