[Zawgyi]
 ၃။ Live Music At AJ’s Bar
ရိုးလူ (အခရာ)
www.akhayar.com
[Unicode]
TGIF သောကြာညအတွက် သွားစရာလာစရာလေးတွေ (၁၃.၁၀.၂၀၁၇)
ပျော်ရွှင်စရာ သောကြာညရောက်ရှိတော့မှာပါ ပရိသတ်ကြီးရေ။ ရုံးဆင်းရင် ဘယ်သွားဖို့ စိတ်ကူးပြီးကြပြီလဲ။ သောကြာညမှာ သွားလို့လာလို့ ရတာလေးကို စုစည်းနေကျအတိုင်း ဒီလို စုစည်းပေးပါရစေ။
၁။ The Clubhouse Presents: Frat Friday
ဒီတစ်ခါလည်း The Clubhouse က လုပ်နေကျအတိုင်း စီစဉ်နေကျ အလန်းစား Party တစ်ခု လုပ်ပေးလိုက်ပြန်ပါပြီ။ The Club House ဆိုတာတော့ ကန်တော်ကြီးပဲလေ့စ်မှာ ရှိတာနော်။ Frat Friday ဆိုတဲ့အတိုင်း ဘီယာခွက်တွေ၊စည်ပိုင်းတွေနဲ့ အမိုက်စားပြင်ဆင်ထားပြီး ဝင်ကြေးအခမဲ့ဖြစ်ပါတယ်။ ည၁၀နာရီက စတင်မှာ ဖြစ်ပြီး DJ Line up ကတော့ Teddy, Black နဲ့ Guest DJs တွေပါ။ Table Reservation လုပ်ချင်တယ်ဆိုရင်တော့ ဖုန်း 09 513 5061 ၊ 09 45166 3616 ကို ဆက်သွယ်လို့ ရပါတယ်။
Promotion တွေလည်း အရင်အတိုင်းပါပဲ။ မနက် ၁နာရီမတိုင်ခင် ပုလင်းဖောက်ရင် ၇၅,၀၀၀ ကျပ်ပဲ ကျမှာ ဖြစ်ပြီး Mixers ၂ ခုလည်း ပါဝင်ဦးမှာပါ။ Kirin Beer သောက်ရင်လည်း ၂လုံးသောက် ၁လုံး အခမဲ့ပါ။ ဒီတော့ ဒွန့်ချင်သူတွေ ဒီကိုသွားလို့ ပြောပါရစေ။
၂။ Friday Unplugged Music Night
ဒါကတော့ B2O Bar & Bistro မှာ ရှိမှာပါ။ နေရာကတော့ လသာမြို့နယ်၊ တရုတ်တန်း၊ လမ်း ၂၀၊ အပေါ်ဘလောက်မှာရှိတဲ့ B2O Bistro Bar မှာ လုပ်မှာပါ။ Unplugged Music တွေနားထောင်၊ သောက်ရင်း၊စားရင်းနဲ့ စကားပြောချင်တယ်ဆိုရင် ဒီနေရာလေးကို ရွေးသင့်ပါတယ်။ Unplugged က ည ၈နာရီခွဲမှာ စမှာဖြစ်ပြီး Reservation အတွက် Mr.Simon (09 76 515 8797) ကို ဆက်သွယ်လို့ ရပါတယ်။
 ၃။ Live Music At AJ’s Bar
AJ’s Bar & Grill ကလည်း အစဉ်အလာမပျက် Live Music Session ရှိနေပြန်ရောဗျ။ ဗိုလ်မြတ်ထွန်းလမ်းနဲ့ အနော်ရထာလမ်းထောင့်က AJ’s Bar မှာပါ။ အချိန်က ည ၇နာရီခွဲစမှာ ဖြစ်ပြီး ည ၁၁ ခွဲလောက်ထိရှိနေမှာ ဖြစ်ပါတယ်။ Reservation နဲ့ အခြားစုံစမ်းစရာတွေ အတွက်ကတော့ 09 785 422151 ကို ဆက်သွယ်လို့ ရပါတယ်။
ဒီလောက်ဆိုရင်တော့ သောကြာတစ်ညစာဖူလုံပြီ ထင်ပါတယ်။ တစ်ပတ်စာ ပင်ပန်းသမျှတွေကို ခေါင်းထဲက လွှတ်ထုတ်ပစ်ပြီး အနားယူအပန်းဖြေလိုက်ကြပါစို့။