[Zawgyi]

အႏုပညာရွင္မ်ားကို ဝိုင္းဝန္းခ်စ္ခင္အားေပးကာ ဖြဲ႔စည္းထားၾကသည့္ We Love Facebook Group မ်ားမွ ပရိသတ္မ်ားေၾကာင့္ အႏုပညာရွင္အခ်င္းခ်င္း အားနာေနရတယ္လို႔ ဒါရိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)က ေျပာဆိုလိုက္ပါတယ္။

ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္) ရိုက္ကူးမယ့္ ႏွင္းဆီစီးခ်င္း ဇာတ္ကားနဲ႔ပတ္သက္ၿပီး ပါဝင္သ႐ုပ္ေဆာင္မယ့္ မင္းသား(၅)ေယာက္ရဲ႕ We Love Fans Group မ်ားအၾကား မိမိအားေပးသည့္ သရုပ္ေဆာင္တစ္ဦးႏွင့္ တစ္ဦးႏႈိင္းယွဥ္၍ ေဝဖန္ေျပာဆိုမႈမ်ား ထြက္ေပၚလာတဲ႔အေပၚ ေမာင္မ်ိဳးမင္းက ေျပာဆိုလိုက္ျခင္းျဖစ္ပါတယ္။

“ကြၽန္ေတာ့္ဇာတ္ကားျဖစ္တဲ့ Rose Rider ဇာတ္ကားမွာ ပါဝင္ၾကတဲ့ မင္းသားေတြကိုခ်စ္တဲ့ We Love Group ေတြေၾကာင့္ အခက္ေတြ႔ေစရပါတယ္။ အခုဇာတ္ကားမွာပါဝင္ၾကတဲ့ မင္းသား(၅)ေယာက္ကိစၥကို ႐ွင္းခ်င္ပါတယ္။ အားလံုးကို မွ်မွ်တတပါပဲ။ ဟိုးတုန္းက လြင္မိုးနဲ႔ လူမင္း၊ ေက်ာ္ဟိန္းနဲ႔ ေက်ာ္ရဲေအာင္၊ ေက်ာ္ရဲေအာင္နဲ႔ ေဒြး၊ လြင္မိုးနဲ႔ ေက်ာ္ရဲေအာင္ တြဲရိုက္ခဲ့တာေတြရိွပါတယ္။ အၿပိဳင္အဆိုင္ေတြလုပ္ၾက၊ အိုက္တင္ေတြျပၾကနဲ႔ေပါ့။ အရမ္းၾကည့္လို႔ေကာင္းခဲ့တယ္။ အဲ့လိုပဲ သူသာတယ္။ ငါသာတယ္ဆိုတာမ်ိဳး မရိွခဲ့ၾကဘူး။ အခုက We love ေတြေၾကာင့္ အဆင္မေျပျဖစ္ရတယ္။ သူမင္းသားက ပါဝင္တဲ့ ဇာတ္ဝင္ခန္းနည္းသြားတယ္။ ငါ့မင္းသားကလည္း နည္းသြားလို႔ဆိုတာ ရိွေန၊ ေျပာေနၾကတယ္။ ဒါ႐ိုက္တာကိုလည္း ဇာတ္အေပၚ အျပစ္ေျပာၾကတယ္။ ဘယ္သူ႔အေပၚမွ မူမတည္ပါဘူး။ အဲ့လိုပဲ မင္းသားေတြဟာ ဇာတ္ကားမရိုက္ခင္၊ မထြက္ခင္ကတည္းက ဇာတ္ၫြန္းေတြကို ေက်နပ္ေအာင္ဖတ္ထားၿပီးသား။ လက္ခံၿပီးသားပါ။ ေက်နပ္မွ ရိုက္ၾကတာပါ။ အဲ့ဒါကို သူတို႔က ဝိုင္းေျပာၾကတာနဲ႔ပဲ မင္းသားေတြတစ္ေယာက္နဲ႔တစ္ေယာက္ အားနာေနၾကရတယ္”လို႔ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)က ေျပာပါတယ္။

အႏုပညာရွင္တစ္ဦး၊ တစ္ေယာက္ကုိ အားေပးတဲ႔အေနနဲ႔ ဖြဲ႔စည္းထားတဲ႔ We Love Facebook Group ေတြဟာ အႏုပညာရွင္အခ်င္းခ်င္း ရန္တုိက္ေပးတဲ႔အသံုးအႏႈန္းေတြကလည္း ရွိေနတယ္လို႔ ေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)က ဆက္ေျပာပါတယ္။

“အဲ့လူေတြကို ၾကည့္ၾကည့္လိုက္၊ ေျပတီဦးထဲမွာလည္း ရိွေနတယ္။ ေအာင္ရဲလင္းထဲမွာလည္း ရိွေနတာပါပဲ။ အမွန္က သူတို႔ေတြဟာ အားေနၾကသူေတြပါပဲ။ ဒါက အႏုပညာရွင္အခ်င္းခ်င္းကို ရန္တိုက္ေပးၾကတာပါ။ အရင္တုန္းက အဲ့လိုေတြမရိွခဲ့ဖူးဘူး၊ အဲ့တုန္းကလည္း ေဖ့စ္ဘြတ္ေတြ မရိွခဲ႔တာလည္းပါပါတယ္။ အခုက အႏုပညာၿပိဳင္ပြဲမဟုတ္ပါဘူး။ ျပပြဲပါ။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔ဟာ ဘယ္သူသာတယ္ ဘယ္သူနာတယ္ဆိုတာ မရိွပါဘူး”လို႔ ေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္)က ေျပာဆိုလိုက္ပါတယ္။

ရုပ္ရွင္ဇာတ္ကားေတြ ထြက္ရိွလာပါက ပထမဆံုးရံုတင္ျပသတဲ႔ သမၼတရံုတြင္လည္း ဇာတ္ကားၿပီးပါက သရုပ္ေဆာင္မ်ား၏ We Love Facebook Group အဖြဲ႔ဝင္မ်ားက ႀကိတ္ႀကိတ္တိုးအားေပးျခင္းမ်ား၊ အတူတြဲဖက္ ဓာတ္ပံုရိုက္ကူးၾကျခင္းမ်ား၊ လာေရာက္မိတ္ဆက္ၾကျခင္းမ်ားေၾကာင့္ သတင္းလာေရာက္ယူၾကရတဲ့ အႏုပညာသတင္းသမားမ်ားအေနနဲ႔ အဆင္မေျပျဖစ္ခဲ့မႈမ်ားလည္း ႀကံဳေတြ႔ခဲ့ရသလို တခ်ိဳ႕ေသာ အႏုပညာရွင္မ်ားကလည္း စိတ္ကသိကေအာက္ျဖစ္ခဲ့ရတယ္လို႔ သိရပါတယ္။

HGID_KV_Ads_Square

www.akhayar.com

[Unicode]

နုပညာရှင်များကို ဝိုင်းဝန်းချစ်ခင်အားပေးကာ ဖွဲ့စည်းထားကြသည့် We Love Facebook Group များမှ ပရိသတ်များကြောင့် အနုပညာရှင်အချင်းချင်း အားနာနေရတယ်လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောဆိုလိုက်ပါတယ်။

ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးမယ့် နှင်းဆီစီးချင်း ဇာတ်ကားနဲ့ပတ်သက်ပြီး ပါဝင်သရုပ်ဆောင်မယ့် မင်းသား(၅)ယောက်ရဲ့ We Love Fans Group များအကြား မိမိအားပေးသည့် သရုပ်ဆောင်တစ်ဦးနှင့် တစ်ဦးနှိုင်းယှဉ်၍ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာတဲ့အပေါ် မောင်မျိုးမင်းက ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

“ကျွန်တော့်ဇာတ်ကားဖြစ်တဲ့ Rose Rider ဇာတ်ကားမှာ ပါဝင်ကြတဲ့ မင်းသားတွေကိုချစ်တဲ့ We Love Group တွေကြောင့် အခက်တွေ့စေရပါတယ်။ အခုဇာတ်ကားမှာပါဝင်ကြတဲ့ မင်းသား(၅)ယောက်ကိစ္စကို ရှင်းချင်ပါတယ်။ အားလုံးကို မျှမျှတတပါပဲ။ ဟိုးတုန်းက လွင်မိုးနဲ့ လူမင်း၊ ကျော်ဟိန်းနဲ့ ကျော်ရဲအောင်၊ ကျော်ရဲအောင်နဲ့ ဒွေး၊ လွင်မိုးနဲ့ ကျော်ရဲအောင် တွဲရိုက်ခဲ့တာတွေရှိပါတယ်။ အပြိုင်အဆိုင်တွေလုပ်ကြ၊ အိုက်တင်တွေပြကြနဲ့ပေါ့။ အရမ်းကြည့်လို့ကောင်းခဲ့တယ်။ အဲ့လိုပဲ သူသာတယ်။ ငါသာတယ်ဆိုတာမျိုး မရှိခဲ့ကြဘူး။ အခုက We love တွေကြောင့် အဆင်မပြေဖြစ်ရတယ်။ သူမင်းသားက ပါဝင်တဲ့ ဇာတ်ဝင်ခန်းနည်းသွားတယ်။ ငါ့မင်းသားကလည်း နည်းသွားလို့ဆိုတာ ရှိနေ၊ ပြောနေကြတယ်။ ဒါရိုက်တာကိုလည်း ဇာတ်အပေါ် အပြစ်ပြောကြတယ်။ ဘယ်သူ့အပေါ်မှ မူမတည်ပါဘူး။ အဲ့လိုပဲ မင်းသားတွေဟာ ဇာတ်ကားမရိုက်ခင်၊ မထွက်ခင်ကတည်းက ဇာတ်ညွန်းတွေကို ကျေနပ်အောင်ဖတ်ထားပြီးသား။ လက်ခံပြီးသားပါ။ ကျေနပ်မှ ရိုက်ကြတာပါ။ အဲ့ဒါကို သူတို့က ဝိုင်းပြောကြတာနဲ့ပဲ မင်းသားတွေတစ်ယောက်နဲ့တစ်ယောက် အားနာနေကြရတယ်”လို့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြောပါတယ်။

အနုပညာရှင်တစ်ဦး၊ တစ်ယောက်ကို အားပေးတဲ့အနေနဲ့ ဖွဲ့စည်းထားတဲ့ We Love Facebook Group တွေဟာ အနုပညာရှင်အချင်းချင်း ရန်တိုက်ပေးတဲ့အသုံးအနှုန်းတွေကလည်း ရှိနေတယ်လို့ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ဆက်ပြောပါတယ်။

“အဲ့လူတွေကို ကြည့်ကြည့်လိုက်၊ ပြေတီဦးထဲမှာလည်း ရှိနေတယ်။ အောင်ရဲလင်းထဲမှာလည်း ရှိနေတာပါပဲ။ အမှန်က သူတို့တွေဟာ အားနေကြသူတွေပါပဲ။ ဒါက အနုပညာရှင်အချင်းချင်းကို ရန်တိုက်ပေးကြတာပါ။ အရင်တုန်းက အဲ့လိုတွေမရှိခဲ့ဖူးဘူး၊ အဲ့တုန်းကလည်း ဖေ့စ်ဘွတ်တွေ မရှိခဲ့တာလည်းပါပါတယ်။ အခုက အနုပညာပြိုင်ပွဲမဟုတ်ပါဘူး။ ပြပွဲပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ဘယ်သူသာတယ် ဘယ်သူနာတယ်ဆိုတာ မရှိပါဘူး”လို့ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောဆိုလိုက်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေ ထွက်ရှိလာပါက ပထမဆုံးရုံတင်ပြသတဲ့ သမ္မတရုံတွင်လည်း ဇာတ်ကားပြီးပါက သရုပ်ဆောင်များ၏ We Love Facebook Group အဖွဲ့ဝင်များက ကြိတ်ကြိတ်တိုးအားပေးခြင်းများ၊ အတူတွဲဖက် ဓာတ်ပုံရိုက်ကူးကြခြင်းများ၊ လာရောက်မိတ်ဆက်ကြခြင်းများကြောင့် သတင်းလာရောက်ယူကြရတဲ့ အနုပညာသတင်းသမားများအနေနဲ့ အဆင်မပြေဖြစ်ခဲ့မှုများလည်း ကြုံတွေ့ခဲ့ရသလို တချို့သော အနုပညာရှင်များကလည်း စိတ်ကသိကအောက်ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

HGID_KV_Ads_Square

www.akhayar.com