[Zawgyi]

ခ်န္ပီယံလိဂ္မွာ ေျခစစ္ပဲြေအာင္ျမင္ဖုိ႔ အေျခအေနေကာင္းသြားတဲ့ PSV နဲ႔ ေအဂ်က္စ္

၂၀၁၈-၁၉ ရာသီ ခ်န္ပီယံလိဂ္ေျခစစ္ပဲြ Play Off အဆင့္ ပထမအေက်ာ႔ပဲြေတြ အၿပီးမွာေတာ့ နယ္သာလန္ ထိပ္သီးႏွစ္သင္းျဖစ္တဲ့ PSV နဲ႔ ေအဂ်က္စ္အသင္းတို႔ ေျခစစ္ပဲြေအာင္ဖုိ႔ နီးစပ္သြားပါၿပီ။ PSV အသင္းဟာ ဘီလာ႐ုစ္ကလပ္ BATE အသင္းကုိ အေ၀းကြင္းမွာ အႀကိတ္အနယ္ကစားၿပီးမွ တိုက္စစ္မွဴး မာလန္ Malen ရဲ႕ ေနာက္က်ဂုိးေၾကာင့္ (၃-၂)ဂုိးနဲ႔ အႏုိင္ရခဲ့တာျဖစ္ပါတယ္။ PSV အသင္းအေနနဲ႔ အေ၀းကြင္းမွာ ႏုိင္ပဲြရခဲ့တဲ့အျပင္ ဂုိးေတြလည္း သြင္းယူခဲ့လုိ႔ ဒုတိယအေက်ာ႔က်ရင္ သေရ ဒါမွမဟုတ္ (၁-၀)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ရင္ေတာင္ ေျခစစ္ပဲြ ေအာင္ပါၿပီ။

PSV-Players-Celebrate

PSV-Players-Celebrate

ေအဂ်က္စ္အသင္းကလည္း ယူကရိန္းထိပ္သီး ဒုိင္နမုိကိဗ္အသင္းကုိ အိမ္ကြင္းမွာ (၃-၁)ဂုိးနဲ႔ အႏုိင္ယူၿပီး ေျခစစ္ပဲြေအာင္ဖုိ႔ အခြင့္အေရးေကာင္းတစ္ခုကုိ ရယူႏုိင္ခဲ့တယ္။ ေအဂ်က္စ္အသင္းအတြက္ ဂုိးေတြကုိ Van de Beek ၊ Ziyech ၊ Tadić တို႔က သြင္းယူခဲ့ၿပီး ဒုိင္နမုိကိဗ္အသင္းရဲ႕ ေျခစစ္ပဲြေအာင္ျမင္ဖုိ႔ ေမွ်ာ္လင့္ခ်က္ ပါးပါးေလးအတြက္ Kędziora က အေ၀းဂုိး သြင္းယူခဲ့တာပါ။ ဒုိင္နမုိကိဗ္အသင္းဟာ ေျခစစ္ပဲြေအာင္ဖုိ႔ဆုိရင္ အိမ္ကြင္းမွာ (၂)ဂုိးနဲ႔အထက္ သြင္းရမွာျဖစ္သလုိ ဂုိးမေပးရေအာင္လည္း ဂ႐ုစုိက္ကစားရမွာျဖစ္ပါတယ္။ က်န္တဲ့ပဲြေတြမွာ AEK ေအသင္အသင္း အေ၀းကြင္းမွာ ႏုိင္ပဲြရယူခဲ့ၿပီး ဘင္ဖီကာ၊ ဆာလ္ဘာ့ဂ္၊ ဒုိင္နမုိဇာဂရက္ အသင္းတို႔ကေတာ့ သေရရလဒ္သာ ရရွိခဲ့တယ္။ ခ်န္ပီယံလိဂ္ Play Off ေျခစစ္ပဲြ ဒုတိယအေက်ာ႔ကုိ ၾသဂုတ္(၂၈၊ ၂၉)ရက္ေတြမွာ ဆက္ကစားၾကမွာျဖစ္လုိ႔ ဘယ္သူေတြ ေနာက္တစ္ဆင့္တက္မလဲဆုိတာ ေစာင့္ၾကည့္လုိက္ရေအာင္ . . .

ခ်န္ပီယံလိဂ္ Play Off ေျခစစ္ပဲြ ရလဒ္မ်ား
Crvena Zvezda 0 – 0 Salzburg
BATE 2 – 3 PSV
Benfica 1 – 1 PAOK
Young Boys 1 – 1 Dinamo Zagreb
Vidi 1 – 2 AEK Athens
Ajax 3 – 1 Dynamo Kyiv

REF:Wikipedia
Photo:Football Oranje,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်မှာ ခြေစစ်ပွဲအောင်မြင်ဖို့ အခြေအနေကောင်းသွားတဲ့ PSV နဲ့ အေဂျက်စ်

၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ခြေစစ်ပွဲ Play Off အဆင့် ပထမအကျော့ပွဲတွေ အပြီးမှာတော့ နယ်သာလန် ထိပ်သီးနှစ်သင်းဖြစ်တဲ့ PSV နဲ့ အေဂျက်စ်အသင်းတို့ ခြေစစ်ပွဲအောင်ဖို့ နီးစပ်သွားပါပြီ။ PSV အသင်းဟာ ဘီလာရုစ်ကလပ် BATE အသင်းကို အဝေးကွင်းမှာ အကြိတ်အနယ်ကစားပြီးမှ တိုက်စစ်မှူး မာလန် Malen ရဲ့ နောက်ကျဂိုးကြောင့် (၃-၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ PSV အသင်းအနေနဲ့ အဝေးကွင်းမှာ နိုင်ပွဲရခဲ့တဲ့အပြင် ဂိုးတွေလည်း သွင်းယူခဲ့လို့ ဒုတိယအကျော့ကျရင် သရေ ဒါမှမဟုတ် (၁-ဝ)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရင်တောင် ခြေစစ်ပွဲ အောင်ပါပြီ။

PSV-Players-Celebrate

PSV-Players-Celebrate

အေဂျက်စ်အသင်းကလည်း ယူကရိန်းထိပ်သီး ဒိုင်နမိုကိဗ်အသင်းကို အိမ်ကွင်းမှာ (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ခြေစစ်ပွဲအောင်ဖို့ အခွင့်အရေးကောင်းတစ်ခုကို ရယူနိုင်ခဲ့တယ်။ အေဂျက်စ်အသင်းအတွက် ဂိုးတွေကို Van de Beek ၊ Ziyech ၊ Tadić တို့က သွင်းယူခဲ့ပြီး ဒိုင်နမိုကိဗ်အသင်းရဲ့ ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက် ပါးပါးလေးအတွက် Kędziora က အဝေးဂိုး သွင်းယူခဲ့တာပါ။ ဒိုင်နမိုကိဗ်အသင်းဟာ ခြေစစ်ပွဲအောင်ဖို့ဆိုရင် အိမ်ကွင်းမှာ (၂)ဂိုးနဲ့အထက် သွင်းရမှာဖြစ်သလို ဂိုးမပေးရအောင်လည်း ဂရုစိုက်ကစားရမှာဖြစ်ပါတယ်။ ကျန်တဲ့ပွဲတွေမှာ AEK အေသင်အသင်း အဝေးကွင်းမှာ နိုင်ပွဲရယူခဲ့ပြီး ဘင်ဖီကာ၊ ဆာလ်ဘာ့ဂ်၊ ဒိုင်နမိုဇာဂရက် အသင်းတို့ကတော့ သရေရလဒ်သာ ရရှိခဲ့တယ်။ ချန်ပီယံလိဂ် Play Off ခြေစစ်ပွဲ ဒုတိယအကျော့ကို သြဂုတ်(၂၈၊ ၂၉)ရက်တွေမှာ ဆက်ကစားကြမှာဖြစ်လို့ ဘယ်သူတွေ နောက်တစ်ဆင့်တက်မလဲဆိုတာ စောင့်ကြည့်လိုက်ရအောင် . . .

ချန်ပီယံလိဂ် Play Off ခြေစစ်ပွဲ ရလဒ်များ
Crvena Zvezda 0 – 0 Salzburg
BATE 2 – 3 PSV
Benfica 1 – 1 PAOK
Young Boys 1 – 1 Dinamo Zagreb
Vidi 1 – 2 AEK Athens
Ajax 3 – 1 Dynamo Kyiv

REF:Wikipedia
Photo:Football Oranje,Goal.com
Naing Linn(Akhayar)
www.akhayar.com