<Zawgyi>

ဒီတစ္ေခါက္ေတာ့ ဟင္းေလးေတြကို ေထြလီကာလီ လုပ္စားခ်င္သူေတြအတြက္ တင္ေပးလိုက္ပါတယ္ဗ်ိဳ႕။ စားေနက် အရသာေတြကေန ခြဲထြက္ျပီး စားလို႕ေကာင္းတဲ့ ဟင္းေလးေတြမို႕ အားလုံးသေဘာက်ၾကမွာပါ။ ဒီတစ္ပတ္ Op ခ်က္ေကြၽးမွာကေတာ့ ငါးဥ မဆလာခ်ဥ္ခ်ဥ္စပ္စပ္ေလးနဲ႕ ေဂြးေတာက္ရြက္ဝက္ဆီဖတ္ေၾကာ္ ဆိမ့္ဆိမ့္ေလးပဲျဖစ္ပါတယ္။ Op ေစ်းသြားတုန္းက ျမစ္ငါးတန္ဥ ေတြေတြ႕လို႕ ဝယ္ရင္းနဲ႕ ခ်က္ျဖစ္သြားတာပါ။ တစ္ျခား ငါးဥေတြ သုံးျပီးခ်က္လည္း ရပါတယ္။ အဆန္းေလးေတြေနာ့။ ကဲ ….စ ခ်က္လိုက္ရေအာင္။

 

ငါးဥ မဆလာ ခ်ဥ္စပ္
=============

sweet-sour-fish-egg-curry-akhayar

ပါဝင္ပစၥည္းမ်ား

– ငါးဥ (ႏွစ္သက္ရာ) – ၄၀ သား
– ၾကက္သြန္နီ ၾကီးၾကီး – ၄ လုံး
– ခရမ္းခ်ဥ္သီး – ၁ လုံး
– ငရုတ္သီး (အာဝါးသီး) – ၂ ေတာင့္
– နံနံပင္ – ၁ စည္း
– ရွမ္းနံနံ – ၁ စည္း
– မဆလာ – ၁ ဇြန္း (လက္ဖက္ရည္ ဇြန္း)
– ဆား/နႏြင္း/အေရာင္တင္မႈန္႕/ေရ – အနည္းငယ္
– ခ်င္း – ၁ တက္
– ဆီ – ၁၀ သား
– ၾကက္သြန္ျဖဴ – ၅ မႊာ

Ok …စမယ္။ လြယ္လြယ္ေလးပါ။ အရင္ဆုံးလုပ္ရမွာက အိုး တစ္လုံးထဲမွာ ငါးဥေတြကို အတုံးလိုက္ အရင္ျပဳတ္ရပါမယ္။ အဲဒါမွ အေၾကာတင္းသြားမွာမို႕ဗ်။ ျပဳတ္တဲ့အခါ ခ်င္းကို ထုေထာင္းျပီး ထည့္ရပါမယ္။ ျပီး ဆား နည္းနည္း နဲ႕ နႏြင္း လက္ဖက္ရည္ ဇြန္း ၁ ဇြန္း ထည့္ျပဳတ္ရမယ္ခင္ဗ်။ ျပီး ၁၅ မိနစ္ေလာက္ျပဳတ္ျပီးရင္ ဓားပါးပါးေလးနဲ႕ ထိုးၾကည့္။ အေၾကာမာျပီး က်က္သြားျပီဆိုရင္ အိုးထဲကေန ဆယ္ျပီး အေနေတာ္ အတုံးေလးေတြ လွီးထားလိုက္ဗ်ိဳ႕။
ျပီးရင္ ဆီ ထဲကို ပါးပါးလွီးထားတဲ့ ၾကက္သြန္ျဖဴ/နီ ထည့္ျပီး ဆီသတ္ပါ။ ျပီးရင္ ပါးပါးလွီးထားတဲ့ ခရမ္းခ်ဥ္သီး ကိုထည့္ပါ။ ဆား/နႏြင္း/အေရာင္တင္မႈန္႕ လိုသလိုထည့္ပါ။ အနံ႕ေလးေမႊးျပီး အေရာင္ေလးလွလာျပီဆို ျပဳတ္ထားတဲ့ ငါးဥေတြကို ထည့္ခ်က္ပါ။ ေရ ႏို႕ဆီဗူး ၁ ဗူးေလာက္ထည့္ျပီး ႏွံ႕ေအာင္ေမႊ လို႕ ဆက္ခ်က္ဗ်။ ဆီျပန္ခါနီးျပီဆိုမွ ႏုပ္ႏုပ္ေလးေတြ လွီးထားတဲ့ နံနံပင္၊ ငရုတ္သီး၊ ရွမ္းနံနံ ေတြထည့္ျပီး

ႏွံ႕ေအာင္ေမႊ။ ႏွံ႕သြားျပီဆိုမွ မဆလာ ေလးျဖဴးလိုက္။ ငါးဥ မဆလာ ခ်ဥ္ခ်ဥ္စပ္စပ္ ေမႊးေမႊးေလးကို ခံတြင္းေတြ႕ပါလိမ့္မယ္ေလ။ ဝါးလိုက္တိုင္း အိက်ိ..အိက်ိ ေလးက ျဖစ္ေနလိုက္ေသး 😉 ။

 

ေဂြးေတာက္ရြက္ ဝက္ဆီဖတ္ေၾကာ္
======================

fried-gway-tauk-leaf-pork-belly-akhayar

ပါဝင္ပစၥည္းမ်ား

– ေဂြးေတာက္ရြက္ – ၄ စည္း
– ဝက္ဆီဖတ္ – ၁၀ သား
– ၾကက္သြန္ျဖဴ – ငါးမႊာ
– ခ်င္း – ၁ တက္(လက္ ၁ ဆစ္)
– ဆီ – ၅ က်ပ္သား
– ေရ – အနည္းငယ္
– ဆား/ၾကက္သားမႈန္႕ – အနည္းငယ္

ေၾကာ္နည္းကေတာ့ အလြယ္ေလးပါ။ စားသြားတာက အတြဲအစပ္ေလးဗ်။ ေတာ္ေတာ္မ်ားမ်ားက ဝက္ဆီဖတ္ကို ကန္စြန္းရြက္တို႕၊ကိုက္လန္ တို႕ နဲ႕ ပဲေၾကာ္ၾကတာမ်ားတယ္။ တကယ္ေတာ့ ဝက္ဆီဖတ္ဆိုသည္မွာလည္း ေဂြးေတာက္ရြက္ နဲ႕ အေတာ္လိုက္တာကလား။
ဆီ ပူလာျပီဆိုရင္ ပါးပါးလွီးထားတဲ့ ၾကက္သြန္ျဖဴ နဲ႕ ခ်င္း ကိုထည့္ပါ။ အနံ႕ေလးေမႊး လာျပီဆို အေနေတာ္လွီးထားတဲ့ ဝက္ဆီဖတ္ (၅ က်ပ္သား) တစ္ဝက္ေလာက္ ထည့္ေၾကာ္ပါ။ ျပီးရင္ သင္ထားတဲ့ ေဂြးေတာက္ရြက္ေတြ ထည့္ပါ။ ဆား/ၾကက္သားမႈန္႕အနည္းငယ္ထည့္ျပီး သမေအာင္ေမႊပါ။ သမသြားျပီဆိုရင္ ေရ ႏို႕ဆီဗူး ၁ ဗူး မျပည့္တျပည့္ ေလာက္ထည့္ျပီး ဆက္ေၾကာ္ပါ။ ေဂြးေတာက္ရြက္ေတြ ႏူးအိသြားျပီဆိုရင္ ရပါျပီ။
ပန္းကန္ထဲမွာ ေဂြးေတာက္ရြက္ ဝက္ဆီဖတ္ေၾကာ္ေလးကို ထည့္ျပီး ေဘးမွာက်န္ေနတဲ့ ဝက္ဆီဖတ္ (၅ က်ပ္သား)ကို ပံုလို႕ စားလို႕ရသြားပါျပီ။ ဝက္ဆီဖတ္ရဲ့ အဆီအႏွစ္ေတြ စိမ့္ဝင္ေနတဲ့ ေဂြးေတာက္ရြက္ သက္သက္ေလးရဲ့အရသာဟာ ဘယ္လိုေတြေတာင္ စားေကာင္းလဲဆိုတာ ခ်က္စားၾကည့္မွ သိရပါလိမ့္မယ္။ ေနာက္အေခါက္ေတြမွ ဟင္းဆန္းေလးေတြနဲ႕ ျပန္ေတြ႕ၾကပါဦးစို႕ရယ္။

သေကာင့္သား ( အခရာ )

<Unicode>

ဒီတစ်ခေါက်တော့ ဟင်းလေးတွေကို ထွေလီကာလီ လုပ်စားချင်သူတွေအတွက် တင်ပေးလိုက်ပါတယ်ဗျို့။ စားနေကျ အရသာတွေကနေ ခွဲထွက်ပြီး စားလို့ကောင်းတဲ့ ဟင်းလေးတွေမို့ အားလုံးသဘောကျကြမှာပါ။ ဒီတစ်ပတ် Op ချက်ကျွေးမှာကတော့ ငါးဥ မဆလာချဉ်ချဉ်စပ်စပ်လေးနဲ့ ဂွေးတောက်ရွက်ဝက်ဆီဖတ်ကြော် ဆိမ့်ဆိမ့်လေးပဲဖြစ်ပါတယ်။ Op ဈေးသွားတုန်းက မြစ်ငါးတန်ဥ တွေတွေ့လို့ ဝယ်ရင်းနဲ့ ချက်ဖြစ်သွားတာပါ။ တစ်ခြား ငါးဥတွေ သုံးပြီးချက်လည်း ရပါတယ်။ အဆန်းလေးတွေနော့။ ကဲ ….စ ချက်လိုက်ရအောင်။

ငါးဥ မဆလာ ချဉ်စပ်
=============

sweet-sour-fish-egg-curry-akhayar
ပါဝင်ပစ္စည်းများ

– ငါးဥ (နှစ်သက်ရာ) – ၄၀ သား
– ကြက်သွန်နီ ကြီးကြီး – ၄ လုံး
– ခရမ်းချဉ်သီး – ၁ လုံး
– ငရုတ်သီး (အာဝါးသီး) – ၂ တောင့်
– နံနံပင် – ၁ စည်း
– ရှမ်းနံနံ – ၁ စည်း
– မဆလာ – ၁ ဇွန်း (လက်ဖက်ရည် ဇွန်း)
– ဆား/နနွင်း/အရောင်တင်မှုန့်/ရေ – အနည်းငယ်
– ချင်း – ၁ တက်
– ဆီ – ၁၀ သား
– ကြက်သွန်ဖြူ – ၅ မွှာ

Ok …စမယ်။ လွယ်လွယ်လေးပါ။ အရင်ဆုံးလုပ်ရမှာက အိုး တစ်လုံးထဲမှာ ငါးဥတွေကို အတုံးလိုက် အရင်ပြုတ်ရပါမယ်။ အဲဒါမှ အကြောတင်းသွားမှာမို့ဗျ။ ပြုတ်တဲ့အခါ ချင်းကို ထုထောင်းပြီး ထည့်ရပါမယ်။ ပြီး ဆား နည်းနည်း နဲ့ နနွင်း လက်ဖက်ရည် ဇွန်း ၁ ဇွန်း ထည့်ပြုတ်ရမယ်ခင်ဗျ။ ပြီး ၁၅ မိနစ်လောက်ပြုတ်ပြီးရင် ဓားပါးပါးလေးနဲ့ ထိုးကြည့်။ အကြောမာပြီး ကျက်သွားပြီဆိုရင် အိုးထဲကနေ ဆယ်ပြီး အနေတော် အတုံးလေးတွေ လှီးထားလိုက်ဗျို့။
ပြီးရင် ဆီ ထဲကို ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ/နီ ထည့်ပြီး ဆီသတ်ပါ။ ပြီးရင် ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီး ကိုထည့်ပါ။ ဆား/နနွင်း/အရောင်တင်မှုန့် လိုသလိုထည့်ပါ။ အနံ့လေးမွှေးပြီး အရောင်လေးလှလာပြီဆို ပြုတ်ထားတဲ့ ငါးဥတွေကို ထည့်ချက်ပါ။ ရေ နို့ဆီဗူး ၁ ဗူးလောက်ထည့်ပြီး နှံ့အောင်မွှေ လို့ ဆက်ချက်ဗျ။ ဆီပြန်ခါနီးပြီဆိုမှ နုပ်နုပ်လေးတွေ လှီးထားတဲ့ နံနံပင်၊ ငရုတ်သီး၊ ရှမ်းနံနံ တွေထည့်ပြီး

နှံ့အောင်မွှေ။ နှံ့သွားပြီဆိုမှ မဆလာ လေးဖြူးလိုက်။ ငါးဥ မဆလာ ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေးကို ခံတွင်းတွေ့ပါလိမ့်မယ်လေ။ ဝါးလိုက်တိုင်း အိကျိ..အိကျိ လေးက ဖြစ်နေလိုက်သေး 😉 ။

ဂွေးတောက်ရွက် ဝက်ဆီဖတ်ကြော်
======================

fried-gway-tauk-leaf-pork-belly-akhayar
ပါဝင်ပစ္စည်းများ

– ဂွေးတောက်ရွက် – ၄ စည်း
– ဝက်ဆီဖတ် – ၁၀ သား
– ကြက်သွန်ဖြူ – ငါးမွှာ
– ချင်း – ၁ တက်(လက် ၁ ဆစ်)
– ဆီ – ၅ ကျပ်သား
– ရေ – အနည်းငယ်
– ဆား/ကြက်သားမှုန့် – အနည်းငယ်

ကြော်နည်းကတော့ အလွယ်လေးပါ။ စားသွားတာက အတွဲအစပ်လေးဗျ။ တော်တော်များများက ဝက်ဆီဖတ်ကို ကန်စွန်းရွက်တို့၊ကိုက်လန် တို့ နဲ့ ပဲကြော်ကြတာများတယ်။ တကယ်တော့ ဝက်ဆီဖတ်ဆိုသည်မှာလည်း ဂွေးတောက်ရွက် နဲ့ အတော်လိုက်တာကလား။
ဆီ ပူလာပြီဆိုရင် ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ နဲ့ ချင်း ကိုထည့်ပါ။ အနံ့လေးမွှေး လာပြီဆို အနေတော်လှီးထားတဲ့ ဝက်ဆီဖတ် (၅ ကျပ်သား) တစ်ဝက်လောက် ထည့်ကြော်ပါ။ ပြီးရင် သင်ထားတဲ့ ဂွေးတောက်ရွက်တွေ ထည့်ပါ။ ဆား/ကြက်သားမှုန့်အနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။ သမသွားပြီဆိုရင် ရေ နို့ဆီဗူး ၁ ဗူး မပြည့်တပြည့် လောက်ထည့်ပြီး ဆက်ကြော်ပါ။ ဂွေးတောက်ရွက်တွေ နူးအိသွားပြီဆိုရင် ရပါပြီ။
ပန်းကန်ထဲမှာ ဂွေးတောက်ရွက် ဝက်ဆီဖတ်ကြော်လေးကို ထည့်ပြီး ဘေးမှာကျန်နေတဲ့ ဝက်ဆီဖတ် (၅ ကျပ်သား)ကို ပုံလို့ စားလို့ရသွားပါပြီ။ ဝက်ဆီဖတ်ရဲ့ အဆီအနှစ်တွေ စိမ့်ဝင်နေတဲ့ ဂွေးတောက်ရွက် သက်သက်လေးရဲ့အရသာဟာ ဘယ်လိုတွေတောင် စားကောင်းလဲဆိုတာ ချက်စားကြည့်မှ သိရပါလိမ့်မယ်။ နောက်အခေါက်တွေမှ ဟင်းဆန်းလေးတွေနဲ့ ပြန်တွေ့ကြပါဦးစို့ရယ်။

သကောင့်သား ( အခရာ )