တစ်ကယ်လို့ သင့်အနေနဲ့ Laptop ၀ယ်ဖို့စိတ်ကူးရှိတယ်ဆိုရင် ပေါ့ပေါ့ပါးပါးနဲ့ (၃) ပေါင်ထက်မလေးတဲ့အပြင် မျက်နှာပြင်ဆိုဒ် ၁၅လက်မရှိတဲ့  Laptop အမျိုးအစားတွေကို အခရာကနေ ဖော်ပြပေးလိုက်ပါတယ်။ Display Size ၁၅လက်မ ဒါမှမဟုတ် ၁၅.၆လက်မရှိပြီး သယ်ဆောင်ရလွယ်တဲ့Laptop တွေဟာ အလုပ်လုပ်နိုင်စွမ်းပိုမြင့်တဲ့အပြင် အလေးချိန်အနေနဲ့ကတော့ ၂.၄ ကနေ ၄.၄ ပေါင်ထိရှိတာကြောင့် သင့်အနေနဲ့ ကျောပိုးအိတ်ထဲမှာထည့်ပြီးသယ်တာ ဒါမှမဟုတ်လက်ကနေကိုင်သွားတာမျိုးလည်းပြုလုပ်လို့ရပါတယ်။

LG Gram 15

2.4 ပေါင် ရှိပြီး ၁.၁ ကီလိုဂရမ်အလေးချိန်ရှိတဲ့ အပေါ့ပါးဆုံး LG Gram Laptop ရဲ့ မျက်နှာပြင်ဟာ ၁၅.၆လက်မရှိပြီး  Video Test အရ Battery သက်တမ်းဟာ အနည်းဆုံး ၉နာရီ ၄၂မိနစ် ထိခံပါတယ်။ LG Gram 15 ဟာ ရဲ့ Body ပိုင်းကတော့ အကြမ်းသိပ်မခံပါဘူး။ ရိုရိုသေသေ သုံးတဲ့သူတွေအတွက် ဆိုရင်တော့ အဆင်ပြေစေပါတယ်။ LG Gram 15 မှာ Touchscreen အသုံးပြုနိုင်တဲ့အပြင် Core i7 Processor အထောက်အပံ့ပေးထားပါတယ်။ ဈေးနှုန်းကတော့ i7 အတွက် ဒေါ်လာ ၁၅၀၀ ကျသင့်မှာဖြစ်ပါတယ်။ Core 15 သုံးထားတဲ့ LG Gram 15 မှာတော့ Touch Screen မရရှိပါဘူး ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၀၀ ဖြစ်ပါတယ်။

Samsung Notebook 9

Notebook 9 ရဲ့ မျက်နှာပြင်အကျယ်အ၀န်းဟာ ၁၅လက်မရှိပြီး LG Gram 15 ထက်နည်းနည်းသေးပါတယ်။ ဒါပေမယ့် အရည်အသွေးပိုင်းမှာတော့ LG Gram 15 ထက်ပိုမိုကောင်းမွန်ပါတယ်။ Notebook 9 ရဲ့ Battery သက်တမ်းကတော့ စမ်းသပ်ချက်တွေအရ အချိန် ၁၂နာရီ ထိ အသုံးပြုနိုင်ပါတယ်။ Notebook 9 ရဲ့ဈေးနှုန်းဖွင့်ကတော ဒေါ်လာ 1,250 ရှိပြီး တစ်ကယ်လို့ သင့်အနေနဲ့ ဒေါ်လာ 1,400 အသုံးပြုမယ်ဆိုရင်တော့ Nividia GeForce 940MX Graphic Card သုံးထားတဲ့ Notebook 9 ကိုရယူနိုင်မှာဖြစ်ပါတယ်။

Asus VivoBook S15

၃.၆ပေါင် အလေးချိန်ရှိတဲ့ VivoBook ဟာ LG ၊ Samsung တို့ထက်လေးတာကိုတွေ့ရမှာပါ။ တန်ဘိုးငွေ ဒေါ်လာ ၈,၀၀ နဲ့စတင်ပြီး ပါဝင်တဲ့ Features တွေကတော့ Dual-Core 2.7GHz Intel Core i7-7500U processor ကို ဒီမော်ဒယ် အမျိုးအစားမှာတွေ့ရမှာပါ။ Vivobook မှာ Drives နှစ်ခုပါဝင်ပါတယ်။ Boost time နဲ့ Window တက်စေဖို့အတွက် SSD ပါပြီး Application နဲ့တခြားစွမ်းဆောင်နိုင်စွမ်းတွေ အတွက် Hard Driveပါပါတယ်။ Window 10 Signature Edition ဟာ ကွန်ပျူတာမှာပါတဲ့ Nividia 940MX GPU ကိုနည်းလမ်းအမျိုးမျိုးနဲ့အဆင့်မြှင့်တင်ပေးနိုင်ပါတယ်။

Samsung Notebook 9 Pro

Notebook 9 Pro ရဲ့အလေးချိန်ဟာ VivoBook ရဲ့အလေးချိန်နဲ့တူတူပါပဲ။ Notebook 9 Pro ဟာ ဒေါ်လာ ၁,၂၉၉ဖြစ်ပါတယ်။ Touchscreen Resolution 1,920 x 1,080 Resolution Touchscreen ကိုဘယ်ထောင့်ကမဆို အသုံးပြုနိုင်ပါတယ်။ ဒါက Samsung ရဲ့ပထမဆုံး NoteBook ဖြစ်ပြီး Built In 40000c ခန့်ရှိတဲ့ S Pen ပါဝင်လာတာကိုတွေ့ရပါတယ်။ SP ဟာ လေဖိအား4,000 မှာစာရေးနိုင်တဲ့အပြင် Screen မှာလည်း ပုံဆွဲနိုင်ပါသေးတယ်။ Notebook 9 Pro မှာ AMD Radeon 540 Graphic Card အသုံးပြုထားတာကြောင့် ဂိမ်းအနိမ့် တွေနဲ့ Photoshop Version အနိမ့်ကိုအသုံးပြုနိုင်ပါတယ်။

Apple Macbook Pro

Apple ကတော့ ကွန်ပျူတာတွေထဲမှာဘုရင်တစ်ပါးဖြစ်သလို ဈေးအမြင့်ဆုံးလည်းဖြစ်ပါတယ်။ မျက်နှာပြင်အကျယ်အ၀န်း ၁၅.၄လက်မရှိပြီး အလေးချိန် ၄ပေါင်ရှိကာ ၁.၈ ကီလိုဂရမ် အလေးချိန်ရှိပါတယ်။ ဈေးအမြင့်ဆုံးစာရင်းမှာပါဝင်ပြီး ဒေါ်လာ ၂,၄၀၀ ကနေစပါတယ်။ USB C Port ပဲပါဝင်တာကြောင့် သုံးရတာအနည်းငယ် အခက်အခဲ ဖြစ်စေမှာပါ။ အကောင်းဆုံး Retina-Resolution Display ပါဝင်ပြီး Second-Screen Touch Bar ကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ Battery သက်တမ်း အနေနဲ့ ၁၀နာရီ၄၃မိနစ်ထိ အသုံးပြုနိုင်ပါတယ်။

Dell XPS 15

Dell XPS 15 ရဲ့ အလေးချိန်နဲ့ စွမ်းဆောင်နိုင်စွမ်းဟာ MacBook Pro ကို ယှဉ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ Windows 10 အသုံးပြုထားတဲ့ Dell XPS 15 မှာ 7th -Gen Core i3 ၊ i5 ဒါမှမဟုတ် i7 Processors ဆိုပြီး ၃ မျိုး ရှိပါတယ်။  Ducal Core i3 ကတော့ 1,920 x 1,080 Pixel Resolution Display ရှိပြီး Integrated Graphics ပါဝင်ကာ ဈေးနှုန်းကတော့ ဒေါ်လာ ၉၉၉ ရှိပါတယ်။ ဒါပေမယ့်ဒါက US Model အတွက်ပဲ သီးသန့်ပါပဲ။ မတူညီတဲ့ Processor သုံးထားတဲ့မော်ဒယ်တွေရဲ့ ဈေးနှုန်းကတော့ UK မှာ ပေါင် ၁,၃၉၉ ကနေစပြီး Australia မှာတော့ AU$ ၂,၄၉၉ ကနေစပါတယ်။

Ref : cnet

Jan (Akhayar)HGID_KV_Ads_Square2