[Zawgyi]

အာဖရိကမွာ Black Panther ထဲက Wakanda လို ၿမိဳ႕တစ္ခု တည္ေဆာက္ခ်င္တဲ့ Akon

လူမည္း သ႐ုပ္ေဆာင္ Chadwick Boseman ပါဝင္ထားတဲ့ Black Panther ႐ုပ္ရွင္ဟာ စူပါဟီး႐ိုးကားလည္း ျဖစ္သလို Africa လူမ်ိဳးေတြ မ်က္ႏွာပန္းလွ ဂုဏ္တက္ေစခဲ့တဲ့ ဇာတ္ကားတစ္ကားဆိုလည္း မမွားပါဘူး။ ႐ုပ္ရွင္မွာ ပါဝင္ခဲ့တဲ့ ဇာတ္လမ္းအရ Wakanda ဟာ Africa လူမ်ိဳးေတြ ေနထိုင္တဲ့ စိတ္ကူးယွဥ္ဆန္ဆန္ ဖန္တီးထားတဲ့ ေခတ္မီ တိုင္းျပည္ျဖစ္ၿပီး ကမာၻေပၚမွာ မရွိေသးတဲ့ နည္းပညာေတြ ပိုင္ဆိုင္ထားတာလည္း ျဖစ္ပါတယ္။

Black Panther Theatrical Released Poster

Wakanda ရွင္ဘုရင္ T’ Challa တစ္ျဖစ္လည္း Black Panther ဟာ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ ျဖစ္တယ္ဆိုတာကို ႐ုပ္ရွင္မွာ ေဖာ္ျပထားပါတယ္။ ဒီလိုပဲ အျပင္မွာ Africa လူမ်ိဳးေတြရဲ႕ ကယ္တင္ရွင္လည္း ျဖစ္သလို နာမည္ေက်ာ္ အဆိုေတာ္လည္းျဖစ္တဲ့ Akon ဟာ “Africa ကို Wakanda လို ေခတ္မွီဆန္းျပားတဲ့ ၿမိဳ႕ေတာ္တစ္ခု တည္ေဆာက္ခ်င္ပါတယ္” လို႔ ၿပီးခဲ့တဲ့ တနလၤာေန႔တုန္းက အျပည္ျပည္ဆိုင္ရာ ထူးခြၽန္ဆုေပးပြဲ Cannes Lions 2018 မွာ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Akon at Cannes Lions 2018

PageSix’s Panel သတင္းဌာနက “Akon အေနနဲ႔ Blockchain Technology နဲ႔ Crytocurrency စတဲ့ နည္းပညာေတြ အသုံးခ်သြားမွာ ျဖစ္တဲ့အတြက္ Africa လူမ်ိဳးေတြဟာ အစိုးရ အင္အားစိုက္ထုတ္စရာ မလိုပဲ ကိုယ့္ဘဝကို ရပ္တည္ႏိုင္မယ့္ App-based System ေတြ ေထာက္ပံ့သြားမွာ ျဖစ္တယ္” လို႔ ေဖာ္ျပထားပါတယ္။ အလားတူ ICO Impact Group ကလည္း “AKoin ပိုက္ဆံပဲသုံးမယ့္ 100% Crypto-based ၿမိဳ႕ေတာ္ကို Africa မွာ ရွိတဲ့ Senegal မွာ တည္ေဆာက္သြားဖို႔ အစီအစဥ္ဆြဲေနတာ ျဖစ္တယ္” လို႔ သုံးသပ္ခဲ့ပါတယ္။

Blockchain , Distributed ledger technology , bitcoin concept

Akon ဟာ St. Lousi, Missouri မွာ ေမြးတာဆိုေပမယ့္ Senegalese မ်ိဳးႏြယ္က ဆင္းသက္လာတာ ျဖစ္ပါတယ္၊ ငယ္ဘဝ တစ္ေလွ်ာက္လုံး Senegal မွာ ႀကီးျပင္းခဲ့တာ ျဖစ္တဲ့အတြက္ Africa ရဲ႕ သူရဲေကာင္းမ်ား ေမြးဖြားရာေဒသမွာ တည္ေဆာက္သြားဖြယ္ ရွိတယ္လို႔ တင္စား သုံးသပ္ခ်က္လည္း ျဖစ္ပါတယ္။ AKoin ဟာ Akon ကိုယ္တိုင္ တည္ေထာင္ခဲ့တဲ့ Ecosystem Foundation တစ္ခုျဖစ္ၿပီး စီးပြားေရး လုပ္ငန္းစလုပ္မယ့္ သူေတြအတြက္ အခြင့္အလမ္းေတြ ဖန္တီးေပးထားတဲ့ Digital Platform တစ္ခုလည္း ျဖစ္ပါတယ္။ ဒီ AKoin Ecosystem မွာ ဘယ္သူမဆို ပါဝင္ႏိုင္မွာ ျဖစ္ၿပီး Black Panther ႐ုပ္ရွင္ထဲကလို ဘ႑ာေရး ဝန္ေဆာင္မႈ အသုံးျပဳလို႔ရမယ့္ Blockchain-powered Apps နဲ႔ ေထာက္ပံ့ထားမွာ ျဖစ္ပါတယ္။ ဒီ Application ကို AKoin ထုတ္ေငြ၊ အသားတင္ေငြ၊ ေငြလႊဲ စတာေတြ ဖုန္းနဲ႔ ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္။ အဲ့ဒီလို လုပ္ႏိုင္ဖို႔ ကိုယ့္မွာ Bitcoin Money ပိုင္ဆိုင္ထားဖို႔ လိုမွာျဖစ္ၿပီး Cryptocurrency နဲ႔ AKoin Ecosystem က Offer ေပးထားတဲ့ စီးပြားေရးလုပ္ငန္းစု ေတြမွာ ပါဝင္ႏိုင္မွာ ျဖစ္ပါတယ္။

Akon is said “Savior of Africa”

အခုလို Akon ရဲ႕ အစီအဥ္နဲ႔ ပတ္သက္လို႔ ျဖစ္မလာႏိုင္တဲ့ အေျခအေနေတြ ရွိေနတယ္လို႔ PageSix က “Bitcoin နဲ႔ ဝယ္လို႔ရမယ့္ အခြင့္ေရးဟာ တစ္ျဖည္းျဖည္း ေမွးမွိန္လာေနပါၿပီ” ဆိုတဲ့ အသုံးႏႈန္းနဲ႔ လက္ရွိ အစီအစဥ္ဟာ အေကာင္ထည္ေဖာ္ဖို႔ အခြင့္လမ္း နည္းေနတဲ့ အေၾကာင္း ေျပာဆိုခဲ့ပါတယ္။ အခုလို ေျပာၾကားခ်က္ကို တုံ႔ျပန္ထားျခင္း မရွိေသးေပမယ့္ Akon ပရဟိတ အသင္းက “Akon Lighting Africa” ေခါင္းစဥ္နဲ႔ Africa ႏိုင္ငံ ၁၇ ႏိုင္ငံကို Solar Panel နဲ႔ လွ်ပ္စစ္မီး ေထာက္ပံ့သြားမယ့္  စီမံကိန္းကို လြန္ခဲ့တဲ့ ၂ ႏွစ္ကတည္းက စတင္အလႉေငြေကာက္ခံခဲ့တာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ ၂၅ ႏိုင္ငံအထိ လွ်ပ္စစ္မီး ေထာက္ပံ့သြားႏိုင္ဖို႔ လ်ာထားတာျဖစ္ၿပီး UN အသိမွတ္ျပဳ လက္မွတ္ ရရွိထားသလို တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံကလည္း ကန္ေဒၚလာ ၁ ဘီလီယံ ေထာက္ပံ့ထားတယ္လို႔ သိရပါတယ္။

Akon informed AKoin Crypto City

မည္သို႔ပင္ဆိုေစကာမူ PageSix က “Akon လႈပ္ရွားမႈေတြကို ႏိုင္ငံေရးႏြယ္ေနတယ္” လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ၂၀၂၀ မွာ က်င္းပမယ့္ အေမရိကန္ သမၼတေ႐ြးေကာက္ပြဲမွာ Donald Trump ေနရာကို ယွဥ္ၿပိဳင္မယ့္ Kanye West ရဲ႕ အဓိက ၿပိဳင္ဖက္ ျဖစ္လာမယ္လို႔ သုံးသပ္ထားပါတယ္။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge, AKoin

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အာဖရိကမှာ Black Panther ထဲက Wakanda လို မြို့တစ်ခု တည်ဆောက်ချင်တဲ့ Akon

လူမည်း သရုပ်ဆောင် Chadwick Boseman ပါဝင်ထားတဲ့ Black Panther ရုပ်ရှင်ဟာ စူပါဟီးရိုးကားလည်း ဖြစ်သလို Africa လူမျိုးတွေ မျက်နှာပန်းလှ ဂုဏ်တက်စေခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ ဇာတ်လမ်းအရ Wakanda ဟာ Africa လူမျိုးတွေ နေထိုင်တဲ့ စိတ်ကူးယှဥ်ဆန်ဆန် ဖန်တီးထားတဲ့ ခေတ်မီ တိုင်းပြည်ဖြစ်ပြီး ကမ္ဘာပေါ်မှာ မရှိသေးတဲ့ နည်းပညာတွေ ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

Black Panther Theatrical Released Poster

Wakanda ရှင်ဘုရင် T’ Challa တစ်ဖြစ်လည်း Black Panther ဟာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုတာကို ရုပ်ရှင်မှာ ဖော်ပြထားပါတယ်။ ဒီလိုပဲ အပြင်မှာ Africa လူမျိုးတွေရဲ့ ကယ်တင်ရှင်လည်း ဖြစ်သလို နာမည်ကျော် အဆိုတော်လည်းဖြစ်တဲ့ Akon ဟာ “Africa ကို Wakanda လို ခေတ်မှီဆန်းပြားတဲ့ မြို့တော်တစ်ခု တည်ဆောက်ချင်ပါတယ်” လို့ ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းက အပြည်ပြည်ဆိုင်ရာ ထူးချွန်ဆုပေးပွဲ Cannes Lions 2018 မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Akon at Cannes Lions 2018

PageSix’s Panel သတင်းဌာနက “Akon အနေနဲ့ Blockchain Technology နဲ့ Crytocurrency စတဲ့ နည်းပညာတွေ အသုံးချသွားမှာ ဖြစ်တဲ့အတွက် Africa လူမျိုးတွေဟာ အစိုးရ အင်အားစိုက်ထုတ်စရာ မလိုပဲ ကိုယ့်ဘဝကို ရပ်တည်နိုင်မယ့် App-based System တွေ ထောက်ပံ့သွားမှာ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။ အလားတူ ICO Impact Group ကလည်း “AKoin ပိုက်ဆံပဲသုံးမယ့် 100% Crypto-based မြို့တော်ကို Africa မှာ ရှိတဲ့ Senegal မှာ တည်ဆောက်သွားဖို့ အစီအစဥ်ဆွဲနေတာ ဖြစ်တယ်” လို့ သုံးသပ်ခဲ့ပါတယ်။

Blockchain , Distributed ledger technology , bitcoin concept

Akon ဟာ St. Lousi, Missouri မှာ မွေးတာဆိုပေမယ့် Senegalese မျိုးနွယ်က ဆင်းသက်လာတာ ဖြစ်ပါတယ်၊ ငယ်ဘဝ တစ်လျှောက်လုံး Senegal မှာ ကြီးပြင်းခဲ့တာ ဖြစ်တဲ့အတွက် Africa ရဲ့ သူရဲကောင်းများ မွေးဖွားရာဒေသမှာ တည်ဆောက်သွားဖွယ် ရှိတယ်လို့ တင်စား သုံးသပ်ချက်လည်း ဖြစ်ပါတယ်။ AKoin ဟာ Akon ကိုယ်တိုင် တည်ထောင်ခဲ့တဲ့ Ecosystem Foundation တစ်ခုဖြစ်ပြီး စီးပွားရေး လုပ်ငန်းစလုပ်မယ့် သူတွေအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးထားတဲ့ Digital Platform တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ AKoin Ecosystem မှာ ဘယ်သူမဆို ပါဝင်နိုင်မှာ ဖြစ်ပြီး Black Panther ရုပ်ရှင်ထဲကလို ဘဏ္ဍာရေး ဝန်ဆောင်မှု အသုံးပြုလို့ရမယ့် Blockchain-powered Apps နဲ့ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ ဒီ Application ကို AKoin ထုတ်ငွေ၊ အသားတင်ငွေ၊ ငွေလွှဲ စတာတွေ ဖုန်းနဲ့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့ ကိုယ့်မှာ Bitcoin Money ပိုင်ဆိုင်ထားဖို့ လိုမှာဖြစ်ပြီး Cryptocurrency နဲ့ AKoin Ecosystem က Offer ပေးထားတဲ့ စီးပွားရေးလုပ်ငန်းစု တွေမှာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Akon is said “Savior of Africa”

အခုလို Akon ရဲ့ အစီအဥ်နဲ့ ပတ်သက်လို့ ဖြစ်မလာနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ PageSix က “Bitcoin နဲ့ ဝယ်လို့ရမယ့် အခွင့်ရေးဟာ တစ်ဖြည်းဖြည်း မှေးမှိန်လာနေပါပြီ” ဆိုတဲ့ အသုံးနှုန်းနဲ့ လက်ရှိ အစီအစဥ်ဟာ အကောင်ထည်ဖော်ဖို့ အခွင့်လမ်း နည်းနေတဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။ အခုလို ပြောကြားချက်ကို တုံ့ပြန်ထားခြင်း မရှိသေးပေမယ့် Akon ပရဟိတ အသင်းက “Akon Lighting Africa” ခေါင်းစဥ်နဲ့ Africa နိုင်ငံ ၁၇ နိုင်ငံကို Solar Panel နဲ့ လျှပ်စစ်မီး ထောက်ပံ့သွားမယ့်  စီမံကိန်းကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်အလှူငွေကောက်ခံခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ၂၅ နိုင်ငံအထိ လျှပ်စစ်မီး ထောက်ပံ့သွားနိုင်ဖို့ လျာထားတာဖြစ်ပြီး UN အသိမှတ်ပြု လက်မှတ် ရရှိထားသလို တရုတ်ပြည်သူ့ သမ္မတနိုင်ငံကလည်း ကန်ဒေါ်လာ ၁ ဘီလီယံ ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

Akon informed AKoin Crypto City

မည်သို့ပင်ဆိုစေကာမူ PageSix က “Akon လှုပ်ရှားမှုတွေကို နိုင်ငံရေးနွယ်နေတယ်” လို့ ပြောကြားခဲ့တာဖြစ်ပြီး ၂၀၂၀ မှာ ကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ Donald Trump နေရာကို ယှဥ်ပြိုင်မယ့် Kanye West ရဲ့ အဓိက ပြိုင်ဖက် ဖြစ်လာမယ်လို့ သုံးသပ်ထားပါတယ်။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge, AKoin

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။