[Zawgyi]
REF:The Sun
Naing Linn(Akhayar)
www.akhayar.com
[Unicode]
အီဝိုဘီ Iwobi ကို (၅)နှစ်စာချုပ်သက်တမ်းတိုးခဲ့တဲ့ အာဆင်နယ်
အာဆင်နယ် Arsenal အသင်းဟာ တိုက်စစ်ကစားသမား အီဝိုဘီ Iwobi ကို (၅)နှစ် စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်လူငယ်အကယ်ဒမီထွက် နိုက်ဂျီးရီးယားကစားသမား အီဝိုဘီကို စီးရီးအေနာမည်ကျော်ကလပ် လာဇီယိုအသင်းက ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့်လည်း သူက အာဆင်နယ်အသင်းနဲ့ (၅)နှစ်စာချုပ်သက်တမ်းခဲ့တာဖြစ်ပြီး တစ်ပတ်လစာအဖြစ် ပေါင်(၇)သောင်းရရှိသွားမှာပါ။
IWOBI-has-agreed-a-new-long-term-deal-at-Arsenal.
IWOBI-has-agreed-a-new-long-term-deal-at-Arsenal.
အသက်(၂၂)နှစ်အရွယ်သာရှိသေးတဲ့ အီဝိုဘီဟာ အခုစနေနေ့မှာကစားမယ့် PSG နဲ့ပွဲအပြီး အာဆင်နယ်အသင်းနဲ့ စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အီဝိုဘီကို ၂၀၁၆ ခုနှစ်တုန်းက (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့ပေမယ့် နောက်ထပ်နှစ်ရှည်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပြီး ကမ္ဘာ့ဖလားမတိုင်ခင်ကတည်းက သဘောတူညီမှုရရှိခဲ့တာပါ။ အာဆင်နယ်နည်းပြသစ် အူနိုင်းအမ်မရီ Unai Emery က အီဝိုဘီဟာ သူ့ရဲ့ အနာဂတ်စီမံကိန်းထဲမှာ ပါဝင်နေဆဲဖြစ်တာကြောင့် စာချုပ်သက်တမ်းတိုးဖို့ တာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ အီဝိုဘီဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံပွဲ(၄၀)ကစား (၃)ဂိုးသွင်းယူနိုင်ခဲ့တယ်။
REF:The Sun
Photo:ufatop.com,Arsenal.com
Naing Linn(Akhayar)
www.akhayar.com