အခရာပရိသတ်ကြီးအတွက် ဒီတစ်ပတ် Movie Review အတွက်ကတော့ မနက်ဖြန်သောကြာနေ့မှာ ရုံစဝင်လာမယ့် Kong Skull Island နဲ့ ဒုတိယပတ်အဖြစ် ဆက်လက်တင်ထားတဲ့ Logan တို့ပါပဲ။

Kong : Skull Island

Kong Skull Island ကတော့ မင်္ဂလာရုပ်ရှင်ရုံတွေမှာ မနက်ဖြန် သောကြာနေ့  မတ်လ ၁၇ရက်က စတင်ပြီး ပြသပြီ ဖြစ်ပါတယ်။ Box Office မှာ အခုထိ No.1 ဖြစ်နေသေးတဲ့ Kong : Skull Island ရဲ့ ဇာတ်လမ်းအစကတော့ အမေရိကန်စစ်တပ်ဟာ ဗီယက်နမ်စစ်မြေပြင်ကနေ စတင်ဆုတ်ခွာနေတဲ့ ၁၉၇၃ မှာ Monarch ဆိုတဲ့ အစည်းအရုံးဟာ ဂြိုဟ်တုဓာတ်ပုံတွေ အရ ရှာဖွေတွေ့ရှိထားတဲ့ ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်နေတဲ့  Skull Island ကို ရောက်ရှိလာပုံနဲ့ စဖွင့်ထားပါတယ်။

သူတို့တွေ ကျွန်းပေါ်ကို ဗုံးကြဲချတဲ့ အချိန်မှာ သူ့အိမ်နေရာကို ဖျက်ဆီးသလို ဖြစ်လို့ ထွက်လာတဲ့ Kong ဆိုတဲ့ ပေ ၁၀၀ လောက် ရှည်တဲ့ ဧရာမမျောက်ဝံကြီးနဲ့ ရင်ဆိုင်ရပါတော့တယ်။ Kong နဲ့ ဘယ်လို ရင်ဆိုင်တယ်၊ ဘယ်လို ကျော်ဖြတ်မယ်၊ ကျွန်းကို လာတဲ့ Mission အောင်မြင်သွားလားဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်လက်ကြည့်ရှူကြရမှာပါ။

ဒါရိုက်တာ Jordan Vogt-Roberts ရိုက်ကူးထားပြီး ရိုက်ကူးစဉ် $ 185 million လောက်ကုန်ကျခဲ့တဲ့ Kong : Skull Island ဟာ ရုံတင်တဲ့ အချိန်က စပြီး ဝင်ငွေ $157.9 million လောက် ပြန်လည် ရှရှိပြီး ဖြစ်ပါတယ်။ Tom Hiddleston ၊ Samuel L Jackson ၊ John Goodman  နဲ့ Brie Larson တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားဟာ Rating အရ Rotten Tomatoes မှာ 79%  ရရှိထားပြီး Imdb Rating အနေနဲ့တော့ 7.1/10 ရထားတယ်ဆိုတော့ ကားကောင်းတစ်ကားတော့ ဖြစ်မှာ အသေအချာပါပဲ။

 

You May Also Like : “၂၀၁၇ မှာ ရုံတင်ပြသတော့မယ့် Despicable Me 3″

Logan

Logan ဟာလည်း ခုထက်ထိ Box Office မှာ ဒုတိယနေရာမှာ ရှိတဲ့ ကားကောင်းတစ်ကားပါပဲ။ ဒါရိုက်တာ James Mangold ရိုက်ကူးထားပြီး R Rated အဆင့်ရှိတဲ့ Logan မှာတော့ Wolverine ရဲ့ လက်သည်းကို အသုံးပြုရတဲ့ အခန်းတွေ အများကြီးပါဝင်လာပါတယ်။ ဒီဇာတ်ကားဟာ Hugh Jackman ရဲ့ Wolverine အဖြစ် နောက်ဆုံးသရုပ်ဆောင်တဲ့ ကားလည်း ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံကတော့ Wolverine ဟာ Healing တွေ လျော့နည်းလာနေပြီး သူ့ဆရာ Professor X (Patrick Stewart) နဲ့အတူ ဇာတ်မြှုပ်နေထိုင်နေတဲ့ Mutant တစ်ယောက်ပေါ့။ အဲဒီ အချိန်မှာ သူ့လို အစွမ်းရှိတဲ့ Mutant ချာတိတ် Laura  (Dafne Keen) နဲ့ စတင်တွေ့ဆုံမိချိန်မှာတော့ အဲဒီကောင်မလေးကို ခြေရာခံလိုက်နေတဲ့ လူတွေရှိနေတဲ့ အခါ ကောင်မလေးကို ကူညီဖို့ ဖြစ်လာတဲ့ အခါ ဘာတွေ ကြုံရတယ်ဆိုတာကို ဆက်လက် ရှူစားရမှာပါ။

အသက်အရွယ်အိုမင်းပြီဖြစ်တဲ့ Wolverine (Hugh Jackman) ရဲ့ သရုပ်ဆောင်ပုံတွေဟာ ပထမကားတွေနဲ့ ခြားနားနေမှာ ဖြစ်ပြီးတော့ 20th Century Fox  က ဖြန့်ချိခဲ့တဲ့ ဒီကားဟာ စတင်ရိုက်စဉ်က ဘတ်ဂျတ် $97 million သုံးခဲ့ပြီး ခုချိန်ထိ ဝင်ငွေ $ 557 million ရရှိပြီး ဖြစ်ပါတယ်။

 

အခရာပရိသတ်ကြီးလည်း မနက်ဖြန် ၁၇.၃.၂၀၁၇ မှ စပြီး ရန်ကုန်၊ မန္တလေး၊ မကွေး ၊ လားရှိုး တို့မှာ စတင်လက်မှတ်ဖြတ်ကြည့်ရှုနိုင်ပါကြောင်း Akhayar က မောင်းထုလိုက်ရပါတယ်ခင်ဗျား။

 

ရိုးလူ (အခရာ)

www.akhayar.com