လက်ရှိ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အေဂျက်စ်အသင်းရဲ့ ကစားသမားတွေဟာ ထိပ်တန်းအသင်းကြီးတိုင်းလိုလိုရဲ့ ပစ်မှတ်ကစားသမားတွေ ဖြစ်နေပါတယ်။ ဒီအနေအထားကြောင့် အေဂျက်စ်အသင်းဟာ သူတို့ရဲ့ကစားသမားတွေကို ဆုံးရှုံးရဖို့က ရာခိုင်နှုန်းများနေပြီး ဒီကစားသမားတွေရဲ့ အပြောင်းအရွှေ့ကနေလည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ရဖို့ရှိနေပါတယ်။ အားလုံးသိတဲ့ အတိုင်း အေဂျက်စ်အသင်းဟာလည်း ကစားသမားတွေကို ကြိုက်ဈေးရရင် လက်မတွန့်တမ်းရောင်းတတ်တဲ့ အကျင့်ရှိနေတာကြောင့် ကစားသမား အပြောင်းအရွှေ့ကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ရလေ့ရှိတဲ့ အသင်းပဲဖြစ်ပါတယ်။ အခု ဒီ Article မှာတော့ အေဂျက်စ်အသင်းကနေ အသင်းရဲ့စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Justin Kluivert – £15.53 million to AS Roma

နယ်သာလန်နာမည်ကျော် တိုက်စစ်မှူး ပက်ထရစ် ကလွိုက်ဗက် Patrick Kulivert ရဲ့သား ဂျက်စတင် ကလွိုက်ဗက် Justin Kluivert ဟာ အေဂျက်စ်အသင်းကနေ ထွက်ပေါ်လာတဲ့ ကြယ်ပွင့် ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ဂျက်စတင် ကလွိုက်ဗက် ကို အလားအလာရှိတဲ့ လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားကြပေမယ့် အဖေခြေရာကိုနင်းနိုင်ဖို့ကတော့ ထင်သလောက်သိပ်မလွယ်ဘူးလို့ ပြောရမှာပါ။ ဂျက်စတင် ကလွိုက်ဗက် ဟာ အေဂျက်စ်အသင်းကနေ ရိုးမားအသင်းကို ပေါင်(၁၅.၅၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

Blind – £15.75 million to Manchester United

လက်ရှိ အေဂျက်စ်အသင်းရဲ့ ခံစစ်မှာ ခြေစွမ်းကောင်းတွေကို ပြသနေတဲ့ ဘလင်း Blind ကလည်း ဒီစာရင်းမှာ အပါအ၀င်ပါပဲ။ ဘလင်းဟာ အေဂျက်စ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့ပြီး မန်ယူအသင်းကနေ အသင်းဟောင်း အေဂျက်စ်အသင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အေဂျက်စ်အသင်းကနေ မန်ယူအသင်းကို ဘလင်းဟာ ပေါင်(၁၅.၇၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Chivu – £16.2 million to AS Roma

ရိုးမား ၊ အင်တာမီလန်အသင်းတွေမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ ချီဗူး Chivu ကို ပရိသတ်တွေ အမှတ်ရနေဦးကြမှာပါ။ ချီဗူး ဟာ အေဂျက်စ်အသင်းမှာ ကစားတုန်းကလည်း အောင်မြင်မှုတွေရရှိခဲ့သူဖြစ်ပါတယ်။ ကစားသမားဘ၀ တစ်ဆင့်မြင့်တက်ဖို့အတွက် ချီဗူး ဟာ အေဂျက်စ်အသင်းကို စွန့်ခွာပြီး ရိုးမားအသင်းကိုပြောင်းရွှေ့တုန်းက ပြောင်းရွှေ့ကြေးပေါင်(၁၆.၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Suarez – £23.85 million to Liverpool

ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှူး ဆွာရက်ဇ် Suarez ဟာလည်း ဒီစာရင်းမှာ ပါဝင်နေပါတယ်။ အေဂျက်စ်အသင်းကနေ ဆွာရက်ဇ် ဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ကြေးပေါင်(၂၃.၈၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် ဒီစာရင်းထဲမှာ ပါဝင်လာတာဖြစ်ပြီး အပြောင်းအရွှေ့ကလည်း အောင်မြင်တဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ခဲ့ပါတယ်။

Sneijder – £24.3 million to Real Madrid

အေဂျက်စ်အသင်းဟာ နယ်သာလန်နာမည်ကျော် ကစားသမားများစွာကို မွေးထုတ်ပေးနိုင်ခဲ့တာကြောင့် ဒီစာရင်းမှာ ဆနိုက်ဒါ Sneijder ပါဝင်နေတာ သိပ်မဆန်းဘူးလို့ ပြောရမှာပါ။ ဆနိုက်ဒါ ဟာ ကစားခဲ့တဲ့ အသင်းတိုင်းလိုလိုနဲ့ ချန်ပီယံဆုဖလားတွေကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ အေဂျက်စ်အသင်းကနေ ရီးယဲလ်အသင်းကို ပေါင်(၂၄.၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့နဲ့ ဆနိုက်ဒါ ဟာ ပါဝင်နေတာဖြစ်ပါတယ်။

အခု ပရိသတ်တွေအတွက် အေဂျက်စ်အသင်းကနေ စံချိန်တင်ကြေးနဲ့ အသင်းပြောင်းရွှေ့ခဲ့တဲ့ ကစားသမား(၅)ဦးကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး နောက်ထပ်(၅)ဦးကို ဖော်ပြပေးသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး …

Ref: Sportskeeda
Photo: SPORTbible , manU.club , FedeNerazzurra , The Kop Times , www.ajax.nl
Ko Kyue(Akhayar)
www.akhayar.com