[Zawgyi]

Menu ေတြေစ်းတဝက္ခ်တုန္း သြားကိုသြားရမယ့္ ဗိုလ္တေထာင္က မိုက္လြန္းတဲ႔ Bar

ညေနဘက္ေတြဆို ေအးေအးေဆးေဆး ၿငိမ္႔ၿငိမ့္ေလးနဲ႔အနားယူဖို႔ Bar ေကာင္းေကာင္းေလးလိုအပ္ေနတာေတာ႔အမွန္ပဲ။ Bar ကေတာ့ မိုက္ပါရဲ႕ ေစ်းကအရမ္းႀကီးေနရင္လည္း အေျခအေနမဟန္ျပန္ဘူးေလ။ ဒါဆိုရင္ေတာ့ ရန္ကုန္ထဲမွာ အခရာက ေမႊေမႊေႏွာက္ေႏွာက္ရွာထားတဲ့ ဒီ Bar ေလးကို အလင္းျပရမွာပဲ။

ဒီ Bar ေလးကို ဥထားတာၾကာၿပီ။ ဒါေပမယ့္ ညေနေစာင္းေတြ၊ TGIF ေတြအတြက္ေတာ့ တကယ္ ေအးေဆးနဲ႔စိတ္ခ်မ္းသာရတဲ့ Bar ေလးဆိုေတာ့ အလင္းျပရေတာ့မေပါ့။

Trip Advisor မွာေရာ ဆုရထားတဲ့အျပင္ ဘာဂါေတြရွယ္ေကာင္းလို႔ နာမည္ႀကီးတာေလ။ AJ’s Bar and Grill တဲ့။

ဒီ Bar ေလးက ခုတေလာ Promotion ေတြတအားလုပ္ေနေတာ့ ဒီခ်ိန္သြားရင္တန္တယ္ဆိုၿပီး အခရာကလည္း 50% ေလွ်ာ့ခ်ေနတဲ့ ညေန ၄နာရီကေန ၇ နာရီထိ ၾကံဳတုန္းေလးသြားခဲ့တယ္။

ဆိုင္က ဗိုလ္ျမတ္ထြန္းလမ္းနဲ႔ အေနာ္ရထာလမ္းေထာင့္နားက Queen’s Park Hotel ဝင္းထဲမွာရွိတာပါ။ Hotel အေပၚထပ္ေလးတက္ရံုပဲ။ ဆိုင္က တကယ့္႐ိုး႐ိုးရွင္းရွင္းခံုေလးေတြနဲ႔ တိတ္တိတ္ဆိတ္ဆိတ္ပဲ။ Mexico သီခ်င္းေလးေတြဖြင့္တယ္။ ဒီေလာက္ပဲ။

ေရာက္ေတာ့ ဘာမွာရင္ေကာင္းမလဲစဥ္းစားတုန္း သူ႕ဆီမွာ Promotion ေတြမ်ားလြန္းေတာ့ Facebook ဖြင့္ Page ၾကည္႔ၿပီး အျမန္ရွာလိုက္ရေသးတယ္။

ေစ်းတစ္ဝက္ခ်တာက Cocktail၊ Mojito ၊ Wine နဲ႔ Beer ေတြပါ ပါတဲ့အျပင္ ခ်ိစ္အာလူးေခ်ာင္းေၾကာ္၊ ၾကက္သြန္ကြင္းေၾကာ္၊ Fish Taco ၊ Maxican Street Corn နဲ႔ ၾကက္ေတာင္ပံေၾကာ္ ဘာယူယူတစ္ပြဲမွ ၃၀၀၀ ပဲဆိုေတာ့ မတရားတန္လြန္းၿပီမထင္ဘူးလား။

အခရာကေတာ့ Burger စားခ်င္ေပမယ္႔ Burger Night မဟုတ္ေတာ႔ Promotion Item ထဲကပဲ မွာခဲ့တယ္။

Chilly Cheese Fried က အာလူးေခ်ာင္းေၾကာ္ခပ္မ်ားမ်ားကို အေပၚက ပဲအႏွစ္အစပ္နဲ႔ အဲ့အေပၚဆံုးကမွ Cheese အႏွစ္ေတြဆမ္းထားတာ။ ပဲရယ္၊ cheese ရယ္၊ အာလူးအရသာရယ္ အီဆိမ့္ေနေရာ။ ပံုကိုပဲၾကည္႕။

ၾကက္ေတာင္ပံအခ်ိဳေျကာ္ကေတာ့ မမွာလိုက္ရင္ ေနာင္တရမယ့္ကိန္း။ တစ္ပြဲ ၃၀၀၀ တည္းနဲ႔ ၾကက္သား အျပင္သားေလးႂကြပ္ေနေအာင္ေကာင္းတဲ့ ၾကက္ေတာင္ပံေၾကာ္ပဲ။ Sauce အခ်ိဳေလးဆမ္းထားေတာ့ ဘာေျပာေကာင္းမလဲ။ ရွလြတ္။

အဲ့ေန႔က ကိုယ္သြားတာ အဂၤါေန႔ဆိုေတာ့ Taco တစ္ခုမွ ၁၃၅၀ ပဲေပးရတယ္။ ဒါမို႕ ပံုမွန္ပြဲႀကီးတစ္ပြဲကို ၉၀၀၀ ေပးရတဲ့ Mix Taco တစ္ပြဲလံုး ၃ခုစာကို ၄၅၀၀ ေလာက္နဲ႔ရခဲ့တယ္။

အႀကိဳက္တကာ့အႀကိဳက္ဆံုးက Beef Taco ပဲ။ အမဲသားအိအိေလးကို အသားေတြအမ်ားႀကီးပဲ ဝါးလိုက္တာနဲ႔ အီဆိမ့္ၿပီး ဘယ္လိုစားေကာင္းမွန္းမသိတာ။ Pork နဲ႔ Prawn ကေတာ့ ပံုမွန္ပါပဲ။ Beef ေလာက္မမိုက္ဘူး။ Taco ဆိုတာကလည္း အသားကလြဲၿပီးက်န္တာက ပါတဲ့ အမယ္စံုတူတူပဲကိုး။ အဲ႔ တပြဲမွ ၄၅၀၀ ေလာက္ပဲ က်ေတာ့တယ္။ တန္တယ္။

ေျပာရရင္ ပံုမွန္ဆို ေစ်းက ဒီေလာက္မဟုတ္ေပမယ့္ Promotion ခ်တဲ့အခ်ိန္ေတာ့ မဟားတရားတန္တယ္ဆိုတာယံု။ အဲ့က Umami Burger ဆိုတာလည္း Cheese အႏွစ္ေတြအျပည့္ဆမ္းခ်ထားတဲ့ Burger ႀကီးတဲ့။ နာမည္ေတာ္ေတာ္ႀကီးတယ္။ ေနာက္တခါ လာမွ အဲ့ Burger မွာစားဦးမယ္။

ညႊန္ရရင္၂ေယာက္ထဲဒိတ္မလား အဖြဲ႕လိုက္ေအးေဆးစကားေျပာရင္းေသာက္မလား AJ’s Bar and Grill ကေတာ့ ဒီခ်ိန္ေလးသြားရင္ Promotion တသီတတန္းႀကီးနဲ႔ စြတ္တန္တာတကယ္ဗ်ိဳ႕။

တစ္ခုေတာ့ရွိတယ္။ ဆိုင္က ဆူဆူညံညံ Bar Culture မ်ိဳးထက္ေအးေဆး Dinner စားတဲ့သူေတြ၊ Chilling လုပ္ခ်င္တဲ့သူေတြနဲ႔ပိုအဆင္ေျပတယ္။ ဆူညံပူညံ Type ထဲမွာမပါဘူး။

မမိုက္တာကေတာ့ Bar ထက္ စားေသာက္ဆိုင္ မွိန္မွိန္ႀကီးနဲ႔တူေနတာပဲ။ ဘာ Decoration မွမရွိ၊ ဘာမွအလွမဆင္ထားတဲ့အျပင္ အိမ္သာကလည္း အျပင္မွာသက္သက္သြားရတယ္။ Bar ဆိုတဲ့ Taste သိပ္မရဘူး။

ကဲ…Promotion ေတြက ညေန ၄နာရီကေန၇ နာရီထိ ေန႔တိုင္းေပးေတာ့ အဲ့အခ်ိန္တြင္းေတာ့ သြားမွတန္မွာေနာ္။ တစ္ခုအၾကံေပးဦးမယ္။ Burger Crazy ေတြဆိုရင္ေတာ့ တနလၤာသြား တစ္ခုဝယ္ရင္ Signature Burger တစ္လံုးလက္ေဆာင္ရမွာ။

ေန႔ခင္း ၁၁ခြဲကေန ည ၁၁ နာရီထိဖြင့္တယ္။ေရာက္ခဲ့ရင္ AJ’s Bar ရဲ႕ နာမည္ႀကီး ဘာဂါေတြျမည္းဖို႔လည္း မေမ့နဲ႔ဦးေနာ္။

ခ်စ္လွစြာေသာ…
FoodieEi (အခရာ)
[Unicode]

Menu တွေဈေးတဝက်ချတုန်း သွားကိုသွားရမယ့် ဗိုလ်တထောင်က မိုက်လွန်းတဲ့ Bar

ညနေဘက်တွေဆို အေးအေးဆေးဆေး ငြိမ့်ငြိမ့်လေးနဲ့အနားယူဖို့ Bar ကောင်းကောင်းလေးလိုအပ်နေတာတော့အမှန်ပဲ။ Bar ကတော့ မိုက်ပါရဲ့ ဈေးကအရမ်းကြီးနေရင်လည်း အခြေအနေမဟန်ပြန်ဘူးလေ။ ဒါဆိုရင်တော့ ရန်ကုန်ထဲမှာ အခရာက မွှေမွှေနှောက်နှောက်ရှာထားတဲ့ ဒီ Bar လေးကို အလင်းပြရမှာပဲ။

ဒီ Bar လေးကို ဥထားတာကြာပြီ။ ဒါပေမယ့် ညနေစောင်းတွေ၊ TGIF တွေအတွက်တော့ တကယ် အေးဆေးနဲ့စိတ်ချမ်းသာရတဲ့ Bar လေးဆိုတော့ အလင်းပြရတော့မပေါ့။

Trip Advisor မှာရော ဆုရထားတဲ့အပြင် ဘာဂါတွေရှယ်ကောင်းလို့ နာမည်ကြီးတာလေ။ AJ’s Bar and Grill တဲ့။

ဒီ Bar လေးက ခုတလော Promotion တွေတအားလုပ်နေတော့ ဒီချိန်သွားရင်တန်တယ်ဆိုပြီး အခရာကလည်း 50% လျှော့ချနေတဲ့ ညနေ ၄နာရီကနေ ၇ နာရီထိ ကြုံတုန်းလေးသွားခဲ့တယ်။

ဆိုင်က ဗိုလ်မြတ်ထွန်းလမ်းနဲ့ အနော်ရထာလမ်းထောင့်နားက Queen’s Park Hotel ဝင်းထဲမှာရှိတာပါ။ Hotel အပေါ်ထပ်လေးတက်ရုံပဲ။ ဆိုင်က တကယ့်ရိုးရိုးရှင်းရှင်းခုံလေးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ Mexico သီချင်းလေးတွေဖွင့်တယ်။ ဒီလောက်ပဲ။

ရောက်တော့ ဘာမှာရင်ကောင်းမလဲစဉ်းစားတုန်း သူ့ဆီမှာ Promotion တွေများလွန်းတော့ Facebook ဖွင့် Page ကြည့်ပြီး အမြန်ရှာလိုက်ရသေးတယ်။

ဈေးတစ်ဝက်ချတာက Cocktail၊ Mojito ၊ Wine နဲ့ Beer တွေပါ ပါတဲ့အပြင် ချိစ်အာလူးချောင်းကြော်၊ ကြက်သွန်ကွင်းကြော်၊ Fish Taco ၊ Maxican Street Corn နဲ့ ကြက်တောင်ပံကြော် ဘာယူယူတစ်ပွဲမှ ၃၀၀၀ ပဲဆိုတော့ မတရားတန်လွန်းပြီမထင်ဘူးလား။

အခရာကတော့ Burger စားချင်ပေမယ့် Burger Night မဟုတ်တော့ Promotion Item ထဲကပဲ မှာခဲ့တယ်။

Chilly Cheese Fried က အာလူးချောင်းကြော်ခပ်များများကို အပေါ်က ပဲအနှစ်အစပ်နဲ့ အဲ့အပေါ်ဆုံးကမှ Cheese အနှစ်တွေဆမ်းထားတာ။ ပဲရယ်၊ cheese ရယ်၊ အာလူးအရသာရယ် အီဆိမ့်နေရော။ ပုံကိုပဲကြည့်။

ကြက်တောင်ပံအချိုကြော်ကတော့ မမှာလိုက်ရင် နောင်တရမယ့်ကိန်း။ တစ်ပွဲ ၃၀၀၀ တည်းနဲ့ ကြက်သား အပြင်သားလေးကြွပ်နေအောင်ကောင်းတဲ့ ကြက်တောင်ပံကြော်ပဲ။ Sauce အချိုလေးဆမ်းထားတော့ ဘာပြောကောင်းမလဲ။ ရှလွတ်။

အဲ့နေ့က ကိုယ်သွားတာ အင်္ဂါနေ့ဆိုတော့ Taco တစ်ခုမှ ၁၃၅၀ ပဲပေးရတယ်။ ဒါမို့ ပုံမှန်ပွဲကြီးတစ်ပွဲကို ၉၀၀၀ ပေးရတဲ့ Mix Taco တစ်ပွဲလုံး ၃ခုစာကို ၄၅၀၀ လောက်နဲ့ရခဲ့တယ်။

အကြိုက်တကာ့အကြိုက်ဆုံးက Beef Taco ပဲ။ အမဲသားအိအိလေးကို အသားတွေအများကြီးပဲ ဝါးလိုက်တာနဲ့ အီဆိမ့်ပြီး ဘယ်လိုစားကောင်းမှန်းမသိတာ။ Pork နဲ့ Prawn ကတော့ ပုံမှန်ပါပဲ။ Beef လောက်မမိုက်ဘူး။ Taco ဆိုတာကလည်း အသားကလွဲပြီးကျန်တာက ပါတဲ့ အမယ်စုံတူတူပဲကိုး။ အဲ့ တပွဲမှ ၄၅၀၀ လောက်ပဲ ကျတော့တယ်။ တန်တယ်။

ပြောရရင် ပုံမှန်ဆို ဈေးက ဒီလောက်မဟုတ်ပေမယ့် Promotion ချတဲ့အချိန်တော့ မဟားတရားတန်တယ်ဆိုတာယုံ။ အဲ့က Umami Burger ဆိုတာလည်း Cheese အနှစ်တွေအပြည့်ဆမ်းချထားတဲ့ Burger ကြီးတဲ့။ နာမည်တော်တော်ကြီးတယ်။ နောက်တခါ လာမှ အဲ့ Burger မှာစားဦးမယ်။

ညွှန်ရရင်၂ယောက်ထဲဒိတ်မလား အဖွဲ့လိုက်အေးဆေးစကားပြောရင်းသောက်မလား AJ’s Bar and Grill ကတော့ ဒီချိန်လေးသွားရင် Promotion တသီတတန်းကြီးနဲ့ စွတ်တန်တာတကယ်ဗျို့။

တစ်ခုတော့ရှိတယ်။ ဆိုင်က ဆူဆူညံညံ Bar Culture မျိုးထက်အေးဆေး Dinner စားတဲ့သူတွေ၊ Chilling လုပ်ချင်တဲ့သူတွေနဲ့ပိုအဆင်ပြေတယ်။ ဆူညံပူညံ Type ထဲမှာမပါဘူး။

မမိုက်တာကတော့ Bar ထက် စားသောက်ဆိုင် မှိန်မှိန်ကြီးနဲ့တူနေတာပဲ။ ဘာ Decoration မှမရှိ၊ ဘာမှအလှမဆင်ထားတဲ့အပြင် အိမ်သာကလည်း အပြင်မှာသက်သက်သွားရတယ်။ Bar ဆိုတဲ့ Taste သိပ်မရဘူး။

ကဲ…Promotion တွေက ညနေ ၄နာရီကနေ၇ နာရီထိ နေ့တိုင်းပေးတော့ အဲ့အချိန်တွင်းတော့ သွားမှတန်မှာနော်။ တစ်ခုအကြံပေးဦးမယ်။ Burger Crazy တွေဆိုရင်တော့ တနင်္လာသွား တစ်ခုဝယ်ရင် Signature Burger တစ်လုံးလက်ဆောင်ရမှာ။

နေ့ခင်း ၁၁ခွဲကနေ ည ၁၁ နာရီထိဖွင့်တယ်။ရောက်ခဲ့ရင် AJ’s Bar ရဲ့ နာမည်ကြီး ဘာဂါတွေမြည်းဖို့လည်း မမေ့နဲ့ဦးနော်။

ချစ်လှစွာသော…
FoodieEi (အခရာ)