သယ်ယူပို့ဆောင်ရေးစနစ်တွေကို ပြောင်းလဲပစ်မယ့် ကားပျံစီမံကိန်းကို Airbus တည်ဆောက်နေ

 

မြို့ကြီးပြကြီးတွေမှာ ကားနဲ့ ခရီးသွားရတယ်ဆိုတာ အတော်ကို အချိန်ကုန်ပြီး စိတ်ညစ်ညူးဖွယ်ရာပါ၊ ရွေးချယ်စရာ ရထား ရှိတယ်ဆိုပေမယ့်လည်း  အနာဂတ်အတွက် ပိုကောင်းတဲ့ အစီအစဉ်တွေ ရှိပါသေးတယ်။ ဥရောပလေယာဉ်ကုမ္ပဏီ Airbus ဟာ ယခုအခါမှာ မြို့တော်ကြီးတွေရဲ့ Public Transportation စနစ်ထိဝင်ရောက် ထိုးဖောက်မယ့် အနာဂါတ်သယ်ယူပို့ဆောင်ရေး စနစ်သစ်တစ်မျိုးကို ထုတ်ဖော်လိုက်ပြီ ဖြစ်ပါတယ်။

Airbus Group ရဲ့ CEO Tom Enders ဟာ ၂၀၁၇ ခုနှစ် အဆုံးပိုင်းမှာ ရှေ့ပြေး ပရောဂျက်တစ်ခုအနေနဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားပျံတွေကို စမ်းသပ်တော့မယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တနင်္လာနေ့က မြူးနစ်မြို့မှာ လုပ်ခဲ့တဲ့ DLD Digital Tech Conference မှာ Enders က Airbus ကနေ တစ်ယောက်စီး ကားပျံကို ၂၀၁၇ ခုနှစ် မှာ စမ်းသပ် ပြသသွားဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ Airbus ဟာ Uber က လုပ်နေသလိုမျိုး Mobile App ကနေ ပိုက်ဆံချေတာ၊ လမ်းကြောင်းရွေးတာ စတာမျိုးနဲ့ အလားတူ ပုံစံ သွားဖို့ များပါတယ်။။

ယူဆချက်တွေအရတော့ အနာဂတ်မှာ  ဒီ အလိုအလျောက်မောင်းနှင်တဲ့ ယာဉ်ပျံတွေဟာ Public Transportation ရဲ့ ပုံမှန် အစိတ်အပိုင်းတစ်ခု ဖြစ်လာပြီး နေရာရော အချိန်ရော အများကြီး သက်သာသွားစေနိုင်မှာပါ။

Enders ကတော့ “လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်က မြို့ပြဆက်သွယ်ရေးဟာ မြေအောက်လမ်းတွေကို အသုံးပြုပြီး သွားခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်တို့က လေပေါ်ကနေ သွားနိုင်တဲ့ နည်းပညာရှိနေပါပြီ။ စမ်းသပ်ဆဲကာလမှာပဲ ရှိသေးတယ် ဆိုပေမယ့် ဒီအပေါ်မှာ ကျွန်တော်တို့က လေးလေးနက်နက်ကို အာရုံစိုက်ထားပါတယ်။ လေပေါ်ကသာ တကယ် သွားနိုင်မယ်ဆိုရင်တော့ ငွေကြေးသန်းပေါင်းများစွာကို လမ်းတံတားတွေပေါ် ထပ်မံပြီး လောင်းချနေစရာ မလိုတော့ဘူးပေါ့” လို့ ဆိုထားပါတယ်။

You May Also Like : “iPhone ထုတ်လုပ်တဲ့ Foxconn စက်မှုလုပ်ငန်းက လူသားတွေကို စက်ရုပ်တွေနဲ့ အစားထိုးဖို့ စီစဉ်နေ

 

ဒီလို ယာဉ်ပျံတွေ ထုတ်နိုင်ဖို့အတွက်ဆိုရင် ဘက်ထရီ၊ မော်တာနဲ့ အီလက်ထရောနစ်စနစ်တွေကို ပိုတိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ Air Bus ရဲ့ ဒီ Vahana Projectအနေနဲ့ ယုံကြည်စိတ်ချရတဲ့ Sense-and-Avoid နည်းပညာလည်း လိုအပ်ပါသေးတယ်။ ဒီအတောအတွင်းမှာတော့ Airbus ရဲ့ Skyways Project ဟာ မြို့ပြဧရိယာမှာ ကုန်ပစ္စည်းပို့ဆောင်နိုင်တဲ့ Drones တွေ ပေါ်လာဖို့ ကြံဆောင်နေပါတယ်။

Ground Transportation အတွက် လမ်း၊တံတားတွေ၊ လှိုဏ်ခေါင်းတွေအတွက်  ထိန်းသိမ်းပြုပြင်စရိတ်တွေ ကုန်ကျနေချိန်မှာ ကားပျံတွေသာ ပေါ်လာမယ်ဆိုရင် ဒါတွေ ကုန်ကျမှာ မဟုတ်တော့ပါဘူး။ Ground Transportation ကို လျှော့ချခြင်းဟာ လမ်းတွေ ပိုလိုအပ်လာတာကို လျှော့ချနိုင်ခြင်း၊ အသံဆူညံမှု၊ ငွေကြေးနဲ့ ပတ်ဝန်းကျင်ဆူညံမှုတွေကိုပါ လျော့ကျသွားစေနိုင်ပါတယ်။
ရိုးလူ (အခရာ)
www.akhayar.com

Ref : www.nasdaq.com, www.slashgear.com

Photo Credit : www.dailydot.com