[Zawgyi]



Aleix-Vidal

Aleix-Vidal


REF: BBC Sport
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ အဲလစ် ဗီဒယ်လ် Aleix Vidal

ဘာစီလိုနာကစားသမား အဲလစ် ဗီဒယ်လ် Aleix Vidal ဟာ အသင်းဟောင်း ဆီဗီလာအသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။ ဆီဗီလာအသင်းဟာ အဲလစ် ဗီဒယ်လ် Aleix Vidal ကိုပြန်လည်ခေါ်ယူနိုင်ဖို့ အတွက် ပြောင်းရွှေ့ကြေး ပေါင်(၉.၃၅)သန်းအသုံးပြုခဲ့ရပါတယ်။

Aleix-Vidal

Aleix-Vidal

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ အဲလစ် ဗီဒယ်လ် Aleix Vidal ဟာ (၂၀၁၅)ခုနှစ်တုန်းက ဆီဗီလာအသင်းကနေ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းဟောင်း ဆီဗီလာအသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာပါ။ အဲလစ် ဗီဒယ်လ် Aleix Vidal ဟာ ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း(၅၁)ပွဲကစားခဲ့ပြီး သွင်းဂိုး(၄)ဂိုးသွင်းယူခဲ့ကာ အသင်းနဲ့အတူ လာလီဂါချန်ပီယံဆုကို (၂)ကြိမ် ၊ စပိန်ဘုရင့်ဖလား ချန်ပီယံဆုကို (၃)ကြိမ် ၊ စပိန်စူပါဖလားချန်ပီယံဆုကို (၁)ကြိမ်ရရှိခဲ့ပါတယ်။

REF: BBC Sport
Photo: ElNacional.cat , Eurosport
Ko Kyue(Akhayar)
www.akhayar.com