ျပည္ပေစ်းကြက္ကို ထိုးေဖာက္ဖို႔ ရည္မွန္းတဲ႔ဆိုတဲ႔ အမြန္း

Amhoon

[Zawgyi]

ျပည္ပေစ်းကြက္ကို ထိုးေဖာက္ဖို႔ ရည္မွန္းတဲ႔ဆိုတဲ႔ အမြန္း

အသံပါဝါေကာင္းေကာင္းနဲ႔ သီခ်င္းဆိုရင္းအကကိုပါတြဲဖက္ၿပီးေဖ်ာ္ေျဖေလ့ရွိတဲ့ အဆုိေတာ္အမြန္းက သူမရဲ႕ဂီတအႏုပညာျဖတ္သန္းမႈထဲမွာ သီခ်င္းဆိုတာနဲ႔ သီခ်င္းေရးတာက အဓိကဝါသနာအပါဆံုးျဖစ္တယ္လို႔ဆိုပါတယ္။ “လူတိုင္းမွာ မတူညီတဲ့လမ္းေၾကာင္းေတြရွိၾကပါတယ္၊ အမြန္းကေတာ့ ကိုယ္သြားေနတဲ့ လမ္းေၾကာင္းအတိုင္း သီခ်င္းဆိုလို႔ အကမေလ်ာ႔အာင္ကရင္းနဲ႔ ဆိုတာမပ်က္သြားေအာင္ ေသခ်ာထိန္းရပါတယ္။ ႏွစ္ခုစလံုးမွာျပည့္စံုဖို႔က မလြယ္ဘူး။ ႏိုင္ငံတကာက အဆိုေတာ္ေတြလည္း ဘယ္ေလာက္အသံ ေကာင္းတယ္ေျပာေျပာ တကယ္အကပါပါလာရင္ေတာ့ အသံေတြကို နည္းပညာပိုင္းက ျပန္ထိန္းထားေပးရပါတယ္။ အမြန္းသီခ်င္းဆိုတာနဲ႔ သီခ်င္းေရးတာကေတာ့ အဓိကဝါသနာအပါဆံုးပါ” လို႔ အမြန္းကေျပာပါတယ္။

အဆိုေတာ္အမြန္းအေနနဲ႔ ဂီတနဲ႔ပတ္သက္ၿပီး ျပည္ပကိုထိုးေဖာက္ခ်င္တဲ့ရည္မွန္းခ်က္တစ္ခုလည္းရွိေနေသးတဲ့ အေၾကာင္းကိုလည္း “ အမြန္းရဲ႕ ေနာက္ရည္မွန္းခ်က္တစ္ခုက ဂီတနဲ႔ပက္သက္ၿပီးေတာ့ ျပည္ပေစ်းကြက္ကို ထိုးေဖာက္ခ်င္တယ္။ အဲ့ဒါက အႀကီးမားဆံုးရည္မွန္းခ်က္တစ္ခုပါ။ ျပည္ပကိုထိုးေဖာက္ႏုိင္ဖို႔ကလည္း အႏုပညာရွင္တစ္ေယာက္အေနနဲ႔ ဝမ္းစာျပည့္ေနဖို႔ လိုအပ္တယ္လို႔ထင္တယ္။ အရမ္းကိုလြယ္ကူတဲ့ အလုပ္တစ္ခုေတာ့မဟုတ္ဘူးေပ့ါ။ ႏိုင္ငံတကာက လက္ရွိသူတို႔ေတြရဲ႕ နည္းပညာ၊ အရည္အခ်င္းေတြက ကိုယ့္ႏိုင္ငံထက္ ျမင့္မားေနတာျဖစ္တဲ့အတြက္ သူတို႔ေတြရဲ႕ေဈးကြက္ကို ထိုးေဖာက္ဖို႔ဆိုတာ ကိုယ့္ဘက္က အမ်ားႀကီးႀကိဳးစားရမွာျဖစ္တယ္။ ဘယ္လိုျဖစ္ျဖစ္ပါ အမြန္းကေတာ့ ေရာက္ေနတဲ့ေနရာမွာ အၿမဲတမ္းႀကိဳးစားႏိုင္ဖို႔၊ ရပ္မသြားဖို႔၊ စိတ္ဓာတ္အင္အား၊ လူအင္အားေတြ အရမ္းလိုအပ္တယ္” လို႔ ထပ္မံေျပာျပပါတယ္။

အဆိုေတာ္အမြန္းအေနနဲ႔ “Very Dangerous ( အခ်စ္ဗို႔၁၅၀၀ ) ” အမည္ရွိတဲ့ ေတးစီးရီးအယ္လ္ဘမ္ကို သူမပရိသတ္ေတြလက္ထဲကိုလည္း ေအာင္ျမင္စြာ ထည့္ေပးႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

www.akhayar.com

[Unicode]

ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့ ရည်မှန်းတဲ့ဆိုတဲ့ အမွန်း

အသံပါဝါကောင်းကောင်းနဲ့ သီချင်းဆိုရင်းအကကိုပါတွဲဖက်ပြီးဖျော်ဖြေလေ့ရှိတဲ့ အဆိုတော်အမွန်းက သူမရဲ့ဂီတအနုပညာဖြတ်သန်းမှုထဲမှာ သီချင်းဆိုတာနဲ့ သီချင်းရေးတာက အဓိကဝါသနာအပါဆုံးဖြစ်တယ်လို့ဆိုပါတယ်။ “လူတိုင်းမှာ မတူညီတဲ့လမ်းကြောင်းတွေရှိကြပါတယ်၊ အမွန်းကတော့ ကိုယ်သွားနေတဲ့ လမ်းကြောင်းအတိုင်း သီချင်းဆိုလို့ အကမလျော့အာင်ကရင်းနဲ့ ဆိုတာမပျက်သွားအောင် သေချာထိန်းရပါတယ်။ နှစ်ခုစလုံးမှာပြည့်စုံဖို့က မလွယ်ဘူး။ နိုင်ငံတကာက အဆိုတော်တွေလည်း ဘယ်လောက်အသံ ကောင်းတယ်ပြောပြော တကယ်အကပါပါလာရင်တော့ အသံတွေကို နည်းပညာပိုင်းက ပြန်ထိန်းထားပေးရပါတယ်။ အမွန်းသီချင်းဆိုတာနဲ့ သီချင်းရေးတာကတော့ အဓိကဝါသနာအပါဆုံးပါ” လို့ အမွန်းကပြောပါတယ်။

အဆိုတော်အမွန်းအနေနဲ့ ဂီတနဲ့ပတ်သက်ပြီး ပြည်ပကိုထိုးဖောက်ချင်တဲ့ရည်မှန်းချက်တစ်ခုလည်းရှိနေသေးတဲ့ အကြောင်းကိုလည်း “ အမွန်းရဲ့ နောက်ရည်မှန်းချက်တစ်ခုက ဂီတနဲ့ပက်သက်ပြီးတော့ ပြည်ပဈေးကွက်ကို ထိုးဖောက်ချင်တယ်။ အဲ့ဒါက အကြီးမားဆုံးရည်မှန်းချက်တစ်ခုပါ။ ပြည်ပကိုထိုးဖောက်နိုင်ဖို့ကလည်း အနုပညာရှင်တစ်ယောက်အနေနဲ့ ဝမ်းစာပြည့်နေဖို့ လိုအပ်တယ်လို့ထင်တယ်။ အရမ်းကိုလွယ်ကူတဲ့ အလုပ်တစ်ခုတော့မဟုတ်ဘူးပေ့ါ။ နိုင်ငံတကာက လက်ရှိသူတို့တွေရဲ့ နည်းပညာ၊ အရည်အချင်းတွေက ကိုယ့်နိုင်ငံထက် မြင့်မားနေတာဖြစ်တဲ့အတွက် သူတို့တွေရဲ့ဈေးကွက်ကို ထိုးဖောက်ဖို့ဆိုတာ ကိုယ့်ဘက်က အများကြီးကြိုးစားရမှာဖြစ်တယ်။ ဘယ်လိုဖြစ်ဖြစ်ပါ အမွန်းကတော့ ရောက်နေတဲ့နေရာမှာ အမြဲတမ်းကြိုးစားနိုင်ဖို့၊ ရပ်မသွားဖို့၊ စိတ်ဓာတ်အင်အား၊ လူအင်အားတွေ အရမ်းလိုအပ်တယ်” လို့ ထပ်မံပြောပြပါတယ်။

အဆိုတော်အမွန်းအနေနဲ့ “Very Dangerous ( အချစ်ဗို့၁၅၀၀ ) ” အမည်ရှိတဲ့ တေးစီးရီးအယ်လ်ဘမ်ကို သူမပရိသတ်တွေလက်ထဲကိုလည်း အောင်မြင်စွာ ထည့်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

www.akhayar.com