[Zaygyi]

ဝက်စ်ဘရွန်းအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တဲ့ အလန်ပါဂျူး

ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ၀က်စ်ဘရွန်းအသင်းဟာ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်းပဲ နည်းပြပါဂျူးနဲ့ နှစ်ဦးသဘောတူ
လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ ၀က်စ်ဘရွန်းအသင်းဟာ ပြီးခဲ့တဲ့စနေနေ့က ဘန်လေနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲမှာ (၁-၂)ဂိုး
နဲ့ ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်နောက်ဆုံး(၈)ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့အတွက် အသင်းတာဝန်ရှိသူတွေက ပါဂျူးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်
မှာ နှစ်ဦးသဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ပါဂျူးဟာ ၀က်စ်ဘရွန်းအသင်းနဲ့ ၂၀၁၉-၂၀ ရာသီအထိ စာချုပ်ချုပ်ဆိုထားတာဖြစ်ပေမယ့် ၀က်စ်ဘရွန်းအသင်းက စာချုပ်လျော်ကြေးပေးပြီး လမ်းခွဲခဲ့တာပါ။

ဝက်စ်ဘရွန်းအသင်းနဲ့ လမ်းခွဲခဲ့တဲ့ အလန်ပါဂျူး

ဝက်စ်ဘရွန်းအသင်းနဲ့ လမ်းခွဲခဲ့တဲ့ အလန်ပါဂျူး

ဝက်စ်ဘရွန်းအသင်းဟာ ပါဂျူးကို ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလအတွင်းက နည်းပြသစ် ခန့်အပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့လက်ထက် ကစားခဲ့တဲ့
ပရီးမီးယားလိဂ်(၁၈)ပွဲမှာ တစ်ပွဲပဲအနိုင်ရခဲ့တဲ့အပြင် အခုအချိန်မှာ ၀က်စ်ဘရွန်းအသင်းဟာ အမှတ်ပေးဇယားအောက်ခြေမှာ ရပ်တည်
နေတာဖြစ်ပါတယ်။ ၀က်စ်ဘရွန်းအသင်းဟာ အလန်ပါဂျူးရဲ့နေရာမှာ လူငယ်အသင်းနည်းပြဖြစ်တဲ့ ဒါရန်းမိုးကို ယာယီခန့်အပ်ခဲ့ပြီး
နည်းပြသစ်တစ်ဦးကို ရာသီမကုန်ခင် ခန့်အပ်သွားဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

ဘန်လေကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ၀က်စ်ဘရွန်းအသင်း

ဘန်လေကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ၀က်စ်ဘရွန်းအသင်း

REF: Daily Mail

Naing Linn(Akhayar)
http://www.akhayar.com

[Unicode]




REF: Daily Mail

Naing Linn(Akhayar)
www.akhayar.com