(Zawgyi)
*****DOWNLOAD *****
(Unicode)
ကဲ Akhayar ပရိတ်သတ်ကြီးတွေထဲမှာ အများစုကြုံတွေ့ရတဲ့ Xiaomi ဖုန်းတွေရဲ့ Google play store error အဆင်ပြေအောင် ဖြေရှင်းနိုင်မဲ့နည်းလေးတင်ပေးလိုက်ပါတယ်။မဖြေရှင်းခင်ဘာလို့ Google play servie error တက်လဲဆိုတဲ့မေးခွန်းကလဲ မေးချင်စရာပါ။ အဓိက Xiaomi ဖုန်းတွေမှာ ရှိတဲ့ Rom (သို့မဟုတ်) Firmware ကြောင့်လို့ပဲပြောရမှာပါ။အများအားဖြင့် Xiaomi ဖုန်းတွေမှာ Rom နှစ်မျိုးနဲ့လာလေ့ရှိပါတယ်။ အဲ့ Rom တွေက တော့ China Rom နဲ့ Global Rom တို့ဖြစ်ပါတယ်။
အဲ့နှစ်ခုရဲ့ ခွဲခြားပုံလေးကလဲ အရမ်းကိုလွယ်ကူပါတယ်။ သင့်ရဲ့ ဖုန်းကို power စဖွင့်လိုက်ပြီဆိုတာနဲ့ China App တွေ Built In ပါနေပြီဆိုရင်တော့ သေချာပါတယ် သင် China Rom နဲ့ လာတဲ့ဖုန်းတစ်လုံးကို သင့်လက်ထဲမှာ ကိုင်ဆောင်ထားရပါပြီ။ Global Rom နဲ့လာတဲ့ဖုန်းအများစု ကတော့ Google App တွေကို Built In အနေနဲ့ကိုမြင်နေရပါလိမ့်မယ်။
အခြား Rom ခွဲနည်းတွေကတော့ အများကြီးပါပဲ အခုနည်းလေးကတော့ သာမာန် User အနေနဲ့ အင်မတန်မှကို ရိုးရှင်းတဲ့ခွဲခြားနည်း တစ်ခုပါပဲ။ဒါကြောင့် China Rom တွေမှာ ပုံမှန်အားဖြင့် Google Access ရရှိအောင် Google App (သို့မဟုတ်) Google Framework တွေကို သက်သက် install လုပ်ပေးမှပဲ Google Access ရရှိမှာဖြစ်ပါတယ်။
အဲ့တော့ Google play service error ကို ဘယ်လိုဖြေရှင်းကြမယ်ဆိုတဲ့အဆင့်လေးတွေကို သွားလိုက်ကြရအောင်။
၁။ ပထမဆုံးအနေနဲ့ အောက်က ပေးထားတဲ့ link မှာ Google Installer apk လေးကို ဒေါင်းလုဒ်ရယူပါ။
Google Installer apk အား ဒေါင်းလုဒ်ရယူရန်
*****DOWNLOAD *****
၂။ ပြီးရင် ဖုန်းထဲကို Install လုပ်ပါ။ Install ပြီးရင် ဖွင့်လိုက်ပါ။တပြိုင်တည်း အင်တာနက်ပါ ဖွင့်ထားဖို့ လိုပါတယ်။
၃။ ပုံထဲကအတိုင်း အောက်ဆုံးနားလေးက တရုတ်စာနဲ့အပြာရောင်အဝိုင်းကြီးကို နှိပ်ပါ။ အခြေခံလိုအပ်တဲ့ Google app ခြောက်ခုကို ဒေါင်းလုဒ်ပြုလုပ်သွားပါလိမ့်မယ်။ထိုအချိန်မှာ သင့်ဖုန်းက Internet Acess ရရှိနေမှသာလျင်အဆင်ပြေနိုင်ပါလိမ့်မယ်။
၄။ တစ်ခုဒေါင်းလုဒ်လုပ်ပြီးတိုင်း မိမိဘာသာမိမိ တစ်ခါ Install ပြုလုပ်ရပါတယ်။ Install လုပ်ပြီးတိုင်း Open ကိုမနှိပ်ဘဲ Done ကိုပဲနှိပ်ပေးပါ။ ခြောက်ခုစလုံး ဒေါင်းလို့ သွင်းလို့မပြီးသေးဘဲ App ထဲကနေမထွက်ပါနဲ့။ MIUI ရဲ့ Background process kill လုပ်တဲ့ Process ကြောင့် app ပြန်ပြီး အစကပြန်သွင်းရတတ်လို့ပါ။ ခြောက်ခုစလုံးသွင်းပြီးမှ ထွက်ပါ။
၅။ ပြီးရင် Play store ကိုအရင်ဖွင့်ပါ။ Account Login ဝင်ဖို့ အတွက် Loading လုပ်နေပါလိမ့်မယ်။ ပထမဆုံးအကြိမ်က နည်းနည်းကြာတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။ နည်းနည်းကြာရင် Account Login ဝင်ဖို့ပေါ်လာပါလိမ့်မယ်။ Login process ပြီးသွားရင် Play store နဲ့ Play services ကို Background ကနေ Auto Update လုပ်ပါလိမ့်မယ်။ PlayStore က စဖွင့်ဖွင့်ချင်းကပုံစံမဟုတ်ဘဲ အောက်ကအတိုင်း ပုံစံပြောင်းသွားရင် Google service တွေထည့်သွင်းတာ ပြီးပါပြီ။
:INVOKER