[Zawgyi]

ခ်ယ္လ္ဆီးကို ေျပာင္းေရႊ႕ေတာ့မယ္လို႔ အသင္းေဖာ္ေတြကို အသိေပးခဲ့တဲ့ ဂိုလိုဗင္ Golovin

ခ်ယ္လ္ဆီးအသင္းကို ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ CSKA ေမာ္စကိုကြင္းလယ္လူ ဂိုလိုဗင္ Golovin က အသင္းေဖာ္ေတြကို အသိေပး ေျပာၾကားခဲ့ပါတယ္။ ကလပ္ (၂)သင္းၾကား သေဘာတူညီမႈ ရရွိခဲ့တဲ့ သတင္းကို ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေပမယ့္ ဂိုလိုဗင္ Golovin ရဲ႕ အေျပာင္းအေရႊ႕သတင္းက သူ႔ရဲ႕အသင္းေဖာ္ေတြထံကေန ေပါက္ၾကားခဲ့ပါတယ္။ အသင္းေဖာ္ကစားသမား ခ်ိပ္ခ်ဴေဂါ့ဗ္ Chepchugov က Instagram စာမ်က္ႏွာထက္ကေန ဂိုလိုဗင္ Golovin ကို ဂုဏ္ျပဳစကားေျပာၾကားခဲ့ရာမွာ ခ်ယ္လ္ဆီးအသင္းကို Hashtag ခံၿပီးေရးသားခဲ့ရာကေန ေပါက္ၾကားခဲ့တာျဖစ္ပါတယ္။ ခ်ိပ္ခ်ဴေဂါ့ဗ္ Chepchugov က အသင္းသစ္မွာ ေျခစြမ္းျပႏိုင္ဖို႔ ဆုေတာင္းေပးခဲ့ၿပီး ဂိုလိုဗင္ Golovin ဟာ ဥေရာပထိပ္တန္းကလပ္အသင္းေတြမွာ ကစားခြင့္ရဖို႔ ဆႏၵရွိတဲ့ ကစားသမားျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Golovin-scored-in-Russias-opener-against-Saudi-Arabia

Golovin-scored-in-Russias-opener-against-Saudi-Arabia

ထြက္ေပၚေနတဲ့ သတင္းေတြအရ ခ်ယ္လ္ဆီးအသင္းဟာ ဂိုလိုဗင္ Golovin အတြက္ CSKA ေမာ္စကိုအသင္းနဲ႔ အႀကိဳသေဘာတူညီမႈ ရရွိထားၿပီး ရာသီႀကိဳေျခစမ္းခရီးစဥ္က အျပန္မွာ တရားဝင္ေခၚယူသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ အသက္ (၂၂)ႏွစ္အရြယ္ရွိ ဂိုလိုဗင္ Golovin ဟာ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အိမ္ရွင္ရုရွားအသင္းအတြက္ ေျခစြမ္းျပသႏိုင္ခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး ဥေရာပကလပ္အသင္းအေတာ္မ်ားမ်ားက ေခၚယူဖို႔ ေစာင့္ၾကည့္ခဲ့ၾကတာျဖစ္ပါတယ္။ ခ်ယ္လ္ဆီးနည္းျပ ဆာရီ Sarri က အသင္းကြင္းလယ္ကို အခုထက္ပိုမို အင္အားေတာင့္တင္းေအာင္ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္သြားဖို႔ စီစဥ္ေနၿပီး ဂိုလိုဗင္ Golovin အပါအဝင္ တျခားကြင္းလယ္ကစားသမားေတြကို ပစ္မွတ္ထား ေစာင့္ၾကည့္ေနခဲ့တာျဖစ္ပါတယ္။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ချယ်လ်ဆီးကို ပြောင်းရွှေ့တော့မယ်လို့ အသင်းဖော်တွေကို အသိပေးခဲ့တဲ့ ဂိုလိုဗင် Golovin

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ CSKA မော်စကိုကွင်းလယ်လူ ဂိုလိုဗင် Golovin က အသင်းဖော်တွေကို အသိပေး ပြောကြားခဲ့ပါတယ်။ ကလပ် (၂)သင်းကြား သဘောတူညီမှု ရရှိခဲ့တဲ့ သတင်းကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေမယ့် ဂိုလိုဗင် Golovin ရဲ့ အပြောင်းအရွှေ့သတင်းက သူ့ရဲ့အသင်းဖော်တွေထံကနေ ပေါက်ကြားခဲ့ပါတယ်။ အသင်းဖော်ကစားသမား ချိပ်ချူဂေါ့ဗ် Chepchugov က Instagram စာမျက်နှာထက်ကနေ ဂိုလိုဗင် Golovin ကို ဂုဏ်ပြုစကားပြောကြားခဲ့ရာမှာ ချယ်လ်ဆီးအသင်းကို Hashtag ခံပြီးရေးသားခဲ့ရာကနေ ပေါက်ကြားခဲ့တာဖြစ်ပါတယ်။ ချိပ်ချူဂေါ့ဗ် Chepchugov က အသင်းသစ်မှာ ခြေစွမ်းပြနိုင်ဖို့ ဆုတောင်းပေးခဲ့ပြီး ဂိုလိုဗင် Golovin ဟာ ဥရောပထိပ်တန်းကလပ်အသင်းတွေမှာ ကစားခွင့်ရဖို့ ဆန္ဒရှိတဲ့ ကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Golovin-scored-in-Russias-opener-against-Saudi-Arabia

Golovin-scored-in-Russias-opener-against-Saudi-Arabia

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်လ်ဆီးအသင်းဟာ ဂိုလိုဗင် Golovin အတွက် CSKA မော်စကိုအသင်းနဲ့ အကြိုသဘောတူညီမှု ရရှိထားပြီး ရာသီကြိုခြေစမ်းခရီးစဉ်က အပြန်မှာ တရားဝင်ခေါ်ယူသွားမှာဖြစ်ကြောင်း သိရပါတယ်။ အသက် (၂၂)နှစ်အရွယ်ရှိ ဂိုလိုဗင် Golovin ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အိမ်ရှင်ရုရှားအသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဥရောပကလပ်အသင်းအတော်များများက ခေါ်ယူဖို့ စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြ ဆာရီ Sarri က အသင်းကွင်းလယ်ကို အခုထက်ပိုမို အင်အားတောင့်တင်းအောင် ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်သွားဖို့ စီစဉ်နေပြီး ဂိုလိုဗင် Golovin အပါအဝင် တခြားကွင်းလယ်ကစားသမားတွေကို ပစ်မှတ်ထား စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com