[Zawgyi]

ယခုလအတြင္းကစားၾကည့္သင့္တဲ့ အမိုက္စား Mobile ဂိမ္း ၅မိ်ဳး – Akhayar Game Collection 1

ဒီတစ္ေခါက္မွာေတာ့ စမတ္ဖုန္းဂိမ္း ဝါသနာရွင္ေတြအတြက္ ကစားလို႔ေကာင္းမယ့္ ဂိမ္း ၅ မ်ိဳးကိုေဖာ္ျပေပးခ်င္ပါတယ္။ ဂိမ္းတစ္ခုခ်င္းစီက ရရွိမယ့္ခံစားမႈေတြကမတူညီပဲ ေပ်ာ္စရာ ၊ စိတ္လႈပ္ရွားစရာ နဲ႕ ထိတ္လန္႔ေျခာက္ျခားဖြယ္ရာ အမ်ိဳးမ်ိဳးကိုခံစားေစမွာပါ။

1.PUBG
PUBG ကေတာ့ ယခင္က Computer Version ျဖစ္ၿပီး ယခုအခါမွာေတာ့ Mobile Edition အေနနဲ႔ထြက္ရွိလို႔လာၿပီျဖစ္ပါတယ္။ Mobile Edition အေနနဲ႔ Android မွာေရာ iOS မွာပါ ေဆာ့ကစားႏိုင္မွာျဖစ္ၿပီး အခမဲ့ Download ရယူႏိုင္ပါတယ္။
Solo ၊ Duo နဲ႔ Squad လိုက္ အဖြဲ႕ေတြခဲြၿပီးေဆာ့ကစားႏိုင္မယ့္ PvP ဂိမ္းအမ်ိဳးအစားျဖစ္ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ ေသနတ္မ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ရမွာျဖစ္ၿပီး ေနာက္ဆံုးက်န္ရွိမယ့္ အဖြဲ႕ကေတာ့ အႏိုင္ရရွိမွာျဖစ္ပါတယ္။ တစ္ေယာက္တည္းပဲျဖစ္ျဖစ္ သူငယ္ခ်င္းေတြနဲ႔စုၿပီးေတာ့ Squad ေဆာ့တာပဲျဖစ္ျဖစ္ ေဆာ့လို႔ေကာင္းတဲ့ ဂိမ္းတစ္မ်ိဳးျဖစ္ၿပီး စိတ္လႈပ္ရွားမႈနဲ႔ ေပ်ာ္ရႊင္မႈတို႔ကိုရရွိေစမယ့္ Game တစ္မ်ိဳးပဲျဖစ္ပါတယ္။

စမ္းသပ္ေဆာ့ကစားလိုတယ္ဆိုရင္ေတာ့ မိမိဖုန္း OS Platform အလိုက္ App Store ေတြမွာ Download ရယူႏိုင္ပါတယ္။

Download PUBG via Play Store
Download PUBG via App Store for iOS

2.Last day on Earth : Survival
ဒီဂိမ္းကေတာ့ Play Store ေပၚမေရာက္ခင္ Beta အဆင့္မွာကတည္းက အေတာ္ေလးလူႀကိဳက္မ်ားခဲ့တဲ့ Game တစ္မ်ိဳးျဖစ္ပါတယ္။ ေဆာ့ရမယ့္ပံုစံကေတာ့ Player ဟာ ေတာထဲမွာ လွည့္လည္သြားလာရမွာျဖစ္ၿပီး ေျမပံုုမွတစ္ဆင့္ အျခား နယ္ေျမမ်ား ၊ စစ္တပ္မ်ားကိုသြားေရာက္ကာ လက္နက္ ၊ အစားအစာ ၊ အဝတ္အစား အစရွိသည္တို႔ကိုရွာေဖြၿပီး အသက္ရွင္ဖို႔အတြက္ႀကိဳးစားရမွာျဖစ္ပါတယ္။ အဲ့လိုရွာေဖြရာမွာ ေတာရိုင္းတိရိစၦာန္မ်ား ၊ Zombie မ်ားအျပင္ အျခား Player မ်ားနဲ႔ပါရင္ဆိုင္တိုက္ခိုက္ရမွာျဖစ္ပါတယ္။ Online Game အမ်ိဳးအစားျဖစ္ၿပီး အျပင္က အခ်ိန္ေတြနဲ႔အညီ Real-Time ေဆာ့ကစားရမွာျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဖြဲ႕ေတြဖြဲ႕လို႔ရၿပီး စုစုစည္းစည္းနဲ႔ တိုက္ခိုက္ေဆာ့ကစားလို႔ရမွာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း ေဆာ့ကစားသူမ်ားျပားၿပီး Facebook Group ေတြဖြဲ႕ကာ အခ်င္းခ်င္းတိုင္ပင္ေဆြးေႏႊးေဆာ့ကစားလ်ွက္ရွိပါတယ္။ ဒီဂိမ္းကိုလည္း သက္ဆိုင္ရာ App Store မွတဆင့္ Download ျပဳလုပ္ႏိုင္ပါတယ္။

Download Last Day on Earth via Play Store
Download Last Day on Earth via App Store for iOS

3.Survival Island
ဒီဂိမ္းမွာေတာ့ သင္ဟာ ကြ်န္းႀကီးေပၚမွာတစ္ေယာက္တည္း အသက္ရွင္ေအာင္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ရုန္းကန္ရမွာျဖစ္ပါတယ္။ အျပင္လူတစ္ေယာက္လိုပဲ အစားပံုမွန္စားရမယ္ ၊ ေရပံုမွန္ေသာက္ရမယ္ ၊ အိမ္ေဆာက္ ၊ အမဲလိုက္ စတဲ့ သဘာဝက်က် လုပ္ေဆာင္ခ်က္ေတြနဲ႔ အသက္ဆက္ရမယ့္ဂိမ္းျဖစ္ပါတယ္။ အားသာခ်က္တစ္ခုအေနနဲ႔ ဂိမ္းထဲမွာရွိတဲ့ Item ေတြကို အသံုးျပဳလိုတဲ့အခါ Game ကတစ္ဆင့္ျပသတဲ့ Ads ေတြကိုၾကည့္ၿပီး လိုအပ္တဲ့ Item ေတြျမန္ဆန္စြာရယူႏိုင္ပါတယ္။ Download ျပဳလုပ္ခ်င္တယ္ဆိုရင္ေတာ့ Android အတြက္ Download ျပဳလုပ္ႏိုင္ၿပီျဖစ္ပါတယ္။ အခ်ိန္တကူးတကေပးစရာမလိုပဲ ေအးေအးေဆးေဆး နဲ႔ Online ေရာ Offline ပါေဆာ့ကစားႏိုင္ပါတယ္။

Download Survival Island via Play Store

4.Bullet Force
Counter Strike ဂိမ္းကို ငယ္ငယ္တုန္းက အသည္းစြဲခဲ့တယ္ဆိုရင္ေတာ့ ဒီဂိမ္းဟာ သင့္အတြက္ မရွိမျဖစ္ေဆာင္ထားသင့္တဲ့ ဂိမ္းတစ္ခုျဖစ္လာပါလိမ့္မယ္။ Online FPS Game တစ္မ်ိဳးျဖစ္ၿပီး Solo ပဲျဖစ္ျဖစ္ အဖဲြ႔လိုက္ပဲျဖစ္ျဖစ္ ေဆာ့ကစားႏုိင္ပါတယ္။ ေန႔စဥ္ ကမၻာတစ္ဝွမ္းမွ Player အေျမာက္အမ်ားရွိေနၿပိး သင့္အေနနဲ႔ ငယ္ဘဝကိုအမွတ္ရလို႔ လက္တည့္စမ္းခ်င္တယ္ဆိုရင္ေတာ့ အခ်ိန္ဆိုင္းမေနပဲ အျမန္ဆံုးဝင္ေရာက္ေဆာ့ကစားႀကည့္ဖို႔တိုက္တြန္းလိုက္ပါတယ္။

Download Bullet Force via Play Store

Downlaod Bullet Force via App Store for iOS

5.Marvel Contest of Champion
သင္ဟာ Marvel Fans တစ္ေယာက္ဆိုရင္ေတာ့ ဒီဂိမ္းကိုသေဘာက်မွာေသခ်ာပါတယ္။ Versus Gaming အမ်ိဳးအစားျဖစ္ၿပီး Marvel ရဲ႕ Hero အခ်င္းခ်င္း ဒါမွမဟုတ္ ဗီလိန္ေတြနဲ႔ပဲျဖစ္ျဖစ္ ယွဥ္ၿပိဳင္တိုက္ခိုက္ေဆာ့ကစားရမယ့္ဂိမ္းပါ။ Character တစ္ခုခ်င္းစီရဲ႕ အားခ်က္အားနည္းခ်က္ေတြကို ေဆာ့ခ်ိန္ၾကာလာတာနဲ႔အမွ် သေဘာေပါက္နားလည္လာၿပီး ၿပိဳင္ဘက္ကို ဘယ္လိုေကာင္းေကာင္းအႏိုင္ယူရမလဲဆိုတာသိရွိနားလည္လာမွာျဖစ္ပါတယ္။ စမ္းသပ္ကစားၾကည့္လိုတယ္ဆိုရင္ေတာ့ သက္ဆိုင္ရာ App Store မွတဆင့္ Download ရယူေဆာ့ကစားႏိုင္ပါတယ္။

Download Marvel Contest of Champion Via Play Store
Download Marvel Contest of Champion Via App Store for iOS

Phone Hay Ko (Akhayar)
www.akhayar.com
Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ယခုလအတွင်းကစားကြည့်သင့်တဲ့ အမိုက်စား Mobile ဂိမ်း ၅မျိုး – Akhayar Game Collection 1

ဒီတစ်ခေါက်မှာတော့ စမတ်ဖုန်းဂိမ်း ဝါသနာရှင်တွေအတွက် ကစားလို့ကောင်းမယ့် ဂိမ်း ၅ မျိုးကိုဖော်ပြပေးချင်ပါတယ်။ ဂိမ်းတစ်ခုချင်းစီက ရရှိမယ့်ခံစားမှုတွေကမတူညီပဲ ပျော်စရာ ၊ စိတ်လှုပ်ရှားစရာ နဲ့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အမျိုးမျိုးကိုခံစားစေမှာပါ။

1.PUBG
PUBG ကတော့ ယခင်က Computer Version ဖြစ်ပြီး ယခုအခါမှာတော့ Mobile Edition အနေနဲ့ထွက်ရှိလို့လာပြီဖြစ်ပါတယ်။ Mobile Edition အနေနဲ့ Android မှာရော iOS မှာပါ ဆော့ကစားနိုင်မှာဖြစ်ပြီး အခမဲ့ Download ရယူနိုင်ပါတယ်။
Solo ၊ Duo နဲ့ Squad လိုက် အဖွဲ့တွေခွဲပြီးဆော့ကစားနိုင်မယ့် PvP ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ရှိမယ့် အဖွဲ့ကတော့ အနိုင်ရရှိမှာဖြစ်ပါတယ်။ တစ်ယောက်တည်းပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့စုပြီးတော့ Squad ဆော့တာပဲဖြစ်ဖြစ် ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး စိတ်လှုပ်ရှားမှုနဲ့ ပျော်ရွှင်မှုတို့ကိုရရှိစေမယ့် Game တစ်မျိုးပဲဖြစ်ပါတယ်။

စမ်းသပ်ဆော့ကစားလိုတယ်ဆိုရင်တော့ မိမိဖုန်း OS Platform အလိုက် App Store တွေမှာ Download ရယူနိုင်ပါတယ်။

Download PUBG via Play Store
Download PUBG via App Store for iOS

2.Last day on Earth : Survival
ဒီဂိမ်းကတော့ Play Store ပေါ်မရောက်ခင် Beta အဆင့်မှာကတည်းက အတော်လေးလူကြိုက်များခဲ့တဲ့ Game တစ်မျိုးဖြစ်ပါတယ်။ ဆော့ရမယ့်ပုံစံကတော့ Player ဟာ တောထဲမှာ လှည့်လည်သွားလာရမှာဖြစ်ပြီး မြေပုံုမှတစ်ဆင့် အခြား နယ်မြေများ ၊ စစ်တပ်များကိုသွားရောက်ကာ လက်နက် ၊ အစားအစာ ၊ အဝတ်အစား အစရှိသည်တို့ကိုရှာဖွေပြီး အသက်ရှင်ဖို့အတွက်ကြိုးစားရမှာဖြစ်ပါတယ်။ အဲ့လိုရှာဖွေရာမှာ တောရိုင်းတိရိစ္ဆာန်များ ၊ Zombie များအပြင် အခြား Player များနဲ့ပါရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Online Game အမျိုးအစားဖြစ်ပြီး အပြင်က အချိန်တွေနဲ့အညီ Real-Time ဆော့ကစားရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အဖွဲ့တွေဖွဲ့လို့ရပြီး စုစုစည်းစည်းနဲ့ တိုက်ခိုက်ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆော့ကစားသူများပြားပြီး Facebook Group တွေဖွဲ့ကာ အချင်းချင်းတိုင်ပင်ဆွေးနွှေးဆော့ကစားလျှက်ရှိပါတယ်။ ဒီဂိမ်းကိုလည်း သက်ဆိုင်ရာ App Store မှတဆင့် Download ပြုလုပ်နိုင်ပါတယ်။

Download Last Day on Earth via Play Store
Download Last Day on Earth via App Store for iOS

3.Survival Island
ဒီဂိမ်းမှာတော့ သင်ဟာ ကျွန်းကြီးပေါ်မှာတစ်ယောက်တည်း အသက်ရှင်အောင် နည်းလမ်းအမျိုးမျိုးနဲ့ရုန်းကန်ရမှာဖြစ်ပါတယ်။ အပြင်လူတစ်ယောက်လိုပဲ အစားပုံမှန်စားရမယ် ၊ ရေပုံမှန်သောက်ရမယ် ၊ အိမ်ဆောက် ၊ အမဲလိုက် စတဲ့ သဘာဝကျကျ လုပ်ဆောင်ချက်တွေနဲ့ အသက်ဆက်ရမယ့်ဂိမ်းဖြစ်ပါတယ်။ အားသာချက်တစ်ခုအနေနဲ့ ဂိမ်းထဲမှာရှိတဲ့ Item တွေကို အသုံးပြုလိုတဲ့အခါ Game ကတစ်ဆင့်ပြသတဲ့ Ads တွေကိုကြည့်ပြီး လိုအပ်တဲ့ Item တွေမြန်ဆန်စွာရယူနိုင်ပါတယ်။ Download ပြုလုပ်ချင်တယ်ဆိုရင်တော့ Android အတွက် Download ပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ အချိန်တကူးတကပေးစရာမလိုပဲ အေးအေးဆေးဆေး နဲ့ Online ရော Offline ပါဆော့ကစားနိုင်ပါတယ်။

Download Survival Island via Play Store

4.Bullet Force
Counter Strike ဂိမ်းကို ငယ်ငယ်တုန်းက အသည်းစွဲခဲ့တယ်ဆိုရင်တော့ ဒီဂိမ်းဟာ သင့်အတွက် မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဂိမ်းတစ်ခုဖြစ်လာပါလိမ့်မယ်။ Online FPS Game တစ်မျိုးဖြစ်ပြီး Solo ပဲဖြစ်ဖြစ် အဖွဲ့လိုက်ပဲဖြစ်ဖြစ် ဆော့ကစားနိုင်ပါတယ်။ နေ့စဉ် ကမ္ဘာတစ်ဝှမ်းမှ Player အမြောက်အများရှိနေပြိး သင့်အနေနဲ့ ငယ်ဘဝကိုအမှတ်ရလို့ လက်တည့်စမ်းချင်တယ်ဆိုရင်တော့ အချိန်ဆိုင်းမနေပဲ အမြန်ဆုံးဝင်ရောက်ဆော့ကစားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။

Download Bullet Force via Play Store

Downlaod Bullet Force via App Store for iOS

5.Marvel Contest of Champion
သင်ဟာ Marvel Fans တစ်ယောက်ဆိုရင်တော့ ဒီဂိမ်းကိုသဘောကျမှာသေချာပါတယ်။ Versus Gaming အမျိုးအစားဖြစ်ပြီး Marvel ရဲ့ Hero အချင်းချင်း ဒါမှမဟုတ် ဗီလိန်တွေနဲ့ပဲဖြစ်ဖြစ် ယှဉ်ပြိုင်တိုက်ခိုက်ဆော့ကစားရမယ့်ဂိမ်းပါ။ Character တစ်ခုချင်းစီရဲ့ အားချက်အားနည်းချက်တွေကို ဆော့ချိန်ကြာလာတာနဲ့အမျှ သဘောပေါက်နားလည်လာပြီး ပြိုင်ဘက်ကို ဘယ်လိုကောင်းကောင်းအနိုင်ယူရမလဲဆိုတာသိရှိနားလည်လာမှာဖြစ်ပါတယ်။ စမ်းသပ်ကစားကြည့်လိုတယ်ဆိုရင်တော့ သက်ဆိုင်ရာ App Store မှတဆင့် Download ရယူဆော့ကစားနိုင်ပါတယ်။

Download Marvel Contest of Champion Via Play Store
Download Marvel Contest of Champion Via App Store for iOS

Phone Hay Ko (Akhayar)
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။