အခရာပရိသတ္ၾကီးေရ.. ေပ်ာ္စရာ TGIF ၾကီးပါခင္ဗ်။ H1N1 သီတင္းေတြ ဘယ္လိုပဲ ၾကားေစဦးေတာ့ ေသာၾကာေန႔ေရာက္ျပီဆိုရင္ကို Stress ေတြ ေျဖဖုိ႕ လူေတြက လႈပ္ရြလႈပ္ရြျဖစ္လာပါျပီ။ ဒီတစ္ပတ္မွာလည္း အခရာသူ အခရာသားေတြက ေသာၾကာေန႔အတြက္ ဘယ္ကိုဒိုးျပီး ၊ဘယ္ကို လိမ့္မယ္ဆုိတာကို  စနည္းနာၾကည့္တဲ့အခါ ဒီလို အမိုက္စား အစီအစဥ္ေတြ ရွိတဲ့အတြက္ Akhayar Nigh out အေနနဲ႔ လက္တို႔လိုက္ပါရေစ။

ပါရမီက The Beer Bar ရဲ့ Beer Buffet

Beer ၾကိဳက္သူကုိယ့္ဆရာသမားေတြအတြက္ ရန္ကုန္ျမိဳ႕၊ ပါရမီ၊ ရန္ကင္းျမိဳ႕နယ္၊ မဥၥဴလမ္းမွာ တည္ရွိတဲ့ The Beer Bar မွာ Beer Buffet အစီအစဥ္က ေစာင့္ၾကိဳေနပါတယ္။ ဒီအစီအစဥ္ကို ဒီေန႔ ေသာၾကာေန႔ (၄.၈.၂၀၁၇) က စတင္တာျဖစ္ျပီး The Beer Bar ရဲ့ Signature ျဖစ္တဲ့ ဘီယာေျမအိုးကို ၾကိဳက္သေလာက္ေသာက္လို႔ ရမယ့္ အစီအစဥ္ပါ။

အဲ.. ဒီေနရာမွာ တစ္ခု သတိခ်ပ္ရမွာက သူတို႔ရဲ့ Buffet ေရာင္းခ်မႈပံုစံပါပဲ။ Beer Buffet အစီအစဥ္ကို ဆင္ႏႊဲမယ္ဆိုရင္ေတာ့ လူေလးေယာက္သြားရင္ ေလးေယာက္လံုး Beer Buffet အစီအစဥ္နဲ႔ ေသာက္ရမွာျဖစ္ပါတယ္။ တစ္ေယာက္က ရိုးရိုးအရက္ေသာက္၊ တစ္ေယာက္က Beer ေသာက္ခ်င္တာမ်ိဳးနဲ႔ဆိုရင္ေတာ့ သိပ္အဆင္မေျပဘူးေပါ့ဗ်ာ။

က်သင့္ေငြအေနနဲ႔ေတာ့ ေယာက်္ားေလးတစ္ဦးကို ၁၁,၀၀၀ က်ပ္နဲ႔ မိန္းကေလးတစ္ဦးကို ၅၅၀၀ က်ပ္ပါ (ေသာက္ႏုိင္တဲ့ မိန္းကေလးထုၾကီးကို စိန္ေခၚေနသလိုပါပဲ..ဟြင္းဟြင္း 😀 )။ ဘီယာကိုေတာ့ အကန္႔အသက္မရွိေသာက္သံုးႏုိင္ျပီး အခ်ိန္ကန္႔သတ္မႈကေတာ့ ၃နာရီပါပဲ။ လိုတိုရွင္းေျပာရရင္ေတာ့ ၃နာရီအတြင္း ဘီယာေျမအိုးကို ေယာက်္ားေလး ၁၁၀၀၀ က်ပ္၊ မိန္းကေလး ၅၅၀၀ က်ပ္နဲ႔ ၾကိဳက္သေလာက္ေသာက္လို႔ ရတယ္လို႔ ေျပာခ်င္တာပါ။

အေသးစိတ္သိခ်င္ေသးတယ္ဆုိရင္ေတာ့ The Beer Bar : 09 4550 36024 ၊ 09 503 6024 ၊ 09 430 33522 ကို တုိက္ရိုက္ဆက္သြယ္စံုစမ္းႏုိင္ပါတယ္။ လိပ္စာအျပည့္အစံုကေတာ့ အမွတ္ ၅၂ A၊ ပါရမီ၊ မဥၥဴလမ္း ၊ရန္ကင္းျမိဳ႕နယ္၊ ပါရမီတံတားနဲ႔ နီးပါတယ္ဗ်။

ေက်ာက္ေျမာင္းက 90’s Bar ရဲ့ ဖြင့္ပြဲပါတီ

ဒီတစ္ခါေတာ့ ဘားအသစ္ေလးတစ္ခုရဲ့ ဖြင့္ပြဲကို ညႊန္းခ်င္ပါတယ္ခင္ဗ်။ ေက်ာက္ေျမာင္း၊ေအာင္မဂၤလာလမ္းနဲ႔ ဒဂံုသီရိလမ္းေထာင့္၊ အမွတ္ ၁၂ မွာရွိတဲ့ 90’s Bar ရဲ့ ဖြင့္ပြဲပါ။ အခ်ိန္က ညေန ၆နာရီကေန ည၈နာရီအတြင္းမွာ Beer Free Flow နဲ႔ ဖြင့္လွစ္မယ္လို႔ သိရပါတယ္။

သူငယ္ခ်င္းေတြ စုျပီး ေသာက္မယ္ဆိုရင္ အရက္အမ်ိဳးအစားေကာင္းမေကာင္းအေရးၾကီးသလို ေသာက္ရမယ့္ ေနရာလည္း အေရးၾကီးပါတယ္၊ ဒီေနရာအတြက္ သူတို႔ တာဝန္ထားပါလို႔ ေၾကာ္ျငာထားတဲ့ 90’s Bar က ဆန္းသစ္၊ ေအးေဆး၊ လြတ္လပ္ေပါ့ပါး၊ Stress ေတြကို ေမ့ထားႏုိင္ျပီး ေအးေဆး Chill လုပ္လို႔ ရမယ့္ ေနရာလို႔ ညႊန္းထားပါတယ္။

ေစ်းမၾကီးဘူး၊ Service ေကာင္းမယ္၊ Weekend ေတြတင္မကဘဲ ေန႔တုိင္းအတြက္ Fan Activities ေတြရွိမယ္၊ ေႏြးေထြးလုံျခံဳျပီး ငယ္ဘဝအမွတ္တရ အေငြ႔အသက္ေတြ ျပန္ရေစမယ္ဆုိေတာ့ကာ အခရာကိုကိုေတြေတာင္ သြားဖို႔ ေရြးခ်ယ္ထားျပီးသားေနရာတစ္ခုမို႔ အခရာပရိသတ္ေတြကိုပါ သြားေရာက္ဖို႔ ဖိတ္ေခၚလိုက္ရပါတယ္။

Cocoon Bar ရဲ့ အားက်မခံအစီအစဥ္

မိုးရာသီမွာ Bar ေတြက သူ႔ထက္ငါ Promotion ေတြ လုပ္ေနၾကေတာ့ စမ္းေခ်ာင္းျမိဳ႕နယ္မွာ ရွိတဲ့ Cocoon Bar ကလည္း အားက်မခံ Promotion လုပ္ျပန္ေပါ့။ သူကေတာ့ ရွင္းပါတယ္။ Heineken Draught Beer ကို Promotion ေပးတာပါ။ Heineken Beer ကို ခြက္ၾကီးမွာမွာ၊ ခြက္ေသးမွာမွာ ၂ ခြက္မွာ တစ္ခြက္ Free ရမွာပါ။

ဘယ္ခ်ိန္ေတြေပးလဲဆိုရင္ေတာ့ ဆိုင္ဖြင့္ခ်ိန္ မနက္ ၁၁ နာရီကေန ဆိုင္ပိတ္ခ်ိန္ ည ၁၁ နာရီထိပါ။ စတင္တာကေတာ့ ၾသဂုတ္လ ၁ရက္ေန႔တည္းက စတင္တာျဖစ္ျပီး ၾသဂုတ္လတစ္လလံုးေပးမွာျဖစ္ေတာ့ Cocoon Rooftop Bar မွာ ေအးေအးျငိမ့္ျငိမ့္ Beer အဝေသာက္ႏုိင္ေတာ့မွာေပ့ါ။

ေျမပဲယိုရဲ့ တေက်ာ့ျပန္ ေဖ်ာ္ေျဖပြဲ

Yes or No.. တစ္ခုေတာ့ ျဖစ္မယ္..No ဆိုရင္ ဝမ္းနည္းရမယ္ ဆိုတဲ့ ၂၀၀၀ ခုႏွစ္ေလာက္က အရမ္းနာမည္ၾကီးခဲ့တဲ့ ေျမပဲယိုအဖြဲ႔ၾကီးရဲ့ ေဖ်ာ္ေျဖတင္ဆက္မႈကို Sakura Tower Rooftop မွာတည္ရွိတဲ့ Yangon Yangon မွာ ဒီေန႔ ၄.၈.၂၀၁၇ မွာ ျပဳလုပ္မွာျဖစ္ပါတယ္။ လက္မွတ္ခကေတာ့ တစ္ေယာက္ကို ၁၀၀၀၀ က်ပ္က်မွာျဖစ္ျပီး ဘီယာတစ္ခြက္ လက္ေဆာင္ရမွာျဖစ္ပါတယ္။

တစ္ခ်ိန္က ေျမပဲယိုရဲ့ သီခ်င္းေတြနဲ႔ စီးေမ်ာခဲ့ဖူးတယ္ဆုိရင္ ဒီပြဲဟာ အေရာက္သြားဖို႔ ထိုက္တန္မွာပါ။ Dress Code ကိုေတာ့ အနက္ေရာင္သတ္မွတ္ထားလို႔ အနက္ေရာင္အမိုက္စားဝတ္ျပီး ေတးဂီတနဲ႔ ခင္ဗ်ားရဲ့ ေသာၾကာညကို ကုန္ဆံုးရေအာင္လို႔ ဖိတ္ေခၚရင္း

HGID_KV_Ads_Square2

ရိုးလူ (အခရာ)

www.akhayar.com

*ဓာတ္ပံုမ်ားကို The Beer Bar ၊ 90’s Bar ၊ Cocoon Bar ၊ Yangon Yangon တို႔၏ Facebook Page မ်ားမွ ကူးယူေဖာ္ျပပါသည္။*

Unicode

အခရာပရိသတ်ကြီးရေ.. ပျော်စရာ TGIF ကြီးပါခင်ဗျ။ H1N1 သီတင်းတွေ ဘယ်လိုပဲ ကြားစေဦးတော့ သောကြာနေ့ရောက်ပြီဆိုရင်ကို Stress တွေ ဖြေဖို့ လူတွေက လှုပ်ရွလှုပ်ရွဖြစ်လာပါပြီ။ ဒီတစ်ပတ်မှာလည်း အခရာသူ အခရာသားတွေက သောကြာနေ့အတွက် ဘယ်ကိုဒိုးပြီး ၊ဘယ်ကို လိမ့်မယ်ဆိုတာကို  စနည်းနာကြည့်တဲ့အခါ ဒီလို အမိုက်စား အစီအစဉ်တွေ ရှိတဲ့အတွက် Akhayar Night Out အနေနဲ့ လက်တို့လိုက်ပါရစေ။

ပါရမီက The Beer Bar ရဲ့ Beer Buffet

Beer ကြိုက်သူကိုယ့်ဆရာသမားတွေအတွက် ရန်ကုန်မြို့၊ ပါရမီ၊ ရန်ကင်းမြို့နယ်၊ မဉ္စူလမ်းမှာ တည်ရှိတဲ့ The Beer Bar မှာ Beer Buffet အစီအစဉ်က စောင့်ကြိုနေပါတယ်။ ဒီအစီအစဉ်ကို ဒီနေ့ သောကြာနေ့ (၄.၈.၂၀၁၇) က စတင်တာဖြစ်ပြီး The Beer Bar ရဲ့ Signature ဖြစ်တဲ့ ဘီယာမြေအိုးကို ကြိုက်သလောက်သောက်လို့ ရမယ့် အစီအစဉ်ပါ။

အဲ.. ဒီနေရာမှာ တစ်ခု သတိချပ်ရမှာက သူတို့ရဲ့ Buffet ရောင်းချမှုပုံစံပါပဲ။ Beer Buffet အစီအစဉ်ကို ဆင်နွှဲမယ်ဆိုရင်တော့ လူလေးယောက်သွားရင် လေးယောက်လုံး Beer Buffet အစီအစဉ်နဲ့ သောက်ရမှာဖြစ်ပါတယ်။ တစ်ယောက်က ရိုးရိုးအရက်သောက်၊ တစ်ယောက်က Beer သောက်ချင်တာမျိုးနဲ့ဆိုရင်တော့ သိပ်အဆင်မပြေဘူးပေါ့ဗျာ။

ကျသင့်ငွေအနေနဲ့တော့ ယောကျ်ားလေးတစ်ဦးကို ၁၁,၀၀၀ ကျပ်နဲ့ မိန်းကလေးတစ်ဦးကို ၅၅၀၀ ကျပ်ပါ (သောက်နိုင်တဲ့ မိန်းကလေးထုကြီးကို စိန်ခေါ်နေသလိုပါပဲ..ဟွင်းဟွင်း 😀 )။ ဘီယာကိုတော့ အကန့်အသက်မရှိသောက်သုံးနိုင်ပြီး အချိန်ကန့်သတ်မှုကတော့ ၃နာရီပါပဲ။ လိုတိုရှင်းပြောရရင်တော့ ၃နာရီအတွင်း ဘီယာမြေအိုးကို ယောကျ်ားလေး ၁၁၀၀၀ ကျပ်၊ မိန်းကလေး ၅၅၀၀ ကျပ်နဲ့ ကြိုက်သလောက်သောက်လို့ ရတယ်လို့ ပြောချင်တာပါ။

အသေးစိတ်သိချင်သေးတယ်ဆိုရင်တော့ The Beer Bar : 09 4550 36024 ၊ 09 503 6024 ၊ 09 430 33522 ကို တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ လိပ်စာအပြည့်အစုံကတော့ အမှတ် ၅၂ A၊ ပါရမီ၊ မဉ္စူလမ်း ၊ရန်ကင်းမြို့နယ်၊ ပါရမီတံတားနဲ့ နီးပါတယ်ဗျ။

ကျောက်မြောင်းက 90’s Bar ရဲ့ ဖွင့်ပွဲပါတီ

ဒီတစ်ခါတော့ ဘားအသစ်လေးတစ်ခုရဲ့ ဖွင့်ပွဲကို ညွှန်းချင်ပါတယ်ခင်ဗျ။ ကျောက်မြောင်း၊အောင်မင်္ဂလာလမ်းနဲ့ ဒဂုံသီရိလမ်းထောင့်၊ အမှတ် ၁၂ မှာရှိတဲ့ 90’s Bar ရဲ့ ဖွင့်ပွဲပါ။ အချိန်က ညနေ ၆နာရီကနေ ည၈နာရီအတွင်းမှာ Beer Free Flow နဲ့ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သူငယ်ချင်းတွေ စုပြီး သောက်မယ်ဆိုရင် အရက်အမျိုးအစားကောင်းမကောင်းအရေးကြီးသလို သောက်ရမယ့် နေရာလည်း အရေးကြီးပါတယ်၊ ဒီနေရာအတွက် သူတို့ တာဝန်ထားပါလို့ ကြော်ငြာထားတဲ့ 90’s Bar က ဆန်းသစ်၊ အေးဆေး၊ လွတ်လပ်ပေါ့ပါး၊ Stress တွေကို မေ့ထားနိုင်ပြီး အေးဆေး Chill လုပ်လို့ ရမယ့် နေရာလို့ ညွှန်းထားပါတယ်။

ဈေးမကြီးဘူး၊ Service ကောင်းမယ်၊ Weekend တွေတင်မကဘဲ နေ့တိုင်းအတွက် Fan Activities တွေရှိမယ်၊ နွေးထွေးလုံခြုံပြီး ငယ်ဘဝအမှတ်တရ အငွေ့အသက်တွေ ပြန်ရစေမယ်ဆိုတော့ကာ အခရာကိုကိုတွေတောင် သွားဖို့ ရွေးချယ်ထားပြီးသားနေရာတစ်ခုမို့ အခရာပရိသတ်တွေကိုပါ သွားရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Cocoon Bar ရဲ့ အားကျမခံအစီအစဉ်

မိုးရာသီမှာ Bar တွေက သူ့ထက်ငါ Promotion တွေ လုပ်နေကြတော့ စမ်းချောင်းမြို့နယ်မှာ ရှိတဲ့ Cocoon Bar ကလည်း အားကျမခံ Promotion လုပ်ပြန်ပေါ့။ သူကတော့ ရှင်းပါတယ်။ Heineken Draught Beer ကို Promotion ပေးတာပါ။ Heineken Beer ကို ခွက်ကြီးမှာမှာ၊ ခွက်သေးမှာမှာ ၂ ခွက်မှာ တစ်ခွက် Free ရမှာပါ။

ဘယ်ချိန်တွေပေးလဲဆိုရင်တော့ ဆိုင်ဖွင့်ချိန် မနက် ၁၁ နာရီကနေ ဆိုင်ပိတ်ချိန် ည ၁၁ နာရီထိပါ။ စတင်တာကတော့ သြဂုတ်လ ၁ရက်နေ့တည်းက စတင်တာဖြစ်ပြီး သြဂုတ်လတစ်လလုံးပေးမှာဖြစ်တော့ Cocoon Rooftop Bar မှာ အေးအေးငြိမ့်ငြိမ့် Beer အဝသောက်နိုင်တော့မှာပေ့ါ။

မြေပဲယိုရဲ့ တကျော့ပြန် ဖျော်ဖြေပွဲ

Yes or No.. တစ်ခုတော့ ဖြစ်မယ်..No ဆိုရင် ဝမ်းနည်းရမယ် ဆိုတဲ့ ၂၀၀၀ ခုနှစ်လောက်က အရမ်းနာမည်ကြီးခဲ့တဲ့ မြေပဲယိုအဖွဲ့ကြီးရဲ့ ဖျော်ဖြေတင်ဆက်မှုကို Sakura Tower Rooftop မှာတည်ရှိတဲ့ Yangon Yangon မှာ ဒီနေ့ ၄.၈.၂၀၁၇ မှာ ပြုလုပ်မှာဖြစ်ပါတယ်။ လက်မှတ်ခကတော့ တစ်ယောက်ကို ၁၀၀၀၀ ကျပ်ကျမှာဖြစ်ပြီး ဘီယာတစ်ခွက် လက်ဆောင်ရမှာဖြစ်ပါတယ်။

တစ်ချိန်က မြေပဲယိုရဲ့ သီချင်းတွေနဲ့ စီးမျောခဲ့ဖူးတယ်ဆိုရင် ဒီပွဲဟာ အရောက်သွားဖို့ ထိုက်တန်မှာပါ။ Dress Code ကိုတော့ အနက်ရောင်သတ်မှတ်ထားလို့ အနက်ရောင်အမိုက်စားဝတ်ပြီး တေးဂီတနဲ့ ခင်ဗျားရဲ့ သောကြာညကို ကုန်ဆုံးရအောင်လို့ ဖိတ်ခေါ်ရင်း

*ဓာတ်ပုံများကို The Beer Bar ၊ 90’s Bar ၊ Cocoon Bar ၊ Yangon Yangon တို့၏ Facebook Page များမှ ကူးယူဖော်ပြပါသည်။*

HGID_KV_Ads_Square2