လက်ရှိ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ အေဂျက်စ်အသင်းရဲ့ ကစားသမားတွေဟာ ထိပ်တန်းအသင်းကြီးတိုင်းလိုလိုရဲ့ ပစ်မှတ်ကစားသမားတွေ ဖြစ်နေပါတယ်။ ဒီအနေအထားကြောင့် အေဂျက်စ်အသင်းဟာ သူတို့ရဲ့ကစားသမားတွေကို ဆုံးရှုံးရဖို့က ရာခိုင်နှုန်းများနေပြီး ဒီကစားသမားတွေရဲ့ အပြောင်းအရွှေ့ကနေလည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ရဖို့ရှိနေပါတယ်။ အားလုံးသိတဲ့ အတိုင်း အေဂျက်စ်အသင်းဟာလည်း ကစားသမားတွေကို ကြိုက်ဈေးရရင် လက်မတွန့်တမ်းရောင်းတတ်တဲ့ အကျင့်ရှိနေတာကြောင့် ကစားသမား အပြောင်းအရွှေ့ကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေ ရလေ့ရှိတဲ့ အသင်းပဲဖြစ်ပါတယ်။ အခု ဒီ Article မှာတော့ အေဂျက်စ်အသင်းကနေ အသင်းရဲ့စံချိန်တင်ကြေးနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Klaassen – £24.3 million to Everton

အေဂျက်စ်အသင်းခေါင်းဆောင်ဟောင်း ကွင်းလယ်တိုက်စစ်ကစားသမား ကလာဆန် Klaassen ဟာ အေဂျက်စ်အသင်းနဲ့ အမှတ်ပေးချန်ပီယံဆုကို (၃)နှစ်ဆက်ရယူနိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ကလာဆန် ဟာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အဲဗာတန်အသင်းကို ပေါင်(၂၄.၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ဒီအပြောင်းအရွှေ့ကြောင့်ပဲ အခုလို ဒီစာရင်းထဲမှာပါဝင်လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ကလာဆန် ဟာ အဲဗာတန်အသင်းမှာတော့ ရုန်းကန်ခဲ့ရပြီး တစ်ရာသီသာခံခဲ့ပါတယ်။

Huntelaar – £24.3 million to Real Madrid

ဒီရာသီ အေဂျက်စ်အသင်းအတွက် သွင်းဂိုး(၂၃)ဂိုးထိ သွင်းယူပေးခဲ့တဲ့ ၀ါရင့်တိုက်စစ်မှူး ဟန်တယ်လာ Huntelaar ဟာ အေဂျက်စ်အသင်းနဲ့ ဘောလုံးလောကမှာ စတင် တောက်ပလာခဲ့သူဖြစ်ပါတယ်။ ရီးယဲလ် ၊ အေစီမီလန် ၊ ရှော်လ်ကေးအသင်းတွေနဲ့ ကစားသမားဘ၀ကို ဖြတ်သန်းအပြီးမှာ ဟန်တယ်လာ ဟာ အေဂျက်စ်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဟန်တယ်လာ ဟာ သူ့ရဲ့ကစားသမားဘ၀ အကောင်းဆုံး အချိန်တွေတုန်းက ကစားသမားဘ၀ နောက်တစ်ဆင့်ကို ထပ်တက်နိုင်ဖို့အတွက် အေဂျက်စ်အသင်းကို စွန့်ခွာခဲ့ပြီး ရီးယဲလ်အသင်းကို ပေါင်(၂၄.၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာကြောင့် ဒီစာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။

Milik – £28.80 million to Napoli

မီလစ် Milik ကတော့ ဒဏ်ရာပြဿနာ ကင်းစင်နေရင် ရာသီတိုင်းလိုလို ခြေစွမ်းပြနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း မီလစ် ဟာ လက်ရှိအချိန်ထိ နာပိုလီအသင်းအတွက် ဂိုး(၂၀)သွင်းယူပေးထားပါတယ်။ အေဂျက်စ်အသင်းမှာ ကစားတုန်းကလည်း မီလစ် ဟာ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့ပြီး အေဂျက်စ်အသင်းကနေ နာပိုလီအသင်းကို ပေါင်(၂၈.၈၀)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Davinson Sanchez – £36 million to Tottenham Hotspur

ဒါဗင်ဆင်ဆန်းချက်ဇ် Davinson Sanchez ကတော့ အေဂျက်စ်အသင်းမှာ တစ်ရာသီသာ ကစားခဲ့တာပါ။ အဲဒီရာသီမှာ ဒါဗင်ဆင်ဆန်းချက်ဇ် ဟာ အေဂျက်စ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပြီး နောက်ရာသီမှာတော့ စပါးအသင်းကို ပေါင်(၃၆)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

Frenkie de Jong – £67.5 million to Barcelona

ဒီစာရင်းရဲ့ ထိပ်ဆုံးမှာကတော့ နယ်သာလန် လူငယ်ကွင်းလယ်လူ ဒီယွန်း Frenkie de Jong က ရှိနေပါတယ်။ ဒီယွန်း ဟာ ဘာစီလိုနာအသင်းကို ပေါင်(၆၇.၅)သန်းနဲ့ ပြောင်းရွှေ့မှာဖြစ်ပြီး သိပ်မကြာခင် အချိန်အတွင်းမှာ အသင်းနဲ့ တရားဝင်ပူးပေါင်းသွားမှာဖြစ်ပါတယ်။

အေဂျက်စ်အသင်းကနေ စံချိန်တင်ကြေးနဲ့ အသင်းပြောင်းရွှေ့ခဲ့သူများ အပိုင်း(၁)ဖတ်ရန်လင်ခ့်

Ref: Sportskeeda
Photo: De Telegraaf , Evening Standard , Ninety Minutes Online , Stadium Astro , The Sun
Ko Kyue(Akhayar)
www.akhayar.com