အခရာ ပရိတ်သတ်တွေထဲမှာ အချက်အပြုတ် ၀ါသနာရှင်တွေရှိကြမှာပေါ့။ ဟင်းပွဲတွေ ပြင်ဆင် ချက်ပြုတ်ဖို့အတွက် အရင်လို တကူးတက စာအုပ်ထဲ အပြေးအလွှား လှန်ကြည့်စရာမလိုတော့ဘူးနော်။ Apps တွေ ရှိတော့အဆင်ပြေတာပေါ့။

Allrecipes Dinner Spinner

Download Link >>> https://play.google.com/store/apps/details?id=com.allrecipes.spinner.free

Allrecipes Dinner Spinner ဟာ Popular အဖြစ်ဆုံးချက်ပြုတ်နည်း Apps တွေထဲကတခု ဖြစ်ပါတယ်။ ဒီ Apps မှာအခြေခံ Features အများအပြားပါဝင်ပါတယ်။ Recipes တွေအများကြီးထဲက သင့်စိတ်ကြိုက်Recipes ကို သိမ်းဆည်းထားနိုင်တဲ့အပြင် ချက်ပြုတ်နည်း ဗီဒီယိုတွေကိုလည်း ဖုန်းနဲ့ အလွယ်တကူ ကြည့်နိုင်ပါတယ်။ ဒီ Feature ဟာ ကိုယ်ချက်ချင်တဲ့အသားကို ချက်ပြုတ်ဖို့အတွက် ပြင်ဆင်ချိန်၊ ဟင်းချက်ရာမှာပါဝင်တဲ့ပစ္စည်း စတဲ့ သမားရိုးကျမဟုတ်တဲ့ ချက်ပြုတ်နည်းအကြံဥာဏ်ကောင်းတွေကိုပေးပါလိမ့်မယ်။ ဒါ့အပြင်ဒီ Apps မှာ Shopping List ကို Built In ထည့်သွင်းထားပါသေးတယ်။

Cookpad

Download Link >>> https://play.google.com/store/apps/details?id=com.mufumbo.android.recipe.search

Social Cooking Apps ထဲမှာ လူသိများတဲ့ ချက်ပြုနည်း Apps နောက်တစ်ခုကတော့ Cookpad ပဲဖြစ်ပါတယ်။ ကိုယ်နှစ်သက်ရာ Recipes ကိုဒီ Service မှာ Upload လုပ်နိုင်ပါတယ်။ သင် Upload လုပ်လိုက်တာနဲ့ ဒီ Service ကနေ လူတိုင်းကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် သင့်အနေနဲ့လည်း Recipes တွေကို သိမ်းထားလို့ရပါသေးတယ်။ တကယ်လို့ သင့်အနေနဲ့ကိုယ်ပိုင် Recipe တွေကိုတခြားသူတွေပါ အသုံးပြုနိုင်အောင် Sharing လုပ်မယ်ဆိုလည်းရပါသေးတယ်။

Tasty

Download Link >>> https://play.google.com/store/apps/details?id=com.tasty.recipes

Cooking နဲ့ Recipe Apps ထဲမှာ Pouplar ဖြစ်တဲ့အပြင် ဒီApps မှာပါဝင်တဲ့ Recipe တွေကလည်းရိုးရှင်းပြီးလွယ်ကူပါတယ်။ ချက်ပြုတ်နည်း ဗီဒီယိုဖိုင်တွေကိုတော့ Facebook မှာကြည့်ရှုနိုင်ပါတယ်။ ဗီဒီယိုတွေက တိုပေမယ့် အချက်အလက်အတိအကျပါဝင်တဲ့အပြင် မနက်စာ၊ နေ့လည်စာ၊ ညစာ၊ အချိုပွဲ စတာတွေ အစုံအလင်ပါဝင်ပါတယ်။ ဒါ့အပြင်ဒီ Apps မှာ Lifestyle Section ပါဝင်ပါသေးတယ်။ အစားအသောက်နဲ့ပတ်သတ်တဲ့ Trending တွေကိုလည်း ရှာဖွေနိုင်ပါတယ်။

Yummly

Download Link >>> https://play.google.com/store/apps/details?id=com.yummly.android

Yummly Apps ဟာအသစ်ထွက်တဲ့ Cooking Apps ဖြစ်ပါတယ်။ Recipes ပေါင်း တစ်သန်းကျော်ပါပါတယ်။ Recipe Apps အခြေခံဖြစ်တာနဲ့အညီ ကိုယ်နှစ်သက်တာကို သိမ်းဆည်းထားနိုင်တဲ့အပြင် Grocey List တွေပါပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်လျော့ချ ချင်တဲ့သူတွေအနေနဲ့ ကိုယ့်စိတ်ကြိုက် Recipe ကိုဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် Apps ကိုအသုံးပြုတဲ့အခါ နည်းနည်းနှေးတာကိုတွေ့ရမှာပါ။ ဘာကြောင့်လည်းဆိုတော့ ဒီ Apps မှာကြေညာ တွေကိုအခမဲ့ ပေးထားတာကြောင့်ဖြစ်ပါတယ်။ ဒီ Apps ကိုမြန်ဆန်စေချင်တယ်ဆိုရင်တော့ Paid Version ပြောင်းမှ အဆင်ပြေမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကသုံးသပ်ထားကြပါတယ်။

အခုဖော်ပြထားတဲ့ Apps တွေရဲ့ အချက်အလက်တွေဟာ အသေးစိတ် မဟုတ်တဲ့အတွက် ကိုယ်တိုင်အသုံးပြုကြည့်မှသာ အသုံးဝင်မယ့် အချက်တွေကို တွေ့မှာပါ။ အချက်အပြုတ် ၀ါသနာရှင်တွေ အတွက်အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

HGID_KV_Ads_Square

Ref : androidauthority

Jan : Akhayar