[Zawgyi]

လွလို႔မခ်စ္ပါနဲ႔ …….. ခ်စ္လို႔ လွပါေနာ္

ငယ္တုန္းကေတာ့ လွလို႔ခ်စ္တာဆိုတဲ့စကားကို သေဘာက်နွစ္ၿခိဳက္ၿပီး ဂုဏ္ယူခဲ့ဖူးတယ္။ “ေမက လွတယ္ေနာ္…” ဆိုရင္ ျပဳံးမိတယ္။ အဲဒီအျပံဳးမွာ ေက်နပ္ျခင္းလည္း ပါဝင္တယ္။ အလွမာန္လည္း ပါဝင္တာေပါ့။

ခုခ်ိန္မွာ ျပန္ေတြးၾကည့္ေတာ့ လွလို႔ခ်စ္ခဲ့တာဆိုတဲ့စကားကို သိပ္သေဘာမက်ေတာ့ဘူး။ အလွရွိေနမွ ခ်စ္တယ္ဆိုတဲ့ သေဘာကိုး။ လွလွ မလွလွ ခ်စ္မွာပဲဆိုတာမ်ိဳးကို ပိုၿပီး ၾကားခ်င္လာမိတယ္။ လွပျခင္း၊ ပ်ိဳမ်စ္ျခင္းဆိုတာကို ဇရာက အႏိုင္ယူႏိုင္တယ္ဆိုတာကို သိသြားတာကိုး။

အဲဒါေၾကာင့္ ကၽြန္မ မလွေတာ့တဲ့အခ်ိန္၊ ကၽြန္မရဲ႕ ရုပ္ရည္ပိုင္းဆိုင္ရာက်ဆင္းခ်ိန္မွာ သူ႔အခ်စ္ကလည္း ေျပာင္းလဲႏိုင္ပါလားဆိုတာကို ေတြးမိလာတာလည္း ပါတာေပါ့ရွင္။ ကၽြန္မပဲ အဲလိုစဥ္းစားမိတာလားဆိုေတာ႔ မဟုတ္ပါဘူး။ အခ်ိဳ႕အမ်ိဳးသမီးေတြလည္း စဥ္းစားၾကတာပါပဲ။

တစ္ခ်ိန္ လွယဥ္ေက်းမယ္ျဖစ္ခဲ့ဖူးတဲ့ သူငယ္ခ်င္းတစ္ေယာက္ကလညး္ သူ႔အမ်ိဳးသားက သူ႔ကိုလွလို႔ ခ်စ္ခဲ့တာ၊ အခုသူ႔မွာ လွယဥ္ေက်းမယ္လို႔ ေျပာဖို႔ဆိုရင္ ဆုတံဆိပ္ပဲ က်န္ေတာ့တယ္။ အဲဒါေၾကာင့္လား မသိဘူး။ သူ႔အမ်ိဳးသားက ပါးစပ္ကေနဖြင့္မေျပာေပမယ္႔ သူ႔အေပၚ စိတ္ရွည္သည္းခံမႈေတြ မရွိေတာ့ဘူး။ သူကလြဲရင္ အျခားမိန္းမေတြ အကုန္လွတယ္လို႔လည္း မၾကာခဏေျပာသတဲ့။ အဲဒါေၾကာင့္ နဂိုတုန္းကလို လွယဥ္ေက်းမယ္ကိုယ္လုံးေလး မက်န္ေတာ့ေပမယ္႔ စဥ့္အိုးကိုယ္လုံးႀကီးမျဖစ္ေအာင္ေတာ့ ႀကိဳးစားေနရလို႔ စိတ္ေရာ လူေရာ ပင္ပန္းလွတယ္လို႔ဆိုပါတယ္။

သူငယ္ခ်င္းတစ္ေယာက္ကေတာ႔ သူက သာမန္ရုပ္ရည္ပဲရွိခဲ့တယ္။ သူကေတာ့ သူ႔ခင္ပြန္းက နဂိုကတည္းက သူ႔ကို လွလို႔ခ်စ္ခဲ့တာမဟုတ္ဘူးတဲ့။ သူ႔ကိုခ်စ္တာက ခ်စ္လို႔ကို ခ်စ္တာလို႔ေျပာတယ္။ အဲေတာ့ သူ႔အေနနဲ႔ လွျခင္း၊ မလွျခင္းဟာ သိပ္ျပႆနာမရွိေတာ့ဘူး။ သူ လွသည္ ျဖစ္ေစ၊ ရုပ္က်သြားသည္ျဖစ္ေစ သူ႔ခင္ပြန္းက သူ႔ကိုခ်စ္ေနမွာပဲဆိုတဲ့ ယုံၾကည္စိတ္ သူ႔မွာ ရွိေနတယ္။

တကယ္ေတာ့ ခ်စ္ျခင္းဆိုတာ လွပျခင္းေပၚမွာ အေျခမခံသင့္ဘူးလို႔ ကၽြန္မနားလည္လာမိတယ္။ လွတဲ့အမ်ိဳးသမီးေတြဟာ အျခားသာမန္ရုပ္ရည္သာရွိတဲ့ မိန္းကေလးေတြထက္ အခ်စ္စစ္အခ်စ္မွန္နဲ႔ ေတြ႔ဖို႔ခဲယဥ္းလွတယ္လို႔ လူႀကီးသူမေတြက ေျပာခဲ့တာေနမွာလို႔လည္း စဥ္းစားမိတယ္။

လူဆိုတဲ့အမ်ိဳးက လွတာကိုေတြ႔ရင္ ၾကည့္တယ္။ သာယာတယ္။ အဲဒါကိုပဲ ခ်စ္တာလို႔ ထင္မွတ္မွားၾကတဲ့သူေတြလည္း ရွိပါတယ္။ လွတာကိုသေဘာက်တာနဲ႔ ခ်စ္တာက မတူပါဘူး။ ဒီသေဘာတရားကို နားမလည္ေသးတဲ့ ဆယ္ေက်ာ္သက္အရြယ္နဲ႔ လူငယ္အရြယ္ပိုင္းမွာ ဒါကိုပဲ အခ်စ္လို႔ထင္မွတ္တဲ့သူေတြက အမ်ားႀကီး။

အလွမက္တဲ့အမ်ိဳးသားေတြက လွပတဲ့ခ်စ္သူရွိတာကို ဂုဏ္ယူတတ္ၾကတယ္။ အမ်ိဳးသမီးေတြကလည္း ကိုယ့္ကို လွလို႔ခ်စ္တဲ့ အမ်ိဳးသားတစ္ေယာက္ရဲ႕ ရင္ထဲကအတြင္းစိတ္ကို ျမင္ေအာင္ၾကည့္ဖို႔လိုပါတယ္။ ကိုယ့္မွာ အလွတရားမရွိေတာ႔တဲ႔အခ်ိန္မွာ သူဘယ္လို ကိုယ့္ကို တုန္႔ျပန္နိုင္မလဲဆိုတာ မသိနိုင္ဘူးေလ။

လွလို႔ခ်စ္တဲ့သူထက္၊ ခ်စ္လို႔လွတဲ့သူက ပိုေကာင္းတယ္လို႔ နားလည္လာမိတယ္။ ေနာက္တစ္ခ်က္ကေတာ့ တကယ္တမ္း ဘဝခရီးရွည္ကို ေလွ်ာက္ၾကတဲ့အခါ အမ်ိဳးသားျဖစ္ျဖစ္၊ အမ်ိဳးသမီးျဖစ္ျဖစ္ ဂရုစိုက္သင့္တာက ခ်စ္ျခင္းေမတၱာတရားကိုပါ။ လွလို႔ခ်စ္တဲ့သူထက္၊ ခ်စ္လို႔လွတဲ့သူက ပိုၿပီး ေရရွည္ခံႏိုင္ပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ရုပ္ရည္လွပျခင္းထက္၊ စိတ္လွတဲ့သူက ဘဝခရီးအတြက္ ပိုၿပီးလိုအပ္ပါတယ္။ အိမ္ေထာင္သည္ဘဝမွာေတာ့ လွပရုံတစ္ခုတည္းနဲ့ အိမ္ေထာင္ေရးသာယာမႈကို မျဖစ္နိုင္ဘူးဆိုတာကို ထည့္စဥ္းစားၾကတဲ့ အမ်ိဳးသားေတြကလည္းနည္းပါးလွပါတယ္။

အမ်ိဳးသမီးေတြကလည္း ကိုယ့္ကို ေမတၱာစစ္နဲ႔ တန္ဖိုးထားၿပီး ခ်စ္တဲ့ခင္ပြန္းမ်ိဳးကမွ ဘဝခရီးအတြက္ စိတ္ခ်ရနိုင္ပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ ကိုယ့္ရဲ႕ အျပင္ပန္းအလွကလည္း လိုအပ္သလို၊ စိတ္အလွကလည္း လိုအပ္ပါတယ္။ အမ်ိဳးသားေတြအေနနဲ႔လည္း ရုပ္ရည္အလွတစ္ခုတည္းကိုသာ မၾကည့္ဘဲနဲ႔ စိ္တ္အလွကိုပါ ျမင္ေအာင္ၾကည့္ဖို႔ လိုပါတယ္။

အေပၚယံအလွထက္၊ စိတ္သေဘာထားျပည့္ဝျခင္း၊ နားလည္ေပးတတ္ျခင္းနဲ႔ ေလာကဓံကို သည္းခံနိုင္ျခင္းဆိုတဲ့ စိတ္အလွမ်ိဳးရွိတဲ့သူေတြအမ်ားစုကပဲ သာယာတဲ့အိမ္ေထာင္ေရးကို ထူေထာင္နိုင္ၾကတာ မ်ားပါတယ္။ ဘာေၾကာင့္ပဲျဖစ္ျဖစ္ပါ။ အိမ္ေထာင္ေရးမွာေတာ့ တကယ့္ခ်စ္ျခင္းေမတၱာက အေရးႀကီးတယ္ဆိုတာကေတာ့ အမွန္ပါပဲ။

ေက်းဇူးတင္ပါတယ္။

ေမသၾကၤန္ဟိန္ (ျမစ္မခ)

www.akhayar.com

[Unicode]

လှလို့မချစ်ပါနဲ့ …….. ချစ်လို့ လှပါနော်

ငယ်တုန်းကတော့ လှလို့ချစ်တာဆိုတဲ့စကားကို သဘောကျနှစ်ခြိုက်ပြီး ဂုဏ်ယူခဲ့ဖူးတယ်။ “မေက လှတယ်နော်…” ဆိုရင် ပြုံးမိတယ်။ အဲဒီအပြုံးမှာ ကျေနပ်ခြင်းလည်း ပါဝင်တယ်။ အလှမာန်လည်း ပါဝင်တာပေါ့။

ခုချိန်မှာ ပြန်တွေးကြည့်တော့ လှလို့ချစ်ခဲ့တာဆိုတဲ့စကားကို သိပ်သဘောမကျတော့ဘူး။ အလှရှိနေမှ ချစ်တယ်ဆိုတဲ့ သဘောကိုး။ လှလှ မလှလှ ချစ်မှာပဲဆိုတာမျိုးကို ပိုပြီး ကြားချင်လာမိတယ်။ လှပခြင်း၊ ပျိုမျစ်ခြင်းဆိုတာကို ဇရာက အနိုင်ယူနိုင်တယ်ဆိုတာကို သိသွားတာကိုး။

အဲဒါကြောင့် ကျွန်မ မလှတော့တဲ့အချိန်၊ ကျွန်မရဲ့ ရုပ်ရည်ပိုင်းဆိုင်ရာကျဆင်းချိန်မှာ သူ့အချစ်ကလည်း ပြောင်းလဲနိုင်ပါလားဆိုတာကို တွေးမိလာတာလည်း ပါတာပေါ့ရှင်။ ကျွန်မပဲ အဲလိုစဉ်းစားမိတာလားဆိုတော့ မဟုတ်ပါဘူး။ အချို့အမျိုးသမီးတွေလည်း စဉ်းစားကြတာပါပဲ။

တစ်ချိန် လှယဉ်ကျေးမယ်ဖြစ်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း သူ့အမျိုးသားက သူ့ကိုလှလို့ ချစ်ခဲ့တာ၊ အခုသူ့မှာ လှယဉ်ကျေးမယ်လို့ ပြောဖို့ဆိုရင် ဆုတံဆိပ်ပဲ ကျန်တော့တယ်။ အဲဒါကြောင့်လား မသိဘူး။ သူ့အမျိုးသားက ပါးစပ်ကနေဖွင့်မပြောပေမယ့် သူ့အပေါ် စိတ်ရှည်သည်းခံမှုတွေ မရှိတော့ဘူး။ သူကလွဲရင် အခြားမိန်းမတွေ အကုန်လှတယ်လို့လည်း မကြာခဏပြောသတဲ့။ အဲဒါကြောင့် နဂိုတုန်းကလို လှယဉ်ကျေးမယ်ကိုယ်လုံးလေး မကျန်တော့ပေမယ့် စဉ့်အိုးကိုယ်လုံးကြီးမဖြစ်အောင်တော့ ကြိုးစားနေရလို့ စိတ်ရော လူရော ပင်ပန်းလှတယ်လို့ဆိုပါတယ်။

သူငယ်ချင်းတစ်ယောက်ကတော့ သူက သာမန်ရုပ်ရည်ပဲရှိခဲ့တယ်။ သူကတော့ သူ့ခင်ပွန်းက နဂိုကတည်းက သူ့ကို လှလို့ချစ်ခဲ့တာမဟုတ်ဘူးတဲ့။ သူ့ကိုချစ်တာက ချစ်လို့ကို ချစ်တာလို့ပြောတယ်။ အဲတော့ သူ့အနေနဲ့ လှခြင်း၊ မလှခြင်းဟာ သိပ်ပြဿနာမရှိတော့ဘူး။ သူ လှသည် ဖြစ်စေ၊ ရုပ်ကျသွားသည်ဖြစ်စေ သူ့ခင်ပွန်းက သူ့ကိုချစ်နေမှာပဲဆိုတဲ့ ယုံကြည်စိတ် သူ့မှာ ရှိနေတယ်။

တကယ်တော့ ချစ်ခြင်းဆိုတာ လှပခြင်းပေါ်မှာ အခြေမခံသင့်ဘူးလို့ ကျွန်မနားလည်လာမိတယ်။ လှတဲ့အမျိုးသမီးတွေဟာ အခြားသာမန်ရုပ်ရည်သာရှိတဲ့ မိန်းကလေးတွေထက် အချစ်စစ်အချစ်မှန်နဲ့ တွေ့ဖို့ခဲယဉ်းလှတယ်လို့ လူကြီးသူမတွေက ပြောခဲ့တာနေမှာလို့လည်း စဉ်းစားမိတယ်။

လူဆိုတဲ့အမျိုးက လှတာကိုတွေ့ရင် ကြည့်တယ်။ သာယာတယ်။ အဲဒါကိုပဲ ချစ်တာလို့ ထင်မှတ်မှားကြတဲ့သူတွေလည်း ရှိပါတယ်။ လှတာကိုသဘောကျတာနဲ့ ချစ်တာက မတူပါဘူး။ ဒီသဘောတရားကို နားမလည်သေးတဲ့ ဆယ်ကျော်သက်အရွယ်နဲ့ လူငယ်အရွယ်ပိုင်းမှာ ဒါကိုပဲ အချစ်လို့ထင်မှတ်တဲ့သူတွေက အများကြီး။

အလှမက်တဲ့အမျိုးသားတွေက လှပတဲ့ချစ်သူရှိတာကို ဂုဏ်ယူတတ်ကြတယ်။ အမျိုးသမီးတွေကလည်း ကိုယ့်ကို လှလို့ချစ်တဲ့ အမျိုးသားတစ်ယောက်ရဲ့ ရင်ထဲကအတွင်းစိတ်ကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ ကိုယ့်မှာ အလှတရားမရှိတော့တဲ့အချိန်မှာ သူဘယ်လို ကိုယ့်ကို တုန့်ပြန်နိုင်မလဲဆိုတာ မသိနိုင်ဘူးလေ။

လှလို့ချစ်တဲ့သူထက်၊ ချစ်လို့လှတဲ့သူက ပိုကောင်းတယ်လို့ နားလည်လာမိတယ်။ နောက်တစ်ချက်ကတော့ တကယ်တမ်း ဘဝခရီးရှည်ကို လျှောက်ကြတဲ့အခါ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် ဂရုစိုက်သင့်တာက ချစ်ခြင်းမေတ္တာတရားကိုပါ။ လှလို့ချစ်တဲ့သူထက်၊ ချစ်လို့လှတဲ့သူက ပိုပြီး ရေရှည်ခံနိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ရုပ်ရည်လှပခြင်းထက်၊ စိတ်လှတဲ့သူက ဘဝခရီးအတွက် ပိုပြီးလိုအပ်ပါတယ်။ အိမ်ထောင်သည်ဘဝမှာတော့ လှပရုံတစ်ခုတည်းနဲ့ အိမ်ထောင်ရေးသာယာမှုကို မဖြစ်နိုင်ဘူးဆိုတာကို ထည့်စဉ်းစားကြတဲ့ အမျိုးသားတွေကလည်းနည်းပါးလှပါတယ်။

အမျိုးသမီးတွေကလည်း ကိုယ့်ကို မေတ္တာစစ်နဲ့ တန်ဖိုးထားပြီး ချစ်တဲ့ခင်ပွန်းမျိုးကမှ ဘဝခရီးအတွက် စိတ်ချရနိုင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ရဲ့ အပြင်ပန်းအလှကလည်း လိုအပ်သလို၊ စိတ်အလှကလည်း လိုအပ်ပါတယ်။ အမျိုးသားတွေအနေနဲ့လည်း ရုပ်ရည်အလှတစ်ခုတည်းကိုသာ မကြည့်ဘဲနဲ့ စိတ်အလှကိုပါ မြင်အောင်ကြည့်ဖို့ လိုပါတယ်။

အပေါ်ယံအလှထက်၊ စိတ်သဘောထားပြည့်ဝခြင်း၊ နားလည်ပေးတတ်ခြင်းနဲ့ လောကဓံကို သည်းခံနိုင်ခြင်းဆိုတဲ့ စိတ်အလှမျိုးရှိတဲ့သူတွေအများစုကပဲ သာယာတဲ့အိမ်ထောင်ရေးကို ထူထောင်နိုင်ကြတာ များပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်ပါ။ အိမ်ထောင်ရေးမှာတော့ တကယ့်ချစ်ခြင်းမေတ္တာက အရေးကြီးတယ်ဆိုတာကတော့ အမှန်ပါပဲ။

ကျေးဇူးတင်ပါတယ်။

မေသြင်္ကန်ဟိန် (မြစ်မခ)

www.akhayar.com