ဒီတစ္ပတ္ပိတ္ရက္မွာ သြားစရာလာစရာေလးေတြ (၁၁.၁၁.၂၀၁၇)

[Zawgyi]

ဒီတစ္ပတ္ပိတ္ရက္မွာ သြားစရာလာစရာေလးေတြ (၁၁.၁၁.၂၀၁၇)

အခရာပရိသတ္ၾကီးေရ… ေပ်ာ္ရႊင္စရာေကာင္းတဲ့ ေသာၾကာညေလး ျဖစ္ပါေစလို႔ အရင္ဆံုး ဆုေတာင္းေပးပါရေစ။ ဒီတစ္ပတ္ တနၤလာေန႔အပါအဝင္ ၃ ရက္ေတာင္ ပိတ္မွာဆိုေတာ့ ဘယ္သြားျပီး ဘာလုပ္ရမွန္းမသိေသးရင္ အခရာမွာ ညႊန္ေပးစရာ ဒီလို ရွယ္မိုက္တဲ့ အစီအစဥ္ေတြ ရွိပါတယ္လို႔။

၁။ ကံ့ေကာ္ဝတ္ရည္စာအုပ္အိမ္ႏွစ္ပတ္လည္ပြဲ

လာပါျပီ၊ လာပါျပီ၊ အျငိမ္ေလးေပ့ါ။ စာအုပ္ေလးဖတ္ျပီး ဒီပိတ္ရက္ေတြကို ျဖတ္သန္းခ်င္တယ္ဆိုရင္ ကံ့ေကာ္ဝတ္ရည္ရဲ့ စာအုပ္အိမ္ႏွစ္ပတ္လည္ပြဲေလးရွိတယ္ဗ်။ ကံ့ေကာ္ဝတ္ရည္စာအုပ္အိမ္ ႏွစ္ပတ္လည္အေနနဲ႔ စာအုပ္ေတြကို ေစ်းေလွ်ာ့ေပးမွာမို႔ လက္မလႊတ္သင့္ပါဘူး။ ဘယ္စာအုပ္ကိုမဆို တစ္အုပ္ခ်င္းဝယ္ရင္ ၂၀% ၊ စုစည္းထားတဲ့ Collection အလုိက္ဝယ္ရင္ ၂၅% နဲ႕ တစ္ေသာင္းဖိုးထက္ ေက်ာ္လြန္ျပီး ဝယ္ရင္ စာအုပ္တစ္အုပ္ကို ဗလာမပါကံစမ္းခြင့္စတဲ့ အစီအစဥ္ေတြ ေစာင့္ေနပါတယ္။

ေန႔ရက္ကေတာ့ ေသာၾကာေန႔ ၁၀.၁၁.၂၀၁၇ ကေန တနဂၤေႏြေန႔ ၁၂.၁၁.၂၀၁၇  အထိ ျဖစ္ပါတယ္။ အခ်ိန္ကေတာ့ မနက္ ၉နာရီကေန ညေန ၆နာရီအထိပါ။ ေနရာကေတာ့ ကံ့ေကာ္ဝတ္ရည္စာအုပ္အိမ္ (အမွတ္ ၅၁၊ ပထမထပ္၊ ေရေက်ာ္လမ္းမၾကီး၊ ပုဇြန္ေတာင္ျမိဳ႕နယ္မွာပါ။ စာအုပ္ၾကိဳက္သူေတြကေတာ့ သြားကို သြားရမယ့္ ပြဲလို႔ ဆုိခ်င္ပါတယ္။

၂။ Free PreClosing Party Memory!

Memory ရုပ္ရွင္ပြဲေတာ္ရဲ့ ပိတ္ပြဲအၾကိဳအေနနဲ႔ ဝဇီရာရုံ (၃၃လမ္းနဲ႔ ၃၄ လမ္းၾကား၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚ) ရဲ့ လသာေဆာင္မွာ ပါတီရွိေနပါတယ္။ ဝင္ခြင့္ကေတာ့ အခမဲ့ပါပဲ။ ေတးဂီတေဖ်ာ္ေျဖမႈအေနနဲ႔ DJ Fisewook က ေဖ်ာ္ေျဖမွာ ျဖစ္ျပီး Carlsberg Draft Beer တစ္ခြက္ကို ၂၀၀၀ က်ပ္၊ Gin Tonic နဲ႔ Whiskey Coke တစ္ခြက္ကို ၃၀၀၀ က်ပ္နဲ႔ ေရာင္းခ်ေပးမယ့္အျပင္ Snack ေတြလည္း ထားေပးထားမွာပါ။ အခ်ိန္ကေတာ့ ည ၈နာရီခြဲကေန စတင္မွာ ျဖစ္ပါတယ္။ ရုပ္ရွင္အေၾကာင္းစကားစျမည္ေျပာရင္း Chill လို႔ ရတာေပါ့။

၃။ Waterzonic Myanmar

အားလံုးေစာင့္ေမွ်ာ္ေနတဲ့ Waterzonic Myanmar ပြဲၾကီးလည္း  ၁၁.၁၁.၂၀၁၇  စေနေန႔ဆို ေရာက္လာပါျပီခင္ဗ်ာ။ EDM ၾကိဳက္သူေတြ ၊ကဲဖို႔ စီစဥ္ထားသူေတြကေတာ့ Ready ျဖစ္ေနေလာက္ျပီေပ့ါ။ Lineup အေနနဲ႔ Knife party၊ TUJAMO ၊ MaRLo နဲ႔ ZANON တို႔ ဝုန္းမွာ ျဖစ္ျပီး ေရေလးလည္း ျဖန္းေပးဦးမွာဆိုေတာ့ ပူအိုက္ေနမွာလည္း မစိုးရိမ္ရေတာ့ဘူးေပါ့။ အဲ့ဒါအျပင္ ပြဲအျပီးမွာလည္း Waterzonic လက္မွတ္ရွိသူတိုင္း Club Pyrite မွာလုပ္မယ့္ After Party ကိုသြားလို႔ရတယ္ဆုိေတာ့ အရွိန္မေသေသးရင္ ဆက္ဝုန္းလို႔ ရတယ္ေနာ္။ လက္မွတ္ကေတာ့ GA (Regular) ကို 40000 ks နဲ႔ ေရာင္းေနတာ ေတြ႔ရပါတယ္။ လက္မွတ္ေတြကိုေတာ့ www.waterzonicmyanmar.com မွာ ရရွိႏုိင္တယ္လို႔ ေၾကညာထားပါတယ္။

၄။ JAM IT!// FIVE YEARS!

ဒါကေတာ့ JAM IT ရဲ့ ငါးႏွစ္ေျမာက္ပြဲေလးပါပဲ၊ ဒါေၾကာင့္အရင္ JAM IT ပြဲေတြမွာ ပါခဲ့တဲ့ Rock ၊ Punk၊ Hip Hop၊ Indie နဲ႔ Metal Bands ေတြရဲ့ Live Performances ေတြကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ ေနရာကေတာ့ ျပည္သူ႔ရင္ျပင္မွာ ရွိတဲ့ Pauk Kan Food Court & Night Bazaar မွာ ျဖစ္ျပီး အခ်ိန္ကော့ စေနေန႔ ညေန ၅ နာရီကေန ည ၁၀နာရီထိျဖစ္ပါတယ္။ အဖြဲ႔ေတြအေနနဲ႔လည္း No U Turn၊ Fever 109၊ The Myth နဲ႔ Tu & LOFT အဖြဲ႔ေတြ ပါဝင္မွာ ျဖစ္သလို One Way ၊ Wareru ၊ Jimmy Jacobs & Mr.Luffie နဲ႔ Si Phyo Min တို႔လည္း ပါဝင္မွာ ျဖစ္တဲ့အတြက္ မိသားစုလိုက္ Pauk Kan Night Bazzar သြားရင္း သီခ်င္းနားေထာင္လို႔ ရပါတယ္။

ရိုးလူ (အခရာ)

www.akhayar.com

[Unicode]

ဒီတစ်ပတ်ပိတ်ရက်မှာ သွားစရာလာစရာလေးတွေ (၁၁.၁၁.၂၀၁၇)

အခရာပရိသတ်ကြီးရေ… ပျော်ရွှင်စရာကောင်းတဲ့ သောကြာညလေး ဖြစ်ပါစေလို့ အရင်ဆုံး ဆုတောင်းပေးပါရစေ။ ဒီတစ်ပတ် တင်္နလာနေ့အပါအဝင် ၃ ရက်တောင် ပိတ်မှာဆိုတော့ ဘယ်သွားပြီး ဘာလုပ်ရမှန်းမသိသေးရင် အခရာမှာ ညွှန်ပေးစရာ ဒီလို ရှယ်မိုက်တဲ့ အစီအစဉ်တွေ ရှိပါတယ်လို့။

၁။ ကံ့ကော်ဝတ်ရည်စာအုပ်အိမ်နှစ်ပတ်လည်ပွဲ

လာပါပြီ၊ လာပါပြီ၊ အငြိမ်လေးပေ့ါ။ စာအုပ်လေးဖတ်ပြီး ဒီပိတ်ရက်တွေကို ဖြတ်သန်းချင်တယ်ဆိုရင် ကံ့ကော်ဝတ်ရည်ရဲ့ စာအုပ်အိမ်နှစ်ပတ်လည်ပွဲလေးရှိတယ်ဗျ။ ကံ့ကော်ဝတ်ရည်စာအုပ်အိမ် နှစ်ပတ်လည်အနေနဲ့ စာအုပ်တွေကို ဈေးလျှော့ပေးမှာမို့ လက်မလွှတ်သင့်ပါဘူး။ ဘယ်စာအုပ်ကိုမဆို တစ်အုပ်ချင်းဝယ်ရင် ၂၀% ၊ စုစည်းထားတဲ့ Collection အလိုက်ဝယ်ရင် ၂၅% နဲ့ တစ်သောင်းဖိုးထက် ကျော်လွန်ပြီး ဝယ်ရင် စာအုပ်တစ်အုပ်ကို ဗလာမပါကံစမ်းခွင့်စတဲ့ အစီအစဉ်တွေ စောင့်နေပါတယ်။

နေ့ရက်ကတော့ သောကြာနေ့ ၁၀.၁၁.၂၀၁၇ ကနေ တနင်္ဂနွေနေ့ ၁၂.၁၁.၂၀၁၇  အထိ ဖြစ်ပါတယ်။ အချိန်ကတော့ မနက် ၉နာရီကနေ ညနေ ၆နာရီအထိပါ။ နေရာကတော့ ကံ့ကော်ဝတ်ရည်စာအုပ်အိမ် (အမှတ် ၅၁၊ ပထမထပ်၊ ရေကျော်လမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်မှာပါ။ စာအုပ်ကြိုက်သူတွေကတော့ သွားကို သွားရမယ့် ပွဲလို့ ဆိုချင်ပါတယ်။

၂။ Free PreClosing Party Memory!

Memory ရုပ်ရှင်ပွဲတော်ရဲ့ ပိတ်ပွဲအကြိုအနေနဲ့ ဝဇီရာရုံ (၃၃လမ်းနဲ့ ၃၄ လမ်းကြား၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်) ရဲ့ လသာဆောင်မှာ ပါတီရှိနေပါတယ်။ ဝင်ခွင့်ကတော့ အခမဲ့ပါပဲ။ တေးဂီတဖျော်ဖြေမှုအနေနဲ့ DJ Fisewook က ဖျော်ဖြေမှာ ဖြစ်ပြီး Carlsberg Draft Beer တစ်ခွက်ကို ၂၀၀၀ ကျပ်၊ Gin Tonic နဲ့ Whiskey Coke တစ်ခွက်ကို ၃၀၀၀ ကျပ်နဲ့ ရောင်းချပေးမယ့်အပြင် Snack တွေလည်း ထားပေးထားမှာပါ။ အချိန်ကတော့ ည ၈နာရီခွဲကနေ စတင်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်အကြောင်းစကားစမြည်ပြောရင်း Chill လို့ ရတာပေါ့။

၃။ Waterzonic Myanmar

အားလုံးစောင့်မျှော်နေတဲ့ Waterzonic Myanmar ပွဲကြီးလည်း  ၁၁.၁၁.၂၀၁၇  စနေနေ့ဆို ရောက်လာပါပြီခင်ဗျာ။ EDM ကြိုက်သူတွေ ၊ကဲဖို့ စီစဉ်ထားသူတွေကတော့ Ready ဖြစ်နေလောက်ပြီပေ့ါ။ Lineup အနေနဲ့ Knife party၊ TUJAMO ၊ MaRLo နဲ့ ZANON တို့ ဝုန်းမှာ ဖြစ်ပြီး ရေလေးလည်း ဖြန်းပေးဦးမှာဆိုတော့ ပူအိုက်နေမှာလည်း မစိုးရိမ်ရတော့ဘူးပေါ့။ အဲ့ဒါအပြင် ပွဲအပြီးမှာလည်း Waterzonic လက်မှတ်ရှိသူတိုင်း Club Pyrite မှာလုပ်မယ့် After Party ကိုသွားလို့ရတယ်ဆိုတော့ အရှိန်မသေသေးရင် ဆက်ဝုန်းလို့ ရတယ်နော်။ လက်မှတ်ကတော့ GA (Regular) ကို 40000 ks နဲ့ ရောင်းနေတာ တွေ့ရပါတယ်။ လက်မှတ်တွေကိုတော့ www.waterzonicmyanmar.com မှာ ရရှိနိုင်တယ်လို့ ကြေညာထားပါတယ်။

၄။ JAM IT!// FIVE YEARS!

ဒါကတော့ JAM IT ရဲ့ ငါးနှစ်မြောက်ပွဲလေးပါပဲ၊ ဒါကြောင့်အရင် JAM IT ပွဲတွေမှာ ပါခဲ့တဲ့ Rock ၊ Punk၊ Hip Hop၊ Indie နဲ့ Metal Bands တွေရဲ့ Live Performances တွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ နေရာကတော့ ပြည်သူ့ရင်ပြင်မှာ ရှိတဲ့ Pauk Kan Food Court & Night Bazaar မှာ ဖြစ်ပြီး အချိန်ကော့ စနေနေ့ ညနေ ၅ နာရီကနေ ည ၁၀နာရီထိဖြစ်ပါတယ်။ အဖွဲ့တွေအနေနဲ့လည်း No U Turn၊ Fever 109၊ The Myth နဲ့ Tu & LOFT အဖွဲ့တွေ ပါဝင်မှာ ဖြစ်သလို One Way ၊ Wareru ၊ Jimmy Jacobs & Mr.Luffie နဲ့ Si Phyo Min တို့လည်း ပါဝင်မှာ ဖြစ်တဲ့အတွက် မိသားစုလိုက် Pauk Kan Night Bazzar သွားရင်း သီချင်းနားထောင်လို့ ရပါတယ်။