ဒီတစ်ပတ်အတွက် အခရာကညွှန်းချင်တဲ့ လည်ပတ်စရာ နေရာ ၆ ခု

Akhayar-Recommend-Events-March-17-19
Akhayar-Recommend-Events-March-17-19

အခရာ ပရိသတ်ကြီးရေ TGIF ပါဗျ၊ အပတ်စဉ်တိုင်း အဲဒီလို ပြောရတာ မင်္ဂလာရှိလိုက်တာ 😀 ။ ဒီတစ်ပတ်လည်း သွားစရာ လာစရာတွေ စုံလင်နေလို့ အခရာ ပရိသတ်တွေအတွက် အဆင်ပြေမယ့် ပွဲလေးတွေ ချည်း ညွှန်းပေးလိုက်ပါတယ်ခင်ဗျ။

 

မတ်လ ၁၇ ရက် – သောကြာနေ့

  • Grand Opening @ Parkson Junction Square

ဒီနေ့မှာတော့ ဈေးဝယ်ထွက်ချင်သူ ကိုကို၊မမတွေ အတွက် Parkson Junction Square ရဲ့ Grand Opening ရှိပါတယ်ဗျ။ ၂၀၁၇ ခုနှစ် မတ်လ ၁၇ရက် မှစတင်၍ ဧပြီလဆန်းအထိ Parkson Junction Square မှာ ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဈေးဝယ်သူတွေအတွက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်တွေ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

  • Open Mic Night

ညဘက်ကျရင်တော့ လမ်းမတော်၊ မဟာဗန္ဓုလမ်းမပေါ်၊ ၁၄လမ်းနားက The Basement Bar မှာ Open Mic Night ရှိပါတယ်။ စားရင်း သောက်ရင်း ဝါသနာပါရင် သီချင်းတက်ဟဲလို့ ရပြီပေါ့။ မတ်လတစ်လလုံးလည်း ပုလင်းတွေကို ၁၅ရာခိုင်နှုန်း လျှော့ချပေးမှာ ဖြစ်ပြီး Free Mixers တွေပါ ပေးမှာ ဆိုတော့ ပျော်စရာကြီးပေါ့ဗျာ။

 

မတ်လ ၁၈ရက် – စနေနေ့

  • La-Magnifique V Fashion Show

စနေနေ့ညမှာတော့ Novotel Yangon Max မှာ La-Magnifique V Fashion Show ရှိမှာပါ။ Ticket Price ကတော့ ၂၅၀၀၀ ကျပ်ရှိပြီး ISM ကျောင်းရဲ့ Community Service ကနေ ကြီးမှူးကျင်းပတဲ့ Fashion Show လည်း ဖြစ်ပြီး ကျောင်းသား ဒီဇိုင်နာတွေ ဝင်ရောက်ယှဉ်ပြိုင်ပြသကြမှာပါ။ Ticket ထဲမှာ Fashion Show အတွက် Free Food နဲ့ သောက်စရာတွေ ၊ Performances နဲ့ Art Installations တွေ၊ Photo Booth မှာ ဓာတ်ပုံရိုက်ခွင့်တွေပါ ပါဝင်မှာပါ။ နေရာကတော့ Novotel Yangon Max ၊ Grand Ballroom၊ အချိန်ကတော့ မတ်လ ၁၈ ရက်၊ ညနေ ၆နာရီကနေ ၈နာရီအတွင်း ဖြစ်ပါတယ်။

  • One Myanmar – Exploring Diversity in Myanmar

ဖက်ရှင်ရှိုးတွေ မဟုတ်ဘဲ အတွေးအမြင်သစ်တွေ ရချင်တယ်ဆိုလည်း ပြင်သစ်ယဉ်ကျေးမှုဌာန (Institut Français de Birmanie) မှာ မြန်မာပြည်၏ မတူကွဲပြားမှုများကို ဖွေရှာခြင်း ခေါင်းစဉ်နဲ့ စကားရည်လုပွဲ၊ ဇာတ်လမ်းပြသမှုနဲ့ ဓာတ်ပုံပြပွဲတွေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအတွင်း ဦးဆောင်ပါဝင်သူတိုင်းက မြန်မာတို့၏ မတူကွဲပြားမှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အမြင်များ၊ အတွေ့အကြုံများနှင့် ယင်းတို့က နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ခေတ်ပြိုင်မြန်မာ့လူ့အဖွဲ့အစည်း အပေါ်မည်သို့ သက်ရောက်မှုရှိသည်ဆိုသည်ကို အကျဉ်းရုံးတင်ဆက်သွားမည်ဖြစ်ပြီး ဆွေးနွေးမှုအဆုံး၌ အမေးအဖြေကဏ္ဍလည်း ပါဝင်မှာ ဖြစ်ပါတယ်။ နေရာကတော့ ပြည်လမ်း၊ KMD မျက်စောင်းထိုးက Institut Français de Birmanie မှာ ဖြစ်ပြီး အချိန်ကတော့ စနေနေ့ ညနေ ၅ နာရီ ဖြစ်ပါတယ်။

 

မတ်လ ၁၉ ရက် – တနင်္ဂနွေနေ့

  • မြန်မာ့လက်ဝှေ့

မြန်မာဘက်က လက်ဝှေ့သမား Saw Gaw Mu Doe နဲ့ ထိုင်းလက်ဝှေ့သမား Iquezang တို့ရဲ့ လက်ဝှေ့စိန်ခေါ်ပွဲကို မတ်လ ၁၉ ရက် နေ့လည် ၂ နာရီမှာ သိမ်ဖြူလက်ဝှေ့ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ကြိုတင်လက်မှတ်တွေကို ဖီးနစ်လက်ဝှေ့ကလပ်မှာ ဝယ်ယူနိုင်ပြီး လက်မှတ်ခကတော့ ၁ သိန်း၊ ၇သောင်းကျပ်၊ ၃ သောင်းခွဲကျပ်နဲ့ ၂ သောင်းခွဲကျပ်ဖြစ်ပါတယ်။ ဆက်သွယ်မှာယူရန် ဖုန်းနံပါတ်တွေကတော့  ၀၉၉ ၆၄  ၃၀၀ ၂၁၅၊  ၀၉၉ ၆၄၄၀၀ ၂၁၅ ၊ ၀၉ ၇၉၃၂၁၂၁၂၁ ပါ ဖြစ်ပါတယ်။

  • Myanmar International Lighting Festival 2017

ဒါကတော့ မိသားစုလိုက် သွားသင့်တဲ့ ပွဲလေးပါပဲ။ ပြည့်သူရင်ပြင်မှာ ပြုလုပ်မှာ ဖြစ်ပြီးတော့ အချိန်ကတော့ ညနေ ၅း၃၀ မှာ စတင်မယ်လို့ သိရပါတယ်။ ပွင့်လင်းကြည်လင်တဲ့ ကြယ်ရောင်များအောက်မှာ ရှုမညီးဖွယ်ရာ ရွှေတိဂုံစေတီတော်ကြီးကို နောက်ခံထားပြီး Myanmar International Lighting Festival ရဲ့ မီးရောင်များ ထွန်းညှိအလှဆင်ထားတဲ့ ပြကွက်များနဲ့အတူ ထူးခြားဆန်းသစ်တဲ့ အတွေ့အကြုံသစ်များကို ရရှိခံစားနိုင်တော့မှာ ဖြစ်ပါတယ်။ ချစ်ခြင်းတရားရဲ့ တောက်ပဆန်းကျယ်တဲ့ မီးရောင်စုံများနဲ့ သင့်တို့ရဲ့နှလုံးသားများကို ထွန်းညှိလိုက်ပါ ဆိုတဲ့ အတိုင်း ခံစားကြည့်လိုက်ရအောင်ဗျာ။

 

အခရာပရိသတ်ကြီးလည်း သွားလာစရာနေရာတွေ ရပြီမို့ Weekend မှာ ပျော်ရွှင်လန်းဆန်းနိုင်ကြပါစေဆိုလို့ Akhayar ဝိုင်းတော်သားတွေက ဆန္ဒပြုလိုက်ပါတယ်။

 

ရိုးလူ (အခရာ)

www.akhayar.com